မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 10 December 2011

ငွေနှင်းဖြူဖြူ........




နှင်း လို့ကြားလိုက်ရုံနဲ့
ကိုယ့်စိတ်တွေ
ကြည်လင်
အေးမြသွားစမြဲပါ
နှင်းဟာဖြူစင်တယ်

နှင်းဟာအေးမြတယ်
နှင်းဟာလှပတယ်

တကယ်တော့ကိုယ်က

နှင်းကိုမြတ်နိုးတတ်သူပဲလေ

အကောင်းမြင်မိတာမဆန်းပါဘူး

လက်တွေ့ဆန်တဲ့မင်းနဲ့

စိတ်ကူးယဉ်ဆန်တဲ့ ကိုယ်တို့

နှင်းကိုရှုမြင်ပုံခြင်းလဲ

ဘယ်တူပါ့မလဲနော်

ဒီလိုပါပဲ ကိုယ်ရဲ့စိတ်ကူးတွေကို

မင်းက လက်တွေ့ကျကျ

တိုင်းတာခဲ့မှတော့

အတိုင်းနဲ့အထွာ

ခဏခဏလည်း
ကွာခဲ့ရတာချည်းပါပဲ

တကယ်ဆို

ကိုယ်တို့ပြောခဲ့တဲ့ နှင်းက

အဖြူသက်သက်ပါကွာ

အဲဒီလိုပဲ

ကိုယ်က မင်းအတွက်

အဖြူသက်သက်ပါပဲ

ညအမှောင်ထဲကနှင်းနဲ့

နေ့ အလင်းရောင်အောက်ကနှင်း

အမြင်ချင်းတော့
ဘယ်တူပါ့မလဲ

မင်းက ညအမှောင်ထဲမှာ

ကြည့်နေတာပဲ
တကယ်ဆို
မင်းမြင်တတ်ရင်

တွေ့လိမ့်မယ်

အဖြူချည်းသက်သက်ပါပဲ
။ ။ (ကျမ၏ကဗျာဆရာ)



4 comments:

သဒ္ဓါလှိုင်း said...

ညအမှောင်ထဲကနှင်းနဲ့ အလင်းရောင်ထဲကနှင်း အမြင်ချင်းမတူဘူး။ တခါတလေ နှင်းတွေအများကြီးနဲ့ ဆော့ကစားလိုက်ချင်တယ်၊
ချစ်တဲ့
သဒ္ဓါ

...အလင်းစက်များ said...

အမှောင်နဲ့  အလင်းရောင်ပါရင် ငါ့ပြောတာ လို့ ပဲ ထင်နေတယ်။ ဟီးဟီး။

နောက်ထှာနော် :P

ညိမ်းနိုင် said...

နှင်း.....အိုဘယ့်နှင်း.....ရေ.......

Candy said...

ဆောင်းကို မမမိုးငွေ့က အသက်သွင်းနေပါသည် :D