မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 29 June 2011

မင်းအတွက်...

ဂူဂယ်လ်မှပုံဖြစ်ပါသည်


မင်း.... သီချင်းတစ်ပုဒ်ကို သီဆိုမယ်ဆိုရင်
ကိုယ်ဟာ .... မင်းသီဆိုမယ့် သီချင်းအတွက်
လှပတဲ့ စာသားတွေကို သီကုံးပေးမယ့်သူ။

မင်း....ဇာတ်ကားတစ်ခုမှာ သရုပ်ဆောင်မယ်ဆိုရင်
ကိုယ်ဟာ... မင်းကမယ့်ဇာတ်မှာ ထိမိတဲ့
စကားလုံးတွေကို ဇာတ်ညွှန်းရေးပေးမယ့်သူ။

မင်း...ဘ၀ပြဇာတ်လေးအမြဲလှဖို့
ကိုယ်ဟာ... မင်းနောက်ကနေ
စီစဉ်ညွှန်ကြားပေးမယ့်သူ...။

အလွမ်းပြဇာတ်လေးမှာ
မင်းဝမ်းနည်းကြေကွဲတဲ့အခါ
ဟာသယဥာဏ်လေးနဲ့
မင်းအပြုံးတွေကို

အသက်သွင်းပေးမယ့်သူ။

တခါတရံမှာ ဗီလိန်နေရာကလည်း
ကိုယ်.... မင်းတွက်
ဇာတ်နာရရင်လည်းရပါတယ်။
အဲဒီလောက်ထိ
“မင်းအတွက်” ကိုယ်...ဖြစ်ချင်ခဲ့သူပါကွယ်...။ ။



မိုးငွေ့

5 comments:

Angelhlaing(May everybody be happy and healthy! said...

တခါတရံမှာ ဗီလိန်နေရာကလည်း
ကိုယ်.... မင်းတွက်
ဇာတ်နာရရင်လည်းရပါတယ်။
အဲဒီလောက်ထိ
“မင်းအတွက်” ကိုယ်...ဖြစ်ချင်ခဲ့သူပါကွယ်...။ ။

ခံစားသွားတယ်မမ..မိုက်တယ်:)

သဒ္ဓါလှိုင်း said...

မမိုး
ကဗျာလေးက နှလုံးသားကိုလှုပ်ခတ်သွားခဲ့တယ်။ အပြုံးတွေကို အသက်သွင်းပေးမယ့်သူ ဖြစ်ချင်ပါတယ်။
ချစ်တဲ့
သဒ္ဓါ

သက်ဝေ said...

မင်းအတွက်... ကိုယ်...း))

လင်းခေတ်ဒီနို said...

တခါတရံမှာ ဗီလိန်နေရာကလည်း
ကိုယ်.... မင်းတွက်
ဇာတ်နာရရင်လည်းရပါတယ်။
အဲဒီလောက်ထိ
“မင်းအတွက်” ကိုယ်...ဖြစ်ချင်ခဲ့သူပါကွယ်...။ ။
မမီးရေ ဒီစကားလုံးနဲ့တင် ဒီည မမီးပို့စ်လာဖတ်ရတာ ထီပေါက်တတ်ထက်တောင် တန်ဖိုးရှိသွားပြီဗျး)

မိုးငွေ့...... said...

ဒိုင်နိုဆောတော့ လုပ်ပီ...း)