မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 15 February 2012

ပန်းနုရောင်(နှင်းဆီနှင့်နှလုံးသား)



ပန်းနုရောင် နှင်းဆီလေးက ရှက်သွေးဖြာလို့ 
စကား တစ်ခွန်း...ကိုယ်စား ခစားခဲ့ တယ်....။
အဲဒီပန်းနုရောင် နှင်းဆီလေးထဲမှာ သူ့ အပေါ်ချစ်တဲ့  ချစ်ခြင်းတွေပျော်ဝင်စီး မျောနေခဲ့ တယ်.....။
နူးညံ့တဲ့  အကြင်နာတွေလဲ အပြည့်စွန်းထင်းနေကြတယ်......။
မွှေးပျံ့ တဲ့ ချစ်ခြင်းရနံ့ တွေနဲ့ လဲ ထုံအီနေစေခဲ့ တယ်......။

ကိုယ့် ကို နူးညံ့လှပတဲ့ ချစ်ခြင်းတွေနဲ့  ချစ်တတ်လာအောင်ချစ်သူက သင်ပေးခဲ့ တာလေ....။
တကယ်ဆို ...........
ကိုယ်တိုင်က စိတ်ကူးယဉ်တွေနဲ့ သာယဉ်ပါးခဲ့ သူမို့  ကိုယ့်ပြုမူသမျှတွေဟာစိတ်ကူးယဉ်ဆန်နေလိမ့်မယ်။ လက်တွေ့ ဘဝနဲ့ ဆန့် ကျင်သလိုလဲဖြစ်နေလိမ့်မယ်။ စိတ်ကူးတွေနဲ့ သာ ချစ်ခဲ့ ရသူမို့  စိတ်ကူးယဉ်ဘဝမှာပဲအချစ်တွေက ပိုမိုလှပနေမလားပေါ့ ....။

သူပေးခဲ့ တဲ့ နှလုံးသားနုနုကလဲ ပန်းနုရောင်လေးလေ.....။ စွန်းထင်းသွားမှာလဲ ကြောက်မိတယ်။ ချစ်တတ်ကြသူအချင်းချင်းမို့  ရင်ခုန်သံတွေနီးခဲ့ တာလဲအဆန်းမှ မဟုတ်တာပဲလေ.....။

ကံကြမ္မာတစ်ဆစ်ချိုး.......ဝေးဖို့  သူကအစပျိုးခဲ့ ရင်တောင် သူပေးခဲ့ တဲ့ ပန်းနုရောင်နှလုံးသား ရင်ခွင်အခန်းထဲ ခပ်ဖွဖွလေး သိမ်းဆည်းထားလိုက်ပါ့မယ်။(ကျွန်မ၏ကဗျာဆရာ)


မှတ်ချက်။ ။ ကိုယ့်ရဲ့ ကဗျာဆရာဆီက ကဗျာတစ်ပုဒ်ကိုမျှော်လင့်ခဲ့မိပေမယ့် တကယ်တမ်းသူက မရေးစဖူး အက်ဆေးအတိုလေးတစ်ပုဒ်ရေးပေးခဲ့တယ်...ဘာပဲဖြစ်ဖြစ် သိပ်လှတဲ့စာကိုဖန်းဆင်းပေးလို့ ကျေးဇူးပါ....။



11 comments:

လွင်ပြင်လှိုင်းငယ် said...

စာသားတွေက လှလိုက်တာ

Angelhlaing(May everybody be happy and healthy! said...

ခံစားအားပေးသွားတယ်မမရေ..

ညီရဲသစ် said...

နူးညံလှပတဲ့ အက်ဆေးလေး တစ်ပုဒ်ပါ အစ်မ...

ပျိုးယုဝသုန် said...

မိုးငွေ့ရဲ့ကဗျာဆရာက အက်ဆေးလေးလည်းရေးတယ်ပေါ့လေ..

ချစ်တဲ့
မမဝသုန်

san htun said...

အက်ဆေးလေးက တန်ဖိုးရှိတဲ့ လက်ဆောင်လေးပဲ မမမိုးငွေ့ ရေ..အားကျတယ်နော့..

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကဗျာဆရာတစ်ယောက်ပိုင်ထားတဲ့ မမိုးငွေ့ကိုအားကျထှာာာ

း)

Iora said...

ခံစားဖတ်ရှုသွားပါတယ်။
အိုင်အိရာ

နေ၀သန် said...

နူးညံ့လိုက်တာဂျာ.. အားကျတယ်.. :D..

ခင်မင်လျက်
နေ၀သန်

jasmine(တောင်ကြီး) said...

မိုးငွေ့ရဲ့ကဗျာဆရာက တော်လိုက်တာနော် စာသား
လေးတွေအရမ်းလှတယ်
ချစ်တဲ့ jasmine

သိင်္ဂါကျော် said...

အပေါ်က ပန်းနုရောင် နှင်းဆီလေး ကြိုက်လိုက်တာ..

မိုးငွေ့...... said...

မ ရဲ့ဘလော့က ပန်းနုရောင်နှင်းဆီတွေကိုပိုကြိုက်တယ်...း)