မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 23 September 2011

မငိုစေချင်ဘူးကွယ်.......





ဧရာဝတီဟာ ငါတို့ပြည်ရဲ့သမိုင်း
ဧရာဝတီဟာ ငါတို့ပြည်ရဲ့ စပါးကျီ
ဧရာဝတီဟာ ငါတို့ပြည်ရဲ့အသက်သွေးကြော
ဧရာဝတီဟာ ငါတို့ပြည်ရဲ့ ရာဇ၀င်
ဧရာဝတီဟာ ငါတို့ရဲ့ မိခင်......။

ငါတို့ရဲ့ မိခင်ကို
အကုသိုလ်ကောင်တွေ
လောဘအတ္တဘောကြီးတွေ
မတရားပြုကျင့် သတ်ပစ်ကြတော့မယ်
သည်တိုင်းပြည်မှာ သည်မြေမှာနေ
သည်ရေသောက်ပြီး
ငါတို့ မျက်နှာလွဲခဲပစ်မနေနိုင်ကြပါဘူး...။

မြစ်ဆုံစီမံကိန်းဆိုတဲ့
ငါတို့ရဲ့ ရာဇ၀င်ထဲက သတိုးသမီးကို
ရာဇ၀င်ထဲက ပျောက်ကွယ်သွားအောင်
ဖျောက်ဖျက်ပစ်ကြမယ့်သူတွေ
ကိုယ့်သွေကြောကို ဖောက်စုတ်တတ်သူတွေကို
ငါတို့ ကလောင်လက်နက်နဲ့တိုက်ဖျက်ရမယ်...။

ဧရာဝတီရဲ့ မျက်ရည်တစ်စက်ဟာ
သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့ မြောက်မြားစွာရဲ့
ရှင်သန်ခြင်းနဲ့ ညီမျှတယ်....။
ဧရာဝတီရယ်....မငိုစေချင်ဘူးကွယ်.....
ဒါကြောင့်...
ဓါးထောက်ခံထားရတဲ့
ငါတို့မိခင်ကို ကယ်တင်ဖို့
အားလုံးတညီတညွတ်တည်း ပါဝင်ကြစို့....။ ။


ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

25 comments:

ဇော်သိင်္ခ said...

ဓါးထောက်ခံထားရတဲ့ တို့အမေ ဧရာဝတီကို ဝိုင်းဝန်း ကာကွယ်ဖို့ တို့ အားလုံးမှာ တာဝန် ရှိပါတယ်ဗျာ...
မြစ်ဆုံ စီမံကိန်းကြီးကို လုံးဝ ကန့်ကွက်ပါတယ်...

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

မအိမ်သူ said...

“ဧရာဝတီရဲ့ မျက်ရည်တစ်စက်ဟာ
သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့ မြောက်မြားစွာရဲ့
ရှင်သန်ခြင်းနဲ့ ညီမျှတယ်....။”
မှန်လိုက်တာ.. မြစ်ဧရာကို မျက်ရည်တစ်စက်မှ မကျစေချင်ဘူး...

မောင်ဘကြိုင် said...

ဧရာဝတီသည် တို့တိုင်းပြည်၏ အသက်သွေးကြော
ဧရာဝတီကိုကာကွယ်ကြပါစို့


ဧရာဝတီချစ်သူ
မောင်ဘကြိုင်

သက်တန့်ချို said...

ဧရာဝတီအတွက် ကဗျာလေး နင့်သီးစွာ ခံစားသွားပါတယ်ခင်ဗျာ ။

လင်းဦး(စိတ်ပညာ) said...

မိခင်ဧရာဝတီ၊ ငါတို့ရဲ့ အသက်သွေးဧရာဝတီကို ကာကွယ်ကြပါစို့

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်

SHWE ZIN U said...

ခံစားသွားတယ် ညီမ ရေ

ကျေးကျေး
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါတို့ချစ်တဲ့ မြစ်ဧရာ ထာဝစဉ်စီးဆင်းစေချင်ပါတယ်
လှပတဲ့ မြစ်ဆုံ ထာဝစဉ်တည်ရှိစေချင်ပါတယ်။
ဧရာဝတီရဲ့ ရေစီးသံဟာ ငိုညည်းသံ မဖြစ်စေချင်ပါဘူး

မြသွေးနီ said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

မြသွေးနီ said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

jasmine(တောင်ကြီး) said...

ဓါးထောက်ခံထားရတဲ့ အမိဧရာဝတီကိုကာကွယ်ဖို့
တို့တွေအားလုံး ကလောင်ကိုင်ကြစို့
မိုးငွေ့ရေးတာ လုံးဝထောက်ခံပါတယ်...
ချစ်တဲ့ jas

Baby taster said...

ဧရာဝတီရဲ့ မျက်ရည်တစ်စက်ဟာ
သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့ မြောက်မြားစွာရဲ့
ရှင်သန်ခြင်းနဲ့ ညီမျှတယ် မှန်တယ်

ညီရဲသစ် said...

ဟုတ်တယ်ဒါတွေကြောင့်ဧရာဝတီကိုမဖြစ်မနေကယ်တင်ရမယ်...

ညိမ်းနိုင် said...

ချစ်သော ဧရာကို အားလုံးညီညွတ်စွာကယ်တင်ကြပါစို့...။

rose of sharon said...

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်

မေသိမ့်သိမ့် ကျော် said...

ဧရာဝတီကို စုပေါင်းကာကွယ်ကြစို့...

blackroze said...

ဒီစီမံကိန်းကိုလုံးဝ လုံးဝကန့်ကွက်ပါတယ်..

08050580431 said...
This comment has been removed by the author.
PhyoPhyo said...

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

Nyi Linn Thit said...

ဧရာဝတီကို မငိုစေချင်ဘူး...၊ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ဆန့်ကျင်ကန့်ကွက် ပါတယ်..။

လင်းခေတ်ဒီနို said...

ကျွန်တော်တို့ရဲ့ ဆန္ဒတွေ ဖြစ်မြောက် အောင်မြင်ပါစေ လို့ ဆုတောင်းမိတယ် မမီးရယ်

Han Kyi said...

မြစ်ဧရာမငိုစေချင်သလို တိုင်းသူပြည်သားတွေလည်း ပျော်ရွှင်စေချင်ပါရဲ့ မိုးငွေ့ရေ...

မြတ်မွန် said...

ဧရာဝတီ ကမ္ဘာတည်သရွေ့ထာဝရတည်ရှိနေပါစေလို့ပဲ ဆုတောင်း ပြုမိပါတော့တယ် မမိုးရေ..။

မြစ်ကျိုးအင်း said...

စိတ်တူကိုယ်တူ ထပ်တူထပ်မျှ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

အင်ကြင်းသန့် said...

မမိုးရေ.....ဘယ်တော့မှ နောက်မဆုတ်တန်း ကန့်ကွက်သွားကြမယ်....