မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 17 October 2011

နှင်းဆီ.....




မိန်းမဖြစ်ပြီး
ပန်းမကြိုက်တတ်တဲ့ငါ...
ခုတော့ ....
နှင်းဆီကိုချစ်တတ်လာပေါ့
နင်က နှင်းဆီကိုချစ်တယ်
နင့်ကမ္ဘာမှာ
နှင်းဆီပွင့်ဖတ်တွေကျဲထားတယ်
ဒါကြောင့် ....
နင်ကိုယ်တိုင်
ငါ့အနားမှာ ရှိသယောင်
နှင်းဆီပန်းအိုးကို
ငါအစားထိုးလိုက်တယ်..
အပွင့်လေးဖူးကြွကြွ
ရနံ့လေးမွှေးမြမြနဲ့
သိပ်လှတယ်မဟုတ်လား..။

မိုးငွေ့


မှတ်ချက်။ ။ ခုတလော မနှင်းဆီတွေ သိပ်ခေတ်စားနေလို့ ဘာရယ်မဟုတ် ကိုယ်လဲ ခေတ်မှီအောင်လို့ နှင်းဆီကဗျာတစ်ပုဒ်ကောက်ရေးလိုက်တယ် မှတ်ကရော...။ ကြောင်တွေ သူတို့မနှင်းဆီကို ၀င်ဖိုက်လို့ အော်ပြီးပြေးကုန်တော့မယ် ....။

12 comments:

မဒမ်ကိုး said...

ဂွတ်ထ ဂွတ်ထ.. တို့မိုးငွေ့လဲခေတ်မှီလာပြီ မနှင်းဆီတဲ့ .ဟိုနှင်းဆီတွေကို ပိုးသတ်ဆေးသွားဖျန်းထည့်လိုက်ပီး)
ခင်တဲ့

sulay said...

နှင်းဆီကဗျာလေး ဖတ်သွားပါတယ် မနှင်းဆီမိုးငွေရေ..

ချမ်းမြေ့ပါစေဟု
ချယ်ရီမြေ

အမှတ်တရ နေ့စွဲများ.... said...

နှင်းဆီပန်းလေးတွေ ခြောက်သွားရင် ရေနွေးထဲလည့်သောက်နော် မနှင်းဆီ အဆီကျတယ် သိလား

Angelhlaing(May everybody be happy and healthy! said...

မမရေ ခံစားအားပေး လျှက်ပါလို့...:):)

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းဆီပန်းတော့ ငယ်ကတည်းက ကြိုက်..
ငယ်တုန်းက နှင်းဆီပန်းအမြဲပန်လို့ မနှင်းဆီတောင် ခေါ်ကြသေးတယ်
ဘယ်လိုဘဲဖြစ်ဖြစ် နှင်းဆီကိုချစ်တယ်

jasmine(တောင်ကြီး) said...

မိုးငွေ့ရေ...
မအားနေလို့အရောက်နောက်ကျနေတာပါ
နားလည်ပေးပါနော်...မိဂျက်လဲ ပန်းတော်တော်များများကိုကြိုက်တယ်....
ခုမနှင်းဆီဖြစ်နေပြီလား??????

ကြယ်ရောင်မှတ်စု said...

ဟမ်....အဲဂလိုလား မနှင်းဆီ ကဗျာပြန်ရေးရမလိုပဲ :)

ခင်တဲ့(ဖိုးကြယ်)

ညိမ်းနိုင် said...

အော်...မနှင်းဆီရယ်....မင်းသတင်းသင်းပျံပုံက...
ပန်းမကြိုက်တဲ့ သူတွေတောင်မှ မင်းပွင့်ဖတ်လေးတွေနဲ့
ကဗျာဖွဲ့..... နှင်းဆီပြဇာတ်ထဲပါလာပါရောလား.....:)))

blackroze said...

မကြီးမိုးငွေ့ရေလာဖတ်သွားတယ်နော်..

...အလင်းစက်များ said...

အလိုလေး....... အဲ့သည် နှင်းဆီကြောင် တွေထဲ ကျုပ်မပါပေါင်ဗျာ....... :DDDDD

မေသိမ့်သိမ့် ကျော် said...

ဒီဘလော့မှာလည်း နှင်းဆီရနံ့သင်းသင်းလေး ရှူရှိုက်ပြီး သဘောကျသွားပါတယ်ကွယ်။း)

ခင်တဲ့
မေသိမ့်

mstint said...

တီတင့်လည်း စဉ်းစားနေမိတယ် မိုးငွေ့ရေ။ နှင်းဆီတို့ လန်းဆန်းရာဘလော့လေးတွေ မကြာခနဖတ်နေရလို့း)
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်