မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 19 October 2011

မချစ်တတ်သော မိန်းမ.....




တကယ်တော့ ...
ငါဟာ ကဗျာမရေးတတ်ပါဘူး
ငါ့ရင်ထဲက
စကားလုံးတွေစုစည်း
စာတစ်ပိုဒ်ဖြစ်လာတယ်
အဲဒါ နင်သင်ပေးလို့ပေါ့...။

တကယ်တော့ ...
ငါဟာ ပန်းမချစ်တတ်ပါဘူး
နှင်းဆီရနံ့တွေမွှေးပျံ့
ငါ့ကို ဆွဲဆောင်ဖြားယောင်းတယ်
အဲဒါ နင်သင်ပေးလို့ပေါ့...။

တကယ်တော့ ...
ငါဟာ အချစ်ကိုမသိပါဘူး
တိမ်စိုင်ငွေ့တွေ ပြေးလွှား
ပေါ့ပါးနေတဲ့ ငါ့စိတ်ကို
လေးနက်လာအောင် ညို့ငင်
အဲဒါလဲ နင်သင်ပေးလို့ပေါ့...။

သင်ယူဆဲ
လေ့လာဆဲ
မှတ်သားဆဲမှာ
အချစ်ကို အချစ်မှန်းသိအောင်
ငါအများကြီး ကြိုးစားရဦးမှာပါ...
ငါ့နှလုံးသားတံခါး သော့ပျောက်နေလို့လေ...။


မိုးငွေ့

10 comments:

မဒမ်ကိုး said...

သောဆိုင်ရှိတယ်လေ မြန်မြန်သွားချေး)

jasmine(တောင်ကြီး) said...

သူငယ်ချင်းရေ...ခုထိအချစ်ကိုမသိသေးဘူးလား
သိအောင်လုပ်သင့်ပြီနော်...

ညီရဲသစ် said...

သင်ယူစရာတွေ တော်တော်များတယ်နော်...
ဒါနဲ့ အစ်မ...
သော့ပျောက်သွားတော့ အိန်ဂျယ်နဲ့ ပြန်တွေ့ ရင် ဘယ်လို လုပ်မလဲ..

Nyi Linn Thit said...

အချစ်နဲ့ တွေ့တဲ့အခါ လူတွေဟာ ကဗျာဆရာ ဖြစ်လာကြတယ်လို့ ဆိုကြတာ မှန်နေပြီ ထင်တယ်နော်၊း) ပျောက်နေတဲ့ သော့လေး အမြန်ဆုံး ပြန်တွေ့ပါစေဗျာ။

Anonymous said...

အင်း .... ကျနော်မှာ သော့တံရှိတယ် ဖွင့်စရာ သော့ပေါက်ပျောက်နေတာ ....

မြသွေးနီ said...

သော့တစ်ချောင်း ကောက်ရထားသည်။
အမြန်လာယူပါ။

mstint said...

မိုးငွေ့ကဗျာလေးကို သဘောကျလို့ ကွန်မန့်ရေးဘို့ ပြင်တုန်း မဒိုးကမ်ကွန်မန့်ကစလို့ မြသွေးကွန်မန့်လည်းဆုံးရော တီတင့်ခေါင်းထဲ သော့ပဲဝင်နေတော့တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ဆူးလေနားမှာ သော့ပြင်တဲ့ သူတွေရှိတယ်အစ်မ....:)))

blackroze said...

အချစ်ကိုမသိတာကောင်းတယ်ဗျိုးးး
သိရင်ချစ်နေရဦးမယ်..
ကဲ..အမရေ
သော့ကိုပျောက်လိုက်စနဲ့ဖျောက်ထားလိုက်စမ်းပါ
အဲတာဆိုရင်ပစ်ပစ်လိုလွမ်းနေစရာ
မလိုတော့ဘူး

Angelhlaing(May everybody be happy and healthy! said...

မချစ်တက်သော မိန်းမ ...တဲ့..ခေါင်းစဉ်လေးကအစ သဘောကျ နှစ်သက်မိတယ်မမ...
ခံစားအားပေးလျှက်...