မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 14 May 2011

အသည်းကွဲကဗျာဆရာနှင့်တွေ့ဆုံခြင်း


သူ့ကိုတော့ သိကြမှာပါ.... ကျမတို့ရဲ့ မောင်လေး အမြဲအသည်းကွဲနေတတ်တဲ့ လွမ်းဆွေးဖွယ်ရာ ကဗျာလေးတွေကို ဖန်တီးတတ်တဲ့ ညလင်းအိမ်ပါ...။ သူရန်ကုန်ပြန်ရောက်တုန်း ဧည့်ခံကျွေးမွေးဖြစ်တာကတော့ မြေနီကုန်း စီးတီးမတ်အောက်ထပ်က Happy ခေါက်ဆွဲဆိုင်မှာပါ....။ မောင်တူးရှေ့က ပန်းကန်ကတော့ အမဲသားခေါက်ဆွဲဖြစ်ကြောင်းပါ...။ ဒီတစ်ခေါက် အမမိုးငွေ့ကိုယ်တိုင်ချက်တဲ့ဟင်းမစားလိုက်ရလို့ မောင်တူးပွစိပွစိလုပ်သေးတယ်....။ အချိန်မရလို့ ပြန်ခါနီးတော့ မိုးငွေ့လက်ရာ ငါးပိထောင်းလေးနည်းနည်းနဲ့ မြစ်ကြီးနားကလက်ဆောင်ရတဲ့ ဆီတိုဖူးလေးထည့်ပေးလိုက်ပါတယ်....။


အရံအမြည်းလေးတွေ တိုဖူးခြောက်ကြော်နဲ့ ငှက်ပျောသီးကြော်....


ဒါကတော့ သက်သတ်လွတ် ရှမ်းမုန့်တီအရည်ပါ....။ ခုတလော သက်သတ်လွတ်စားဖြစ်နေလို့.... အဲဒီမုန့်တီလေးမှာစားတာ တော်တော်လေးကောင်းတယ်...။ တခြားဘလော့ဂ်ဂါတွေနဲ့တော့ မတွေ့ဖြစ်ပါဘူး...။ အဲ....ဒါပေမယ့် ခေါင်ခေါင်နဲ့တော့ ပါရမီလမ်းက ပင်လယ်စာနဲ့ မုန့်တီအတူသောက်ဖြစ်ခဲ့တယ်...။


မိုးငွေ့

4 comments:

လင်းခေတ်ဒီနို said...

ကျနော်လာ လို့က စီဒိုးနားမှ မကျွေးရင်တော့လား ဟွန်း ဟွန်းး)))) ဆီအိုးနား လိုက်ကြွေးရမယ်လို့ ပြောတား))))

Angelhlaing(May everybody be happy and healthy! said...

အားကျထှာ....နော်..စားချင်လို့:):)
....ကောင်းသောနေ့လေး ဖြစ်ပါစေမမရေ။

ညလင်းအိမ် said...

ဟောဂျာ ... မမီးတော့ လုပ်ပြီ ...

ဒါနဲ့စကားမစပ် ငါးပိထောင်း စားကောင်းလိုက်တာ ...း)

မောင်ဘကြိုင် said...

အဲကောင်လေး အသဲကွဲတာလဲမပြောနဲ့လေဗျာ
း) ကွဲကိုကွဲနိုင်လွန်းတယ် ဒါကြောင့် ကဗျာလေးတွေ လွမ်းချင်စရာကောင်းနေတား)း)