မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 25 February 2012

ကဝေပျိုည.....


 ကိုယ်တိုင်ဆွဲတဲ့ပုံလေးပါ


သူမ မျက်ဝန်းတို့ သည်
စိမ်း လဲ့  ညို လို့ 
ကိုယ့် ရင်တွေ ဖိုစေသည်။

သူမ အပြုံးတို့ သည်
လင်း လက် တောက်ပ
ခပ်လှလှလေးမို့ 
ကိုယ့်ရင်တွေ ဖိုစေသည်။

သူမ လက်ကလေးတို့ သည်
ဖော့ဖရောင်းလို
သွယ်ကာပြောင်းလို့ 
ကိုယ့် ရင်တွေဖိုစေသည်။

သူမ လှမ်းတဲ့ 
ခြေလှမ်းတိုင်းတို့ သည်
ညင်သာ ညက်ညော
ခပ်သော့သော့လေးမို့ 
ကိုယ့်ရင်တွေ ဖိုစေသည်။

သူမ ဆံကေသာတို့ သည်
လေတွင် လွင့် ဝဲ့
မျက်ဝန်းအိမ်တွင်စွဲရသည်မို့ 
ကိုယ့် ရင်တွေ ဖိုစေသည်။

သူမ အသံတို့ သည်
ဆည်းလည်းသံလို
နားတွင်စွဲ ချို
ကြားယောင်သည်မို့ 
ကိုယ့်ရင်တွေ ဖိုစေသည်။

ရင်ဖိုအောင် ပြုစား
ကိုယ့် နှလုံးသားကို
အဲဒီညက သူမ ယူသွားခဲ့ သည်။
(ကျွန်မ၏ကဗျာဆရာ)


9 comments:

jasmine(တောင်ကြီး) said...

ကဗျာလေးကို စ လယ် ဆုံး
သုံးပါးလုံး ဖတ်ပြီး
ရင်ဖိုစေခဲ့တယ်
ချစ်တဲ့ jasmine

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဟိုက်ရှာာာားးးး
ကဗျာလေးကောင်းတယ်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဟိုက်ရှာာာားးးး
ကဗျာလေးကောင်းတယ်

လွင်ပြင်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ ကဗျာ

လွင်ပြင်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ ကဗျာ

ပျိုးယုဝသုန် said...

ရင်ဖိုရတဲ့ကဗျာလေ... ပန်းချီမိုးငွေ့ ဖြစ်သွားပြီလားဟေ ..

ချစ်တဲ့
ဝသုန်

san htun said...

ကဗျာလေးသည် ကိုယ့်ရင်တွေ ဖိုစေသည်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဝေပျိုနဲ့ ကဗျာဆရာတို့ တွေ့ဆုံတဲ့ပွဲကစိတ်ဝင်စားစရာ။
အတိုင်အဖောက်ကိုညီနေတာပါလား
တစ်ယောက်က ကဗျာရေး၊ တစ်ယောက်က ပန်းချီဆွဲ.
အားတောင်ကျသွားတယ်း)

ပန်းချီ said...

ကဝေပျို နှင့် ကဗျာဆရာသည် ကိုယ့်ရင်ကိုဖိုစေသည်း))) ကဗျာရော ပန်းချီရော လှချက် အစ်မရာ