မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 5 August 2011

ငါသိပါရစေ...



ငါ့အနားမှာ မနေချင်လည်း
မခေါ်ပါဘူး
ငါ့ကို မုန်းနေရင်လည်း
မနာပါဘူး
ငါ့ကို ရက်စက်ချင်လည်း
မတားပါဘူး
ငါ့ကို စိတ်နာနေလည်း
မငြိုငြင်ပါဘူး
ငါ့ကို ရွဲ့နေရင်လည်း
မပြောပါဘူး
ဒါပေမဲ့
ကြင်နာခဲ့တာတွေက
တကယ်လား...........
ဂရုစိုက်ခဲ့တာတွေက
အမှန်လား....
နှစ်သိမ့်ခဲ့တာတွေက
စိတ်ရင်းနဲ့လား........
နည်းနည်းဖြစ်ဖြစ် ဖွင့်ဟပါဟာ
ချစ်ခဲ့တယ်ဆိုရင်လည်း
လွမ်းနေပါ့မယ်.....
မချစ်ခဲ့ဘူးဆိုရင်လည်း
လက်ခံနိုင်ပါတယ်.......။(ညီသစ်)

ညီသစ် ဆိုတာ... တစ်ခါတုန်းက ကျမတို့ ကမ်းခြေသွားခဲ့ကြတုန်းက သီချင်းတွေအများကြီးဆိုခဲ့တဲ့ လူငယ်အဖွဲ့ထဲက ဂီတာတီး အင်မတန်ကျွမ်းတဲ့ လူငယ်လေးတစ်ယောက်ပါ...။ ဒါ့ပြင်... ကဗျာ အနုအရွလေးတွေရေးသားတဲ့နေရာမှာလည်း ၀ါသနာထုံသူမို့... သူ့ဖဘရဲ့ Notes မှာတင်ထားတဲ့ ကိုယ်ကြိုက်တဲ့ကဗျာလေးကို ဘလော့ဂ်မှာတင်ဖို့ ခွင့်တောင်းခဲ့ပါတယ်....။ ကဗျာတွေအများကြီးထဲမှာမှ... သွားဖတ်ခဲ့တဲ့ အဲဒီအချိန်မှာ ဒီတစ်ပုဒ်ကို အရမ်းမုဝင်တာမို့ ဒီတစ်ပုဒ်ကိုရွေးချယ်တင်လိုက်တာပါ....။ နောက်နောင်လည်း အလျင်းသင့်သလို ညီသစ်ရဲ့ ကဗျာကောင်းလေးတွေကို ထပ်တင်ပေးဦးမှာပါ...။

8 comments:

December Mgmg said...

ကဗျာလေးကို ခံစားသွားပါတယ် ။ အရမ်းကောင်းတဲ့ ခံစားချက်လေးပဲ ။

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးခံစားအားပေးသွားတယ်လို့...
မျှဝေပေးလို့ ကျေးဇူးပါ..

jasmine(တောင်ကြီး) said...

ကဗျာလေးကတစ်ကယ်ကို နူးနူးအိအိလေးပါပဲ
ကိုယ်တွေနဲ့များကွာပါ့......
ဖတ်ကောင်းကောင်းနဲ့၂ခါဖတ်လိုက်တယ်။

မိုးငွေ့...... said...

jasmine ရေ... ကဗျာလေးက နူးနူးအိအိလေးဆိုတော့ ဟင်းခွက်နဲ့များမှားနေသလား...ကိုယ်တင်တဲ့ ကဗျာကို ပြန်ကြည့်လိုက်မိတယ်...:P

mstint said...

ကဗျာလေးအားပေးသွားတယ် မိုးငွေ့ရေ။
'တို့များလည်းအားကျပါရဲ့မင်းတို့လိုပုံနှယ်' လို့ သီချင်းဆိုရမလိုဖြစ်နေပြီကွယ်။ အခုနတင် jasmine ရဲ့ကဗျာလေးကို ဖတ်ခဲ့တာလေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မအိမ်သူ said...

ကဗျာလေးကချစ်စရာလေး.. ဖွဲ့ထားတာလဲ ရှင်းရှင်းလေးနဲ့ ဆွဲဆောင်နိုင်တယ်။

vidzee said...

Nice Site! Keep blogging!

သိင်္ဂါကျော် said...

ချစ်ခဲ့တယ် ထင်ပြီး လွမ်းသာ နေလိုက်ပါလေ... :)