မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 11 October 2011

Silent......


စကားလေးတစ်လုံးကြောင့်
အနာတရဖြစ်သွားတယ်
သေးသေးလေးပါပဲ
ပါးပါးလေးပါပဲ
မရူးချင်စမ်းပါနဲ့လို့
လှောင်ပြောင်ခံနေရသလိုလို
ဒါပေမယ့် .........
ငါဟာ ခံစားမှုကိုဦးစားပေး
ကိုယ့်ရင်ဘတ်ကို စတေးတတ်သူ
ဒီလိုလူက အလင်းရဖို့
ကိုယ်တိုင်လောင်ကျွမ်း
နာကျင်မှန်းသိသိလျက်
ဇွတ်တိုးချင်တယ်....။
စကားများများမပြောနဲ့တဲ့
ပြောပါများအမှားပါတတ်တယ်..
ဟုတ်တယ်.......
နောက်ဆို ၀ဇီပိတ်ဝါဒကိုကျင့်
ငါ့နှလုံးသားကို တံခါးပိတ်ပစ်တော့မယ်
ဘယ်သူမှဝင်မလာစေရဘူး...။

မိုးငွေ့

12 comments:

jasmine(တောင်ကြီး) said...

မိုးငွေ့ရေ....နှလုံးသားတံခါးတော့မပိတ်ပါနဲ့
လာမယ်လေ....အချစ်များစွာနဲ့ကြိုပါ
အချစ်တွေရမှာပေါ့နော်...
ချစ်တဲ့ jasmine

သမီးစံ said...

အယ်..
တကယ်ကြီးလားအစ်မ ဟိဟိ
စဉ်းစားပါအုံးကွယ်
စိတ်လိုက်မာန်ပါမလုပ်ပါနဲ့း)
ကဗျာအရဆို..
"ဒီလူ"အတော်ဆိုးတာပါပဲလားနော်
ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာဖြင့်

rose said...

ကဗျာလေး လာခံစားတယ် မိုး...။ ၀စီပိတ်တော့ မလုပ်ပါနဲ့။ ပြောစရာရှိတာတော့ ပြောဦးလေ... နော်း))

Angelhlaing(May everybody be happy and healthy! said...

မမရေ ကဗျာလေး ခံစားရင်း ......တစ်ကယ်ကြိးပဲ လုပ်တော့မှာလားမမ :):)

blackroze said...

အပျိုကြီးတကယ်လုပ်မှာလား
ပြောစမ်းပါ ရည်ရွယ်တယ် မင်းအကြောင်းတွေ..

အမရေ
တံခါးပိတ်ဖို့စောပါသေးတယ်အမရာ
စေ့ရုံလေးဘဲစေ့ထားလိုက်ပါနော်အမ..
စာလေးကပ်ထားပေါ့
" အခွင့်မရှိမဝင်ရ " လို့

ညီရဲသစ် said...

ကဗျာလေး ဖတ်လို့ ကောင်းတယ် အစ်မ...
နာကျင်မယ်မှန်း သိလျက်နဲ့ ပိုးဖလံမျိုး မီးကိုတိုးသလို အဖြစ်မျိုးဆိုရင် ဟိုးအရင်ကတည်းက တံခါးပိတ်ထားခဲ့ရမှာ...
ဒါဆို အေးဆေးဖြစ်နေမှာပေါ့...

မဒမ်ကိုး said...

၈ယ်လားကွယ် ..
အဲလိုမလုပ်ပါနဲ့ အမဂျီးရယ်
စိတ်လျှော့ပါး)

ကဲဘာပဲပြောပြော ဟက်ပီးသီတင်းကျွတ်နော်း)

ခင်တဲ့
မဒိုးကန်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဒီကဗျာကို သံသယဖြစ်တယ် ဟိဟိ
သတင်းကျွတ်ပြီမို့ အယောင်ဆောင်ရေးတဲ့ကဗျာဖြစ်နိုင်တယ် ဟိဟိ
ဟုတ်ကလားဟင်း)း)

ဒီနှစ်မကျွတ်လည်းနောက်နှစ်ကျွတ်မှာပေါ့ဗျာာာ
ဘဝတူသူ
မောင်ဘကြိုင်

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်တံခါးပိတ်ထားမှာလား
ဒါဆို အပျိုကြီးအသင်းဖွဲ့ကြစို့
မကောင်းဘူးလားနော်..
သီတင်းကျွတ်ဆိုတာ ကိုယ်နဲ့ မဆိုင်တဲ့အရာလို့ သတ်မှတ်ထားတာလေ
နှလုံးသားကို တံခါးပိတ်တော့ ငြိမ်းချမ်းနေတာ ဘယ်သူမှ မသိဘူးနော

ဆူးသစ် said...

နှလုံးသားဆိုတာ လွယ်လွယ်ပိတ်လို့ရတဲ့ အရာလားဗျာ။

သက်ဝေ said...

နှလုံးသား တံခါးကို ပိတ်လို့ တိတ်တိတ်လေးပဲ နေချင်တာလား ညီမလေး...း)

မောင်မျိုး said...

ယုံဘူးးး
း)