မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Sunday, 30 January 2011

ဝက်သားချဉ်သုပ်



ဝက်သားချဉ်သုပ်ပုံလေးက ဖုန်းနဲ့ရိုက်ထားလို့ နည်းနည်းဝါးးး သွားတယ်....။ ၀က်သားချဉ်ကိုပါးပါးလှီး ကြက်သွန်ဖြူ နဲ့ နနွင်း ဆီသတ်တဲ့ထဲ ခဏထည့်လှိမ့်.ပြီး ...ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ခရမ်းချဉ်သီး အချိုမှုန့်နဲ့ ငံပြာရည်နဲနဲရောနယ်လိုက်..... ရပြီ...။ အရွက်ကြိုက်ရင် ဆလတ်ရွက်နဲ့ ပူစီနံလေးနဲ့ တွဲစားပါ...။ ပင်စိမ်းထည့်သုပ်ချင်လည်းရပါတယ်...။


မိုးငွေ့

Tuesday, 25 January 2011

ခရမ်းသီးကြက်ဥကြော်


ခရမ်းသီးသုံးလုံးကို မီးသွေးမီးဖိုရှိရင် မီးဖုတ်ရပါမယ်... မရှိရင်တော့ Microwave ထဲကို လေးမိနစ်ထည့်လှည့် တစ်ဘက်ပြန်ပြောင်းပြီး နောက်လေးမိနစ်ထပ်လှည့်ပါ..။ နူးအိနေတဲ့ခရမ်းသီးတွေကိုအခွံခွာ တောက်တောက် စင်းပါ....။ ကြက်ဥနှစ်လုံး ပိုထည့်ချင်ရင်သုံးလုံးထည့်လို့ရပါတယ်...။ ကြက်ဥတွေကို ဆားထည့် နာနာခေါက်ထား ပြီးရင် ခရမ်းသီးထည့်မွှေ ဆီပူုပူဒယ်မှာ ကြက်ဥ Omelette ကြော်သလိုပါပဲ....။ နူးနူးအိအိလေး ကြက်ဥနံ့မွှေးမွှေးလေးနဲ့ စားလို့သိပ်ကောင်းတယ်...။

မိုးငွေ့

ပြည်ကြီးငါးခြောက်Soup




ဗီယက်နမ်က လက်ဆောင်ရထားတဲ့ ပြည်ကြီငါးခြောက်ကိုရေဆေးပြီး ဓါးနဲ့ အချောင်းလိုက်လေးလှီးပါ...။ ကြက်ပြုတ်ရေဆူဆူအိုးမှာ ပြည်ကြီးငါးထည့်ပြုတ် မုန်လာဥနီအတုံးလေးတွေကိုပါ ထည့်ပြုတ်... ငါးမိနစ်လောက်နေရင် ပြောင်းမှုန်နဲ့ငရုတ်ကောင်းကို ရေဖျော်ထားတာထည့် ကြက်ဥခေါက်ပြီး ဖြေးဖြေးလောင်းထည့် နောက်ဆုံးအိုးချခါနီးမှာ ပဲပင်ပေါက်နဲ့ ပန်းစိမ်းကိုထည့်ပါ...။ သောက်ခါနီး နံနံပင်လေးခတ် ပူပူလေးသောက်ရင်ပိုကောင်းပါတယ်...။


မိုးငွေ့


Sunday, 23 January 2011

အချိုပွဲများ...

ရွှေဖရုံသီး အချိုနှပ်


ရှမ်းပြည်ကလာတဲ့ ရွှေဖရုံသီးခပ်စေးစေးတစ်လုံးကိုရွေးဝယ်ပါ...။ ရွှေဖရုံသီးကို အခွံခွာ ရေစင်အောင်ဆေးပြီး အတုံးခပ်ကြီးကြီးတုံးထား..။ ထန်းလျက်ကို အိုးလေးနဲ့ ကျိုပြီးပြန်စစ်ရင်ပိုကောင်းပါမယ် မဟုတ်ရင် အမှိုက်တွေ သလဲတွေ ပါတတ်လို့...။ ခြောက်သွေ့သန့်ရှင်းတဲ့ အိုးတစ်လုံးထဲကို ရွှေဖရုံသီးအတုံးတွေစီထည့် ခပ်ပျစ်ပျစ်ကျိုထားတဲ့ ထန်းလျက်လောင်းထည့်ပြီး မီးနည်းနည်းနဲ့ နှပ်ထားပါ...။ ရွှေဖရုံသီးနူးရင် အိုးချလို့ရပါပြီ...။ ရှမ်းပြည်မှာတော့ ထမင်းစားပြီးရင် အချိုပွဲအဖြစ်စားသုံးလေ့ရှိပါတယ်...။ ဟိုမှာတော့ ထန်းလျက်အစား ကြံသကာကိုသုံးပါတယ်...။ ရွှေဖရုံသီးကလဲ သန့်တော့ အခွံသင်စရာမလိုပါဘူး အခွံနဲ့ပဲချက်ပါတယ်...။ အရသာလေးက ချိုပြီးဆိမ့်တယ် စေးလဲစေးတော့ သိပ်စားကောင်းပါတယ်...။



ထပ်တစ်ရာပွင့်အချိုပြုတ်


မိုးကုတ်က လက်ဆောင်ရထားတာ ....။ မပြုတ်ခင်က ပုံကိုမရိုက်ထားလိုက်မိဘူး...။ ကြက်သွန်ဖြူမွှာလေးတွေ လိုပဲ....။ မြေကြီးထဲက တူးယူရတဲ့ ဥတစ်မျိုးပဲ...။ အရသာကဆိမ့်တယ်...။ ပိန္နဲသီးစေ့ပြုတ် အရသာမျိုးနဲ့ ခပ်ဆင်ဆင်ပဲ...။ ရေဆူဆူမှာ သကြားခဲ(ဒိုဘာလာသကြား) ထည့်ပြုတ်တယ်... သကြားပျော်သွားရင် ရေစင်စင်ဆေးထားတဲ့ ထပ်တစ်ရာပွင့်ကိုထည့်ပြုတ်...။ ဆယ်မိနစ်ပဲပြုတ်ရင် နူးပြီ....။ အဖတ်လေးဆယ်စားလိုက် အရေလေးသောက်လိုက်နဲ့ ချိုဆိမ့်အရသာလေး...။ သကြားခဲက ရိုးရိုးသကြားလိုအချိုမကဲဘူး ...အချိုရှောင်တဲ့ သူတွေအတွက်ကောင်းတယ်..။ အပူလဲကျစေပါတယ်...။


မိုးငွေ့

Friday, 21 January 2011

ဆတ်သားခြောက်ကြော်..


ကျိုက်ထီးရိုးဘုရားသွားဖူးတုန်းက ၀ယ်ခဲ့တဲ့ ဆတ်သားခြောက်...။ တစ်ဆယ်သားကို သုံးထောင်တဲ့...။ အဲဒါရေဆေး ခုတ်ထစ်ပြီး ကြော်လိုက်တာ တစ်ပွဲစာရတယ်....။ ဆီဆူဆူမှာ ငရုတ်သီးစိမ်းပွရှည် အစောင်းလိုက်လှီးထားတာကို အကြွပ်ကြော်ပန်းကန်ထဲဆယ်ထား...။ အခွံပါဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကို ဆက်ပြီးထည့်ကြော် ကြက်သွန်မွှေးလာရင် အသားတုံးလေးတွေထည့် ဆီနဲ့ခပ်ကြာကြာလေးလှိမ့်ပြီး အိုးချခါနီးမှ ငရုတ်သီးကြော်ကိုထည့်ရောမွှေလိုက် ဒါဆိုရပြီ....။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးနံ့မွှေးနေတဲ့ ဆတ်သားခြောက်ကြော် ကြွပ်ကြွပ်လေး.... ဘီယာနဲ့မြည်းဦးမလား...ကောင်းမှကောင်းပဲ...။ ကောက်ညှင်းပေါင်းပူပူလေးနဲ့းစားလဲ သိပ်ကောင်းပါတယ်...။

မိုးငွေ့

Thursday, 20 January 2011

ခရမ်းချဉ်သီးငါးပိချက်နဲ့ ပဲပြားတန်ပူရာကြော်...



မနက်စောစောစီးစီး ညှော်မှာစိုးလို့ ငါးပိချက်ကိုလုံးချက်လိုက်တယ်... ။ ခရမ်းချဉ်သီး ကြက်သွန်နီတွေကို ပါးပါးလှီး ကြက်သွန်ဖြူကိုအပြားရိုက်နုတ်နုတ်စင်းထားတာကို ဒယ်ထဲထည့် ပဲဆီထည့် ငါးပိဖျော်ထားတာထည့်ပြီး မီးပေါ်ဒီတိုင်းတင်ထားလိုက်တယ်...။ ခရမ်းချဉ်သီးရေခြောက်ခါနီးကျ အပေါ့အငံမြည်း ငရုတ်သီးကုလားအော်နဲ့ နံနံပင်ပါးပါးလှီးထည့်ပြီ ခဏကြာရင် ပန်းကန်ထဲခူးထည့်လို့ရပြီ...။ တို့စရာတွေကတော့ အခါတိုင်းသခွားသီးနဲ့ပဲ စားနေကျမို့ တစ်မျိုးဆန်းအောင် ဂေါ်ဖီနဲ့ ပန်းပွင့်ရေနွေးဖျောတို့တယ်...။

ပဲပြားတုံးကို ပုံထဲကအတိုင်း မထူမပါးအရှည်လိုက်လှီးပြီး တန်ပူရာမှုန့် ဆားနဲ့ ငရုတ်ကောင်းဖြူးပြီး ပဲပြားမကြေအောင် အသာလေးနယ်ပေးပါ ...။ အလယ်အလတ်မီးနဲ့ ဆူပူပူမှာ ပဲပြားလေးတွေကို ထည့်ကြော်ပါ...။ ပဲပြားလေးတွေကြွပ်ရွလာရင် ဆယ်ထုတ်ပြီး ဆီစစ်စက္ကူခံထားတဲ့ ပန်းကန်ပြားမှာ စစ်ပြီးရင် ပဲငံပြာရည်အကြည် ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ဆော့နဲ့အဆင်သင့်တို့စားလို့ရပြီဗျ...။

ဒီပို့စ်ကို အဝေးကပြန်ရောက်လာတဲ့ မြန်မာ့အစားအစာနဲ့ဝေးနေတာကြာပြီဖြစ်တဲ့ “မိုးငွေ့နှင့်အတူ” ဖန်ဆင်းရှင်လေး အတွက် တင်ပေးလိုက်ပါတယ်...။

မိုးငွေ့


Wednesday, 19 January 2011

ပုဇွန်ဆီပြန်ဟင်းနဲ့ မရမ်းသီးသုပ်


ပုဇွန်ကို အမြီးဆိတ်ခေါင်းဆိတ် ရေစင်စင်ဆေးပြီး ဆား နနွင်းနဲ့ နယ်ထားမယ်...။ ကြက်သွန်ဖြူနီအနှစ်ထောင်းပြီး ဆီသတ်...၀ါညိုရောင်သန်းလာရင် ခရမ်းချဉ်သီး ကြိတ်ထားတာထည့် ခရမ်းချဉ်သီးအရည်ခြောက်ရင် ပုဇွန်ထည့် ငံပြာရည်လေးနည်းနည်းထည့် အပေါ့အငံမြည်းပြီး ပုဇွန်ကွေးရင် ရပြီ...။



မရမ်းသီး ကြက်သွန်နီနဲ့ ဂေါ်ဖီတွေကို ပါးပါးလှီးပြီး ထည့်ထားတဲ့ ဇလုံထဲကို မြေဆံလှော်ထောင်း ပုဇွန်ခြောက်ထောင်းနဲ့ ငရုတ်သီးအကျက်မှုန့် ငံပြာရည်ထည့်ပြီး သမအောင်နယ်ပေးလိုက်...အိုကေသွားပြီ ငါးပိနဲ့ ဆီချက်လုံးဝမသုံးထားပါဘူး... ဒါပေမယ့် သိပ်စားကောင်းပါတယ်...။

ဒီဟင်းနှစ်မျိုးစလုံး မိုးငွေ့လက်ရာမဟုတ်ပါဘူး...။ သူငယ်ချင်းရဲ့ တူလေးမိန်းမ ဟင်းချက်သင်နေတုန်း ၀င်ရိုက်ထားတာ...။ အရသာလေးမြည်းကြည့်တော့ မဆိုးဘူး ဒီကလေးမလေး အစပ်အဟတ်တော်တယ်...။ မရမ်းသီးသုပ်ကတော့ သဌေးသုပ် ပုဇွန်ခြောက်သုပ်နဲ့ နင်လား ငါလားပဲ...။


မိုးငွေ့

Monday, 17 January 2011

ကျိုက်ထီရိုးဘုရားအမှတ်တရ



စတက်တက်ခြင်း ဒီလိုတက်တက်ကြွကြွပေါ့



ပလောင်တွေ တောင်ပေါ်ကအဆင်း

နဂါးပတ်တောင်ကနေလှမ်းရိုက်ထားတဲ့ တောင်တန်း

ချောက်ကမ်းနဖူးပေါ်က တာလပတ်တွေနဲ့ဆောက်ထားတဲ့ တဲအိမ်လေး

ရသေ့တောင်ကနေ တောင်ပေါ်ကိုတက်တဲ့ကားလမ်း

ကျိုက်ထိုဟိုတယ်နားက ထမင်းဆိုင်တန်းကနေ ဟိုဘက် တောင်ကိုလှမ်းရိုက်ထားတာ

တောင်ပေါ်ရောက်ပြီး ဗိုက်ဆာဆာနဲ့တွယ်လိုက်ကြတာ
မကောင်းတဲ့ဟင်းလဲ ပြောင်းသလင်းခါသွားတယ်


နေလည်ခင်းဆိုဒီလိုနေပူကျဲတောက်ပဲ မအေးပါဘူး

မုန့်လက်ဆောင်းကို အုန်းနို့နဲ့လည်းရတယ် ထန်းလျက်နဲ့လည်းရတယ်

ဒါမျိုးမုန့်လက်ဆောင်းတွေ လမ်းတစ်လျှောက်
အမောပြေ သောက်လို့ရတယ် တစ်ခွက်မှတစ်ရာထဲ



ကျီးပါးစပ်ဘက်က ဆေးမြစ်ဆိုင်

ကျီးပါးစပ်လမ်းက ခုအဲလို လှေကားထစ်နဲ့ဖြစ်သွားပြီ


အကောင်ပလောင်မျိုးစုံရဲ့အဆီ အကိုက်အခဲ လိမ်းလို့ရတယ် နည်းနည်းနံမယ်

အမေမှာလိုက်တဲ့ နံ့သာဖြူဝယ်တယ် တစ်ကျပ်သားကိုတစ်ထောင်တဲ့ဗျား

ကျောက်ထပ်ကြီးဘုရားက ရွှေကပ်ပြီး ကြိမ်ကြိုးကနေပြန်ဆင်းလာတဲ့
ဆပ်ကပ်ကျွမ်းကျင်သူတစ်ဦး

အဲဒါမှ မျောက်ပြဆန်တောင်းအစစ်
မျောက်ကလေးကလိမ်မာတယ် သကြားလုံးတွေ မုန့်တွေဝယ်ကျွေးလို့ရတယ်တဲ့

နို့မှုန့်ဥ(သို့) အားတိုးဥလို့လဲခေါ်တယ်
အပြင်ပန်းအမြင်တော့ ဂျင်းတက်နဲ့တူပေမယ့် အရသာကတော့ ကန်ဇွန်းဥလိုပဲ

ဒါက အခွံခွာပြီးလှီးထားတာ ဆီဆားဆမ်းလိုက်တယ် တစ်ပွဲကို၃00ကျပ် နှစ်ပွဲကို ၅၀၀တဲ့

ဒီမျောက်လေးလဲ အပြခံရတာပါပဲ..

တောကြောင်နဲ့ ရှဥ့်အရေကို ပြန်သွတ်ထားတာ

ကျောက်ထပ်ကြီးအသွားလမ်းက ဆေးမြစ်စုံဆိုင်

မုဆိုးတောင်နားက ရဟတ်ယာဉ်ကွင်း ဒါမျိုးသုံးကွင်းရှိတယ်

မုဆိုးတောင်ခြေလှေကားကလှမ်းရိုက်ထားတဲ့ ထမင်းဆိုင်တန်း


ကျိုက်ထိဟိုတယ်မှာ မနက်စာစားပြီး ၀ရံတာကနေဓါတ်ပုံထွက်ရိုက်တော့ ချောက်ထဲက သစ်ပင်တစ်ပင်မှာ နားနေတဲ့ငှက်ကလေး ဘာငှက်

ရွှေသင်္ကန်းကပ်နေကြတာ ကျိတ်ကျိတ်တိုးပဲ


ဝိဇ္ဇာတောင်

ရသေ့တောင်

Friday, 14 January 2011

ကရင်နဲ့ မွန်ပြည်နယ် နယ်စပ်က ဘုရင့်ညီဂူ

သထုံမြို့အထွက် ကရင်ပြည်နယ်စပ်နားက ဘုရားဖြူဖြူလေးတွေအများကြီးနဲ့
တောင်ပေါ်ရှုခင်းလေး သိပ်လှတယ်

ဘုရင့်ညီဂူရှိတဲ့ ကျောက်တောင်

တောင်ခြေက ဘုန်းကြီးကျောင်း


ဘုရင့်ညီဂူတောင်ပေါ်အတက်



ကျောက်သားပေါ်မှာ အလက်လက်တွေနဲ့


ဂူထဲက ကျောက်ခက်ပန်းစွဲ

ဘုရင့်ညီဂူအ၀င်ဝ

ဘုရင့်ညီဂူကျောက်တောင်ပေါ်က စီးမြင်နေရတဲ့ ရှုခင်း

စိတ္တကုမ္မာရနဲ့ သီဟကုမ္မာရ ဘုရင်ညီနောင် ရုပ်ထု


ဘုရင့်ညီလှိုဏ်ဂူခြေရင်းက ရေချိုးကန်


သဘာဝအတိုင်း ဖြစ်နေတဲ့ ဘယ်ဘက်ကန်က ရေနွေး ညာဘက်ကန်က ရေအေး


ဘုရင့်ညီဂူရှိရာ ကျောက်တောင်ကြီး



ရွှေပြန်ကပ်ဖို့ပြင်နေတဲ့ သထုံမြို့က ရွှေစာရံစေတီတော်

ရွှေစာရံစေတီ

ဘုရင့်ညီဂူအပြန်သထုံမြို့ရဲ့ နာရီစင်နဲ့ မြူမှုန်ဝါးဝါးညနေခင်း