မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 28 September 2011

မိုးငွေ့ချစ်တဲ့ ပုစုခရုအရုပ်ကလေးတွေ....

ကြွေပန်းကန်လေးထဲကသဲဖြူကျွန်းကခရုတွေ ဗူးလေးနဲ့က စလုံးက ညီမတစ်ဝမ်းကွဲလက်ဆောင်ဝယ်လာပေးတာ အတောင်ပံနဲ့ နတ်သမီးလေးကတော့ ဆယ်တန်းတုန်းက ကျောင်းတက်မှန်တဲ့အတွက် အတန်းပိုင်ဆရာမကဆုချထားတာ... ကျန်တဲ့ ကြွေအိုးလေးတွေကိုတော့ ကြိုက်လို့ ၀ယ်စုထားတာတွေ.....

သဲဖြူကျွန်းကခရုနဲ့သဲတွေ အရောင်တွေအရမ်းလှလို့ ဗူလေးနဲ့သေချာသိမ်းထားတာ

ချောင်းသာသဲဖြူကျွန်းရောက်ခဲ့တုန်းက ကောက်ခဲ့တဲ့ ခရုလေးတွေနဲ့ သဲတွေ...

Mac Donald ကရတဲ့ တရုတ်ကြောင်မင်္ဂလာစုံတွဲ

ဒါလဲ မက်ဒေါနယ်က ဂျပန်ကြောင်မင်္ဂလာစုံတွဲ

ချစ်သူများနေ့ဝက်ဝံရုပ်စုံတွဲလေး

လက်ဆောင်ရထားဖူတဲ့အရုပ်ကလေး

ဒီအတောင်ပံလေးနဲ့ဝက်ဝံအိန်၈ျယ်လေးကတော့ ရွှေဝယ်လို့လက်ဆောင်ပေးတာတဲ့

ဝက်ဝံစုံတွဲ (Mac Donald ကရထားတာ)

ရေနွေးအိုးနဲ့ခွက်ပုစုခရုလေးတွေ

ညီမလေးရဲ့ မွေးနေ့လက်ဆောင်

ဘွတ်ဖိနပ်ကော်ဖီခွက်

Mac Donald ကရခဲ့တဲ့ဝက်ဝံရုပ်စုံတွဲ

ဒါကလက်ဆောင်ရဖူးတဲ့အရုပ်စုံတွဲလေးတွေ

ကြက်ဥခွံလေးကို အရောင်ဆိုးပြီ အလှလုပ်ထားတာ
နောက်တစ်ပုလင်းက ကြယ်ရောင်စုံလေးတွေ... အရင်တုန်းက ဖန်စီဆိုင်လေးတွေမပေါ်ခင်ကတည်းက အင်းလျားလမ်းက ဂျပန်ဆိုင်မှာအဲဒီစက္ကူလေးတွေကို သွားသွားဝယ်ပြီးခေါက်တာ....။

ပုဂံညောင်ဦးသွားတုန်းက ပွဲဈေးက၀ယ်ခဲ့တဲ့ မြေထည်ပန်းအိုးနှစ်လုံး
အရောင်လေးတွေလှတယ်နော် လက်ရာရောပဲ....

လွန်ခဲ့တဲ့ဆယ့်သုံးလေးနှစ်လောက်က မိုးငွေ့ရဲ့ ပုံ

13 comments:

blackroze said...

အမချစ်တဲ့အရုပ်လေးတွေကို
လာကြည့်သွားတယ်နော်..

ချစ်တဲ့ ပစ်ပစ်..

အမှတ်တရ နေ့စွဲများ.... said...

အရုပ်လေးတွေလှတယ် ....
သေသေချာချာ သိမ်းထားတာဘဲနော်

Baby taster said...

တော်တော် အစုအဆောင်း ၀ါသနာပါတယ်နော်
ပန်းအို နှစ်လုံးကလှလိုက်တာ ပြီးတော့ မိုးငွေ့ရောပေါ့း)

ညီရဲသစ် said...

ပုစုခရုလေးတွေကို လေ့လာသွားတယ် အစ်မ...

jasmine(တောင်ကြီး) said...

မိုးငွေ့လဲ jas လိုပဲခုချိန်ထိအောင်အရုပ်တွေသိမ်း
ထားတယ်နော်...တောင်ကြီးအိမ်မှာလေ
ငယ်ငယ်က ဆော့ခဲ့တဲ့ အိုးခွက်သေးသေးလေးတွေ
မေမေကသိမ်းထားပေးသေးတယ်....
ပုံတွေအားလုံးထဲက အောက်ဆုံးကပန်းအိုးဘေး
မှာ လက်ကိုနောက်ပစ်ထားပြီး ရပ်နေတဲ့ပုံလေးကိုအကြိုက်ဆုံပါပဲ...
ကြုံရင်တော့မိုးငွေ့ပုံလေးတစ်ပုံလိုချင်ပါတယ်
ဲjas ဆံပင်ခုအဲလောက်ပဲရှိတော့တယ်...
ချစ်တဲ့ jasmine

မြသွေးနီ said...

ချစ်စရာလေးတွေညီမရယ်...
စုထားလိုက်တာ..
ပန်းအိုးလေးနှစ်လုံး သဘောကျတယ်...။
မိုးငွေ့လေးကလည်း ချစ်ချရာလေး...။ :)

Aunty Oo said...

ကိုရီးယားမင်းသ္မီးလေးလား၊ဂျပန်မင်းသ္မီးလေးလား
လို.လေ။အားလုံးချစ်ဖို.ကောင်းတယ်။

ညိမ်းနိုင် said...

ပုဂံက ပန်းအိုးလေးနှစ်လုံးကိုသဘောကျတယ်....။

SHWE ZIN U said...

မိုးငွေ့ ရဲ့ အခုပုံလေး ကိုလည်း ကြည့်ချင်တယ်

ငယ်ပုံလေး ကတော့ လှမှ လှ

မအိမ်သူ said...

အကုန်လုံးကြိုက်တယ် ချစ်စရာကလေးတွေ..အမလဲ အဲလို ပိစိပိစိ အရုပ်လေးတွေ ပစ္စည်းပစ္စယလေးတွေဆို သိပ်သဘောကျတာ။ ဘာမှ တန်ဖိုးမရှိပေမယ့် လက်ဆောင်တွေဘာတွေများရရင် သိပ်ပျော်တာ။ အိမ်ကလူကတော့ သြဘာပေးတယ်။ ကလေးမဟုတ် သူငယ်မဟုတ်နဲ့တဲ့..း))

မဒမ်ကိုး said...

ကဲ ပိုင်ဆိုင်မှု့တွေတော့ပြကုန်ပြီ
ဘယ်လိုလုပ်ကြမတုန်းး)

ချင်တဲ့

မဒိုးကန်

ဆူးသစ် said...

သိမ်းထားသော အရုပ်များကို လာရောက်လေ့လာသွားပါကြောင်း........

သဒ္ဓါလှိုင်း said...

အရုပ်လေးတွေဆို ချစ်တယ်။ မမိုးရဲ့ ပုံလေးလည်း ချစ်တယ်.။
ချစ်တဲ့
သဒ္ဓါ