မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Sunday, 12 June 2011

ကဗျာမျက်ရည်



-->
လွမ်းလိုက်တာ.
ပုတ်ခတ်နေတဲ့ လှိုင်းတချို့နဲ့
ကြယ်စုံညတွေကို
လွမ်းလိုက်တာ.
လေပြေတချို့နဲ့
သံစဉ်ချိုချိုတွေကို
လွမ်းလိုက်တာ
ရုပ်ရှင်အတူကြည့်ခဲ့တဲ့နေ့နဲ့
ကော်ဖီပူပူနှစ်ခွက်ကို
လွမ်းလိုက်တာ
ဘုရားကျောင်းက
ခေါင်းလောင်းထိုးသံနဲ့
မင်းဘုရားရှိခိုးနေပုံတွေကို
လွမ်းလိုက်တာ
မင်းရဲ့ အကြည့်နဲ့
ကြင်နာယုယမှုတွေကို
တွယ်တာနေမိတယ်
မင်းရဲ့ ရိုးစင်းတဲ့ စကားလုံးနဲ့
ဖြူစင်တဲ့အပြုံးတွေကို
တမ်းမက်နေမိတယ်
လေထဲက အနမ်းပျံတွေနဲ့
နှုတ်ဆက်သံလေးတွေကို
မွတ်သိပ်စွာ …….
လွမ်းဆွတ်သတိရ
မက်မော တွယ်တာမှုတွေနဲ့
ကိုယ့်ကို တကယ်ပဲ
ထားရစ်ခဲ့ပြီလား
အိန်ဂျယ်ရယ်…….။
မိုးငွေ့

3 comments:

အနှိုင်းမဲ့ said...

ဝမ်းနည်းစရာတွေ မတင်ပါဗျို့
အဆင်မပြေလို့ ငိုချင်နေပါတယ်ဆိုမှ..:(
ကဗျာကတော့ ကောင်းပါတယ်ဗျာ...
အဲလိုကဗျာတွေမရေးနိုင်တော့ပါဘူး... :(

မိုးငွေ့...... said...

ဟမ်.... မယ်နှိုင်း...ညည်းလဲ ကိုတူးတို့ဂိုဏ်းဝင်သွားပလား.....။

အဖြူရောင်နတ်သမီး said...

ဟင့်..
“အိမ်ဂျယ်”ဆိုတာ တူများကို ခေါ်တာ မဟုတ်မှန်းသိပေမယ့် ရန်ကုန်လာတုန်းက ဘုရားသွားခဲ့တာတွေ ပြန်သတိရပြီး တူများကိုများ ပြောလေသလားလို့ စိတ်သွင်းပြီး ဖတ်လိုက်တာ.. မျက်ရည်တွေကိုရွှဲရွှဲစိုပေါ့...း(

အဲလိုတိုက်ဆိုင်သွားတာ...မမိုးတို့နဲ့တွေ့ခဲ့တာ ၁နှစ်တောင်ပြည့်ပြီနော်..
လွမ်းတယ်...