မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 18 May 2011

မိုးငွေ့ရဲ့ ရိုက်ချက်

နှင်းသီးတွေ စိမ်းနေတုန်း အပင်ပေါ်မှာ

ဒီပန်းအနီလေးလည်း ထူးဆန်းတယ် အပွင့်အပြင်
အလည်ဝတ်ဆံက အသီးလိုလို အတံလေးတွေပါသေးတယ်

လှလို့သာရိုက်လိုက်တာ ပန်းနာမည်တွေကိုမသိဘူး အောက်က ပုံတွေရောပဲ
သိရင် ဘာပန်းလဲဆိုတာ ပန်းချစ်တဲ့သူတွေ ကော်မန့်မှာရေးပေးခဲ့ပါ

သူကရေစက်လေးတွေနဲ့ အရမ်းကိုလန်းနေတယ်




စက္ကူပန်းပွင့်လေးရဲ့ အလည်က ပန်းအဖြူလေးသိပ်လှတယ်

နံနံပင်နဲ့တူတယ် ဘာပန်းလဲတော့မသိဘူး
floral ထဲကတော့မဟုတ်ဘူး herb အုပ်စုထဲကထင်တယ်

ဒီ kiss me quick ကအရောင်လေးစိုတောက်နေတာပဲ

နှစ်ထပ်ပွင့်နေတဲ့ kiss me quick



မရမ်းရောင် ပိန်းပန်း

အဖြူရောင်ပန်းပန်း





ကျမ..... ပန်းတွေကိုကြိုက်ပေမယ့် နာမည်စုံသိပ်မသိဘူး....။ တကယ်ပန်းကြိုက်တဲ့သူတွေ ပန်းချစ်တဲ့ သူတွေက အိမ်ဘယ်လောက်ကျဉ်းကျဉ်း အိုးကြီး အိုးငယ်နဲ့ စိုက်တတ်ကြတယ်...။ ပွင့်လာတဲ့ပန်းတွေကို ဘုရားပူဇော်တယ်...။ ခေါင်းမှာ ဝေနေအောင်ပန်တတ်ကြတယ်...။ ပန်းတွေကို လှလို့ချစ်တယ်....။ အဲဒီအတွက် ဓါတ်ပုံရိုက်သိမ်းထားတတ်တယ် ... ဒီလောက်ပဲ...။ ပန်းလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့ အဆင့်တော့မရောက်သေးဘူး...။ တစ်သက်လုံး စိတ်ချမ်းသာချင်ရင် အပင်စိုက်တဲ့....။ တစ်ချိန်ချိန်တော့ ကျမအပင်စိုက်ဖြစ်မှာပါ....။ ခြံဝင်းလေးနဲ့ အိမ်တစ်လုံးပိုင်ခဲ့ရင် ဒါမှမဟုတ်.... မြို့ပြင်ဘက်မှာ သီးပင်ပန်းပင်တွေစိုက်နိုင်မယ့် မြေကွက်တစ်ခု ၀ယ်နိုင်ခဲ့ရင်....ပေါ့...။ ပထမဦးဆုံးစိုက်ဖြစ်မှာကတော့ စကားဖြူပင်တွေဖြစ်မယ်ထင်ပါတယ်...။ ဒါပေမယ့် သူက နှင်းဆီပန်းတွေလို ခုချက်ချင်းစိုက်ပြီး မြန်မြန်အပွင့်ပွင့်တဲ့ အပင်မျိုးတော့မဟုတ်ဘူးပေါ့...။ နှစ်ရှည်ပင်ဖြစ်သွားပြီ....။ နှင်းဆီပန်း အဖြူရောင်လေးတွေကို ကြိုက်တယ် စိုက်လည်းစိုက်ချင်တယ် ဒါပေမယ့် အပင်ကကျလာမယ့် အကောင်လေးတွေကိုကြောက်လို့.... လိုချင်ရင် ပန်းဆိုင်မှာပဲဝယ်ဖြစ်တော့တယ်...။ ပိုးကောင်လေးတွေက သူဘာသာသူနေပေမယ့် ကိုယ်က မွေးရာပါအလိုလိုရင်း သူ့ကိုကြောက်နေတာကိုး...။


မိုးငွေ့


10 comments:

အနှိုင်းမဲ့ said...

နှင်းဆီပန်းအဖြူပင်က အဲဒီအကောင်မှ မကျတာ...။
ကျတော့ကော ဘာဖြစ်လဲ ၅ ကောင်လောက်ယူပြီး လက်ပေါ်တင်ထားလိုက်ပေါ့.. :P

Mon Petit Avatar said...

I would love to plant rose, orchid, jasmine, coriander, chili, basil,mango etc. if I ever have a home and of course garden!!!

မိုးငွေ့...... said...

မယ်နှိုင်း>>...အဲဒီပိုကောင်ငါးကောင်ကို ညည်းပါးစပ်ထဲထည့်ပေးလိုက်မယ် အေးရော...။

မွန်>> အဲလိုစားပင်တွေစိုက်ရတာလဲ စိတ်ဝင်စားဖို့ကောင်းတယ် ...။ မီးဖိုချောင်ဝင်ချက်ပြုတ်ဝါသနာပါတော့ ဟင်းစားဖိုးသက်သာတယ် လတ်လတ်ဆတ်ဆတ်စားရတယ်လေ...။

ရွှေဂေါင်း said...

ကိုယ်တိုင်ရိုက်တာတွေလား

chaw said...

ပန်းလေးတွေ ချစ်ဖို့ကောင်းလိုက်တာ
သဘောကျတယ် ပန်းဆို တော်တော်များများ အားလုံးကိုကြိုက်တယ်

နေ၀ဿန် said...

ပန်းလေးတွေကို ကြည့်ရင်း ကြည်နူးလိုက်တာ...

ခင်မင်လျက်
နေ၀ဿန်

ညိမ်းနိုင် said...

အပင်တွေ ပန်းတွေ မြင်ရတာ...စိတ်သိပ်ချမ်းသာတယ်...။
အဲ့ပန်းတွေအမည်က မျောက်ပေပင်က ပွင့်တဲ့ မျောက်ပေပန်း တွေဗျ....:)

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာလေးတွေ နော်..ပန်းလေးတွေက....:):)
ကျေးဇူးပါနော်မမ..

သိင်္ဂါကျော် said...

အပေါ်ဆုံးက ပန်းအနီလေးက ထူးဆန်းတယ်နော်.. တစ်ခါမှ မမြင်ဖူးဘူး.. ချစ်စရာလေး..

အဖြူရောင်နတ်သမီး said...

အီးးးးးးးးးးးးး
မယ်နှိုင်းးးးးးးးးးးးးးးး
မမိုးက ကြောက်ပါတယ်ဆိုမှ သွားနောက်နေပြန်ပြီ...
မမိုးရေ...ရိုက်ချက်ပျင်းပျင်းနဲ့ ရိုက်ချလိုက်စမ်းပါ အဲကောင်ကို...(ပိုးကောင်ကိုပြောတာ)..:P