မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 27 July 2011

ရွှေဖရုံသီးကြက်ဥပေါင်း...

ဒါကတော့ အချိုပွဲ.... ဒီနည်းအတိုင်းပဲ ကိုယ်ကြိုက်တဲ့ အသားကို နုတ်နုတ်စင်းပြီး အစာပလာရောနယ် ထည့်ပေါင်းလိုက်ရင် ဟင်းတစ်ခွက်ဖြစ်ပြီပေါ့

အရင်ဦးဆုံး ရွှေဖရုံသီးကို ရေစင်စင်ဆေးပါ...(ရွှေဖရုံသီးကို အလုံးသေးသေးပဲရွေးဝယ်ပါ)..။ အဖုံးပုံစံ ဓါးနဲ့ဖွင့်ပြီး အထဲက အစေ့တွေ အမျှင်တွေကို ဇွန်းနဲ့ အကုန်ကော်ထုတ်ပစ်ပါ...။

ကြက်ဥသုံးလုံးကို နွားနို့ သကြားထည့်ပြီး ခေါက်ထားပါ....။ ဆားအနည်းငယ်ခတ်ပါ...။
ရွှေဖရုံသီးထဲကို ခေါက်ထားတဲ့ ကြက်ဥထည့်ပြီး

နှစ်ထပ်ပေါင်းအိုးနဲ့ 45မိနစ်လောက်ပေါင်းပါ...။ အထဲက ကြက်ဥရမရကို တူနဲ့ ထိုးကြည့်ပါ...။ ကြက်ဥဖတ်တွေ ကပ်ပါမလာရင် ရပါပြီ...။


မိုးငွေ့

7 comments:

Angelhlaing(May everybody be happy and healthy! said...

ပထမဆုံး မြင်ဖူးခြင်းပဲမမရေ..မြည်းကြည့်ချင်လိုက်တာ :)

Mon Petit Avatar said...

I like the kitchen which is bigger than my kitchenette!!!

အလင်းသစ် said...

တစ်ယောက်ယောက်ကများ လာပြင်ဆင်ပေးရင်တော့ စားကြည့်ချင်လိုက်တာ။။ ကိုယ့်ဘာသာကတော့ အဖြစ်မရှိလို့ လုပ်မတတ်ပါဘူး။။။ဟီးးးးးးးးးး။။။။

jasmine(တောင်ကြီး) said...

အားရင်တော့လုပ်ကြည့်မယ်
ခုလောလောဆည်တော့ အရမ်းစားကြည့်ချင်နေမိတယ်။

mstint said...

ထူးထူးဆန်းဆန်းလေးပါလား အရသာ ကောင်းမယ့်ပုံလေးပဲနော်။ ကျေးဇူးပါ မိုးငွေ့ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မအိမ်သူ said...

ဒီမှာတော့ ခမာတွေ အဲဒီပူတင်းအရမ်းကြိုက်ကြတယ်။ ဈေးထဲမှာ အမြဲရောင်းတယ်။

မိုးငွေ့...... said...

ဒီရွှေဖရုံသီးကြက်ဥပေါင်းကတော့ ယိုးဒယားဆိုင်တစ်ဆိုင်မှာ အချိုပွဲလေးစားဖူးလို့ လုပ်ကြည့်လိုက်တာ....။ အင်း ခမာနဲ့ ထိုင်းက ကပ်လျက်ဆိုတော့ အစားတွေလည်းနည်းနည်းတူကြလိမ့်မယ်ထင်တယ်..။