မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 5 January 2012

ခပ်နွေးနွေးလေးလွမ်းကြမယ်



တစ်ခါတစ်ခါ ဖြေးဖြေးညိမ့်ညိမ့်လေး
တစ်ခါတစ်လေလည်း ပျင်းပြရှတ
အဲဒီအလွမ်းတွေအောက်မှာ
ကိုယ်တို့. ယစ်မူးခဲ့ကြတယ်
တစ်နေ့တာလွမ်း တစ်ညတာလွမ်း
ခနတာလည်းလွမ်းတာပါပဲ

အလွမ်းတွေကို ပန်းတွေလိုသီလို့
စိတ်ကူးတွေနဲ့ ဆံနွယ်ထက်မှာ
ပန်ဆင်ပေးမိတယ်
အလွမ်းတွေကို ဝေလို့
လွမ်းလွန်းလို့တော့
မျက်ရည်တွေမကျလိုက်နဲ့
အလွမ်းတွေ ကျဲကုန်လိမ့်မယ်
နုတ်းခမ်းနှစ်လွှာဖွင့်ဟ
အပြုံးစစနဲ့လွမ်းလိုက်ပါ
လွမ်းတတ်သူအဖို့
ဟောဒီတစ်ညကိုဖြတ်ကျော်ဖို့
လက်ဆောင်ပေးလိုက်မယ်
မျက်လုံးမှိတ်ပြီး
လက်ဖဝါးလေးဖြန့်လိုက်ပါ
လျှံမကျစေနဲ့
ရော့
*** အလွမ်း***
ဘယ်ဘက်အိပ်ကပ်ထဲ
ထည့်သိမ်းခဲ့ရင်တော့
သွေးခုန်လိုက်တိုင်း
ခပ်နွေးနွေးလေး လွမ်းရတာပေါ့
ကိုယ်တို့ ခပ်နွေးနွေးလေး
လွမ်းကြမယ်လေ
** ခ ပ်ေ နွးေ နွးေ လး**(ကျွန်မ၏ကဗျာဆရာ)

16 comments:

မဒမ်ကိုး said...

ဟား အလွမ်းကတောင်ခပ်နွေးနွေးလေးတဲ့
မမိုးတို့ကဗျာဆန်ချက်ကတော့ကွာ ..

အချစ်ကဗျာလေးကိုလာရောက်အားပေးသွားတယ်မမိုးရေ

ချစ်တဲ့

မဒိုးကန်

jasmine(တောင်ကြီး) said...

ကိုယ်ကဗျာဆန်ပါပြီထင်နေတာ အို----
မိုးငွေ့က အလွမ်းကိုခပ်နွေးနွေးလေးဆိုပဲ
ဂျက်လဲ နွေးနွေးထွေးထွေးဖတ်ခဲ့တယ်နော်

ညိမ်းနိုင် said...

ဟင်......ခပ်နွေးနွေးလေးဖြစ်နေအောင် မီးဖိုပေါ်တင်နွှေး
လိုက်တာ အလွမ်းတွေ တူးသွားပါရောလား....:D
စတာ.....:))) ကဗျာလေးကအလွမ်းတွေနဲ့ နွေးထွေးနေ
လိုက်တာဗျာ....၊လွမ်းစရာသိပ်မရှိတော့တဲ့ကျွန်တော်
တောင် လွမ်းသွားတယ်ဗျိုးးးးးးးးးးးးးး

ညီရဲသစ် said...

ခပ်နွေးနွေးလေး ဆိုတော့လဲ ခပ်နွေးနွေးလေးဘဲ လွမ်းကြတာပေါ့ အစ်မရယ်...

အမှတ်တရ နေ့စွဲများ.... said...

ဟွန်း
မမနော်
အသည်းယားအောင်အမြဲလုပ်တယ်

Candy said...

အရမ်းကောင်းတဲ့ ကဗျာလေး မမရယ်..
အရမ်း အရမ်း အရမ်း ကြိုက်တယ်
ကျွန်မ၏ကဗျာဆရာဆိုတဲ့ သဘောက မမချစ်သူစပ်တာလား.. မမစပ်တာလား.. သိချင်မိလို့ပါ.. ကဗျာလေး အရမ်းကောင်းလို့လေ :D

မိုးငွေ့...... said...

ဟုတ်ဘူးလေး ကန်ဒီလေးရဲ့ မမရဲ့ ကိုယ်ပိုင်ကဗျာဆရာကရေးပေးတာပါ....။
ီၤ

blackroze said...

မကြီး အိန်ဂျယ်နဲ့ ကဗျာဆရာနဲ့ က
တူတူဘဲလားဟင်..

san htun said...

ခပ်နွေးနွေးလေး၊ ခပ်ပါးပါးလေး လွမ်းသွားပါတယ် မိုးငွေ့ ရေ

သဒ္ဓါလှိုင်း said...

လွမ်းပြီးရင်း လွမ်းသွားရပါပြီမမိုးရေ။ ကဗျာလေးဖတ်ရင်းလွမ်းရပြန်ပြီ။
ချစ်တဲ့
သဒ္ဓါ

ဆောင်းနှင်းပန်း said...

ရော့
*** အလွမ်း***
ဘယ်ဘက်အိပ်ကပ်ထဲ
ထည့်သိမ်းခဲ့ရင်တော့
သွေးခုန်လိုက်တိုင်း
ခပ်နွေးနွေးလေး လွမ်းရတာပေါ့........

မြသွေးနီ said...

အလွမ်းများနဲ့လူ..လို့ ကင်ပွန်းတပ်လို့ရပြီ...:)

ပန်းချီ said...

မမိုးကဗျာလေးဖတ်ပြီး လွမ်းရင်းနဲ့တောင် နွေးထွေးသွားပေါ့း) အသစ်တွေချည်းပဲ အစ်မရာ။

ဆူးသစ် said...

လွမ်းတတ်တဲ့လူနဲ့ လွမ်းတာကိုစာဖွဲ့ပေးမယ့်လူတွေ့တော့ ကဗျာတွေဖြစ်လာတာပေါ့။ ကောင်းပါတယ်။ အလွမ်းကို ရော့လို့ပေးလိုက်တာလား။ ထိတယ်ဗျာ။

Thain Garra said...

ရှေ့လျှောက် ဆောင်းဝင်တော့မှာ နဲ့ အတော်ပေါ့ .... ။

ခပ်နွေးနွေးလေး လွမ်းလိုက်ကြရုံပါပဲဗျာ ... :)

babe lone said...

လွမ်းသစ်ခန်း ဆက်ဖွဲ့စို့
ထိုကဗျာညွန်ပြနိုင်ခဲ့
တကယ် ကောင်းပါတယ်
ပြုံးစစနဲ့ ကဗျာကိုအတွေးရောက်မိရင်
ပြုံးစစနဲ့ ကျေးဇူးcomment ရေးမိပါသည်