မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 7 September 2011

စားဖြစ်ခဲ့တာလေးများ....

အထမ်းမြီးရှည်တဲ့ဗျာ

ပုဇွန်နှမ်းကပ်ကြော်
ု
ဆီထမင်းဝါးဝါးလေး(ရိုက်ထားတာဝါးနေလို့)



ဟိုတစ်ပတ်တွေတုန်းက မာမီမေမေနဲ့ ရွှေတိဂုံဘုရားသွားပြီး အပြန်မနက်စာကို ပြည်ထောင်စုရိပ်သာလမ်းထဲက Feel မှာဝင်စားကြတာ....။ မြန်မာစာပေါင်းစုံရတယ်....။ မုန့်တွေကများလွန်းလို့ ဘာမှာစားရမှန်းမသိဘူး....။ မုန့်ဟင်းခါးဆိုရင် မြို့နာမည်ပေါင်းစုံနဲ့ရှိတယ်.... ဖျာပုံမုန့်ဟင်းခါး အိမ်မဲမုန့်ဟင်းခါး ဟသာင်္တမုန့်ဟင်းခါး စသဖြင့်ပေါ့...။ မုန့်ဟင်းခါးစားရင် အကြော်ကလည်း ကိုယ်ကြိုက်တဲ့ အကြော်ကို ပူပူနွေးနွေးတစ်ခါတည်းကြော်ပေးပါတယ်....။ ထမင်းသုပ်လည်း ဒီလိုပဲ ပြည်ထမင်းသုတ် ကြံခင်းထမင်းသုပ် ဘာညာပေါ့....။ မြန်မာမုန့်တွေဖြစ်တဲ့ မုန့်စိမ်းပေါင်း မုန့်ကျွဲသဲ မုန့်လိပ်ပြာ မုန့်လုံးကြီး မုန့်လက်ကောက် စုံလို့ပါပဲ...။ မနက်စောစောကြီး..ဗျာ ဒန်ပေါက်ကအစရောင်းရတယ်... အိုးအကြီးကြီးနဲ့ကို ပါဆယ်တွေ စားပွဲတွေထည့်နေလိုက်ကြတာ...။ ငပိကြော် ဘလချောင်ကြော် ပဲပုပ်ကြော် ချဉ်ပေါင်ကြော်... ဒါတွေလည်းရတယ်။

အဲဒါနဲ့ နောက်ဆုံးမီနူးကို ဟိုလန်ဒီလန်နဲ့ အထမ်းမြီးရှည်ဆိုတာကိုသွားတွေ့တာ မန္တလေးဗထူးကွင်းရှေ့က မြီးရှည်ကိုသွားသတိရတာနဲ့ မှာစားကြည့်တာ မဆိုးပါဘူး အရသာကတူတော့တူတယ်....။ ပုဇွန်နှမ်းကပ်လေးက ကြော်နေတာတွေ့တော့စားချင်စရာလေးဖြစ်နေတာနဲ့ မှာလိုက်တယ် တစ်ပွဲ....။ ကောက်ညှင်းပေါင်း နှမ်းထောင်းနဲ့စားချင်တာ မရှိတော့ဘူးတဲ့ ဒါဆိုလည်း ဆီထမင်းပေါ့ကွယ်....။ အဟိ... စာမရေးဖြစ်သေးလို့ သူငယ်ချင်းတို့ကို ပုံလေးနဲ့ နှိပ်စက်လိုက်တယ်.....။


မိုးငွေ့

11 comments:

အမှတ်တရ နေ့စွဲများ.... said...

စားချင်တယ် ....

mstint said...

ဟယ်လ်ပင်လမ်းက ဖီးလ်ကို အန်တီလည်း ဧည့်သည်တွေကို ထမင်းကျွေးတိုင်း ရောက်တယ် မိုးငွေ့ရေ။ ဈေးသက်သာပြီး သန့်ပြန့်တယ် ဆားဗစ်လည်းကောင်းတယ် စားကောင်းတယ်။ မိုးငွေ့စားတာလေးတွေ မှတ်သွားတယ်နော်း)
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ခနခန ရန်စနေသလိုပဲ မမိုး

တင်းလာပီနော်
ဒီမှာ ကြည့်ပြီး သရေပဲကျနေရတယ် ဟွန်း

ချစ်တဲ့

မဒိုးကန်

ချော(အစိမ်းရောင်လွင်ပြင်) said...

နှိပ်စက်ထားပါ
ရန်ကုန်လာမှ လိုက်ကျွေးခိုင်းမယ်
မကျွေးလို့ကတော့ မမိုးကပ်စေးနှဲလို့ ဘလော့ပေါ်မှာ ပြန်ကြော်ငြာပစ်မယ်
ဒါဘဲး)

မောင်မျိုး said...

ဆီထမင်းး ............. စားချင်တယ်ဗျာာာာာား(((((

jasmine(တောင်ကြီး) said...

မြီရှည်အရမ်းစားချင်နေတာ
မလုပ်တတ်လို့ ဘယ်သူ့ ကိုအပူကပ်ရမလဲ
စဉ်းစားနေတုန်း.ဒီမှာအရင်စားသွားပါတယ်...
ဆီထမင်းကတော့ ကိုယ်တိုင်လုပ်စားလို့
မြီးရှည်တော့လိုက်ပွဲမှာယူသုံးဆောင်သွားပါတယ်ရှင်...
ချစ်ခင်တဲ့ jas

Baby taster said...

မီးရှည် ကြိုက်၏
ပုဇွန်နှမ်းကပ်ကြော် လိုက်စားကြည့်ရမယ်

rose of sharon said...

ဟောတော့်... ဒို့ကြိုက်တာတွေချည်းဘဲ...

ညီရဲသစ် said...

အား... တော်တော် စားကောင်းမဲ ပုဇွန်နှမ်းကပ်ကြော်...

blackroze said...

ရန်ကုန်ပြန်လာလည်ရင် လိုက်ကျွေးပါလားဟင်
အဲဆိုင်မှာလေ..ဘယ်လိုလဲမကြီးမိုးငွေ့

မိုးငွေ့...... said...

ဘလော့ဂါမောင်နှမတွေ ဘယ်သူပြန်လာလာ ကျွေးပြီးသားပဲ...မပူနဲ့...။