မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 27 October 2011

ကိုယ်ယောင်ဖျောက်မနှင်းဆီ.....



မူပိုင်ရှင်ရယ်....
မနှင်းဆီကို သိပ်လွမ်းနေသလားကွယ်....။

တကယ်တော့ မနှင်းဆီ
ကိုယ်ယောင်ဖျောက်တာ
စိမ်းကားလို့မဟုတ်ပါဘူး...
အမှောင်ထဲက
ထိုင်ကြည့်နေတာလဲ မဟုတ်ပါဘူး...
မနှင်းဆီပျောက်နေတာ
ခုတလော...
လိုင်း(အွန်လိုင်း)တွေကျကျနေလို့ပါ.....။

မူပိုင်ရှင်ရဲ့
ကြော်ငြာမောင်းခတ်မှုကြောင့်
တလောကလုံးမှာလည်း
မနှင်းဆီသတင်းတွေ မွှေးပျံ့လို့ပေါ့....။

တချို့လဲ... မနှင်းဆီကို
မျက်မုန်းကျိုးကြမှာပါ
ဟိုမှာလည်း မနှင်းဆီ
ဒီမှာလည်း မနှင်းဆီ ဖြစ်နေတာကိုး...။

မနှင်းဆီ အသံတိတ်နေလို့
မင်းဘယ်ဆီမှာလည်း (အိန်ဂျယ်font/မကွန်)မနှင်းဆီ...လို့
ခဏခဏမ'တပါနဲ့
မနှင်းဆီတစ်ယောက်
လမ်းသွားရင်း
ခလုတ်တိုက်နေပါဦးမယ်...။ ။

မိုးငွေ့


ပြောချင်တာလေး...။ ။သများတွေ မနှင်းဆီ တစ် ကနေ ခြောက်ရောက်နေချိန်မှာ ကိုယ်က နောက်ကောက်ကျ နေပြီ။ နံပါတ်စဉ်က မတက်သေးဘူး....။

12 comments:

မဒမ်ကိုး said...

အဲ အဲ ကိုယ်ယောင်တွေတောင်ဖျောက်ကုန်ကြပီလားတော်း)

ညီရဲသစ် said...

ဒါဆို လိုင်းပျောက်ရင် ကိုယ်ဖျောက်တယ် ဆိုတဲ့ သဘောပေါ့...

Candy said...

အားကျမခံပေါ့.. အဟီး.. :P

ညိမ်းနိုင် said...

အော်....မနှင်းဆီဆိုတာ ကိုယ်ယောင်လည်းဖျောက်တတ်
တဲ့ ကဝေပျိုမလေးပါလား...၊တတ်လည်းတတ်နိုင်ပါပေ့
မနှင်းဆီ.......

jasmine(တောင်ကြီး) said...

မိုးငွေ့ရေ
ကိုယ်ရောင်ဖျောက်မလို့လားဟင်

မိစံ said...

ခလုတ်တိုက်ရင်..ဂလိုယောင်လကွယ်
အမလေး..မူပိုင်ရှင်..လို့း))
မဆီမဆိုင်..လိုင်းကိုလွှဲချနေဒယ်ပေါ့းP

မြသွေးနီ said...

အဲ... မနှင်းဆီလည်း ခံလိုက်ရပြီပေါ့...။
ကွန်နက်ရှင်ကလည်း ဘယ်တော့များမှ ကောင်းမယ်မသိနော်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

မနှင်းဆီတစ်ယောက် ကိုယ်ယောင်ဖျောက်လို့မရအောင် လိုင်းတွေအမြန်ဆုံးကောင်းပါစေလို့ ...း)

Nyi Linn Thit said...

ဖူးပွင့်ငုံဝေ ရွှေရွှေနှင်းဆီလည်း ကိုးနတ်ရှင်ရဲ့ အမျက်ရှတာ ခံလိုက်ရတာပဲကိုး..၊း) မနှင်းဆီ မွှေးပျံ့ပါစေဗျာ...။

blackroze said...

မနှင်းဆီ..လည်းကိုယ်ရောင်ဖျောက်တာဘဲလား

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) မနှင်းဆီ
မွှေးမြပါစေ မနှင်းဆီ

အမှတ်တရ နေ့စွဲများ.... said...

မနှင်းဆီ က ကိုယ်ယောင်ဖျောက်နိုင်တယ်လား ဒါဆိုလူမဟုတ်ဘူးပေါ့ ....