မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 21 July 2011

မှိုဆန်ပြုတ်

ဆန် ပဲ ဥနီ သုံးမျိုးကို ဆားထည့်ပြီး တစ်ခါတည်းပေါင်းပြုတ်ထားလိုက်တယ်....။ အားလုံးနူးနှပ်ပြီး အိုးချခါနီး သက်သတ်လွတ်ဟင်းခတ်မှုန့်တစ်ဇွန်းထည့်တယ် ပြီးတော့ မှိုအမျှင်လေးတွေကို ရေဆေးပြီးထည့်လိုက်တယ်...။

ဘာမှိုခေါ်သလဲတော့မသိဘူး ...။ ဂျပန်ကလာတာထင်တယ် ဂျပန်စာနဲ့ဆိုတော့ တစ်ထုပ်ကိုးရာကျပ်တဲ့ စီးတီးမတ်က၀ယ်တာ...။ ဟိုတစ်ခါ ဟော့ပေါ့လုပ်စားတုန်းက ထည့်စားဖူးလို့ ကြိုက်နေတာ အဲဒါလေးတွေ့တော့ထပ်ဝယ်ပြီး ဆန်ပြုတ်ပြုတ်ဖြစ်တာနဲ့ ထည့်ကြည့်လိုက်တာ...။ ခေါက်ဆွဲလိုပဲ စားလို့ကောင်းတယ်....။


မိုးငွေ့

4 comments:

SHWE ZIN U said...

မှိုဆန်ပြုတ် မသောက်ဘူးသေးဘူး လာသောက်တယ်ညီမ

jasmine(တောင်ကြီး) said...

မသောက်ဖူးလို့ ချက်ပြီးသောက်ကြည့်အုန်းမယ်
ဒီမလေးရှားမှာတော့ အဲဒီမှိုဈေးမကြီးပါဘူး
နေရာတိုင်းနီးပါးဝယ်လို့ရနေတယ်
မနက်ဖြန်တော့ ဆီချက်ခေါက်ဆွဲလုပ်မှာမို့
sunday မှမှိုဆန်ပြုတ်နဲ့တွေ့လိုက်မယ်နော်.

regina said...

Enokitake mushroom! we called it taiwan mushroom/ golden mushroom / golden needle mushroom. cheap and medicinal..

မိုးငွေ့...... said...

thanks regina....