မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 6 May 2011

ကြယ်မိုး




အိန်ဂျယ်ရေ....


မင်း...ရောက်လာမလားလို့

ဟောဒီ တောင်ကုန်းပေါ်ကနေ

ကိုယ်စောင့်မျှော်နေရတာ

မောလှပြီ...

လင်းလိုက်... မှောင်လိုက်

ကောင်းကင်တွေ

အရောင်အမျိုးမျိုး
ပြောင်းလဲ

မင်းရောက်မလာခဲ့ဘူး..။

ခုတော့........

ဒီညမှာ သွန်းဖြိုးမယ့်

မျက်ရည်မိုးနဲ့

ကောင်းကင်ကရွာချမယ့်

ကြယ်မိုးနဲ့အတူ

ကိုယ်ထပ်လွမ်းနေရဦးမယ်...။


မိုးငွေ့

11 comments:

သိင်္ဂါကျော် said...

ဒီနေ့ မနက် ၃ နာရီလောက်က ကြယ်မိုး ရွာမယ် ဆိုလားပဲ.. မိုးတွေကလည်း ရွာလို့...။အိပ်ကောင်းတဲ့ အချိန်ဆိုတော့ သိလည်း မသိလိုက်ပါဘူး..။

လင်းခေတ်ဒီနို said...

လင်းလိုက် မှောင်လိုက် မင်းရောက်မလာခဲ့ ကြယ်တွေတောင် မှောင်လို့ ငါ့ရက်ခွင်လည်း တံခါးပိတ်ခဲ့ရပြီး . . . .

ခင်မင်စွာဖြင့် . . .

ဆက် စ ပါဦးမည်

တံခါးပိတ်ရမှာပေါ့ မပိတ်ရင် ည ဧည့်စာရင်းလာစစ်ရင် အလှုခံထည့်နေရဦးမှား))))


ခင်မင်စွာဖြင့် . . .
ဒီတခါတော့ တကယ်ပါး)))
ဗညား

မိုးငွေ့...... said...

ဒိုင်နိုဆောကြီးတော့.............မမြင်ဖူးရင် လာကြည့်ကြပါ အလွမ်းအဆွေးကဗျာလေးတွေ စပ်တတ်တဲ့ ဒိုင်နိုဆောကို............

jasmine(တောင်ကြီး) said...

ကဗျာကောင်းလေးကိုပြည့်ပြည့်၀၀ခံစားသွားပါတယ်

အလင်းသစ် said...

ကဗျာလေးကို ထိထိရှရှ ခံစားသွားခဲ့ပါတယ်ဗျာ။။။

Angelhlaing(May everybody be happy and healthy! said...

အိန်ဂျယ်ရေ....

မင်း...ရောက်လာမလားလို့

ဟောဒီ တောင်ကုန်းပေါ်ကနေ

ကိုယ်စောင့်မျှော်နေရတာ

မောလှပြီ...။..အစပျိုး ကထဲက ညီမလေးကိုများ
ပြောနေသလားလို့..:):):)

blackroze said...

အခုညီမနေတဲ့နေရာမှာလည်းမိုးတွေနေ့စဉ်ရက်ဆက်ရွာတယ်အမရေ..

ကဗျာလေးဖတ်လိုက်ရတော့
မိုးရွာနေတာလေးတောင်ပိုအဓိပ္ပါယ်ရှိသွားသလိုဘဲ

မိုးစက်အိမ် said...

အလွမ်းမိုးတွေက ဘယ်တော့မှစဲမတုန်း မိုးကြီးရ
လုပ်တော့လေ မိုးတွေတိတ်အောင် နေသာလေလာ
တဲ့အခိုက်လေး ဖြစ်အောင် :P

မိုးငွေ့...... said...

မိုးစက်အိမ် >> မိုးလေးပျောက်နေတာကြာပြီ ဘယ်ကပြန်ပေါ်လာသလဲ...။
အိန်ဂျယ်လှိုင် >> တို့အိန်ဂျယ်က နတ်သားလေးပါ...။

မတတ်တခေါက်ကဗျာလေးကို လာအားပေးကြတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်...

ခင်တဲ့
မိုးငွေ့

အဖြူရောင်နတ်သမီး said...

အိမ်ဂျယ်လေးကပြောတယ်...
လာမလို့ လုပ်နေတာ ကားနောက်ကျသွားလို့တဲ့..
လာမှာ..လာမှတ်...စိတ်ချ..မပူနဲ့တဲ့..

နတ်သမီးကို ပြောခိုင်းလိုက်တယ်..
အလုပ်တွေရှုပ်နေလို့ မမိုးရေ...
ခုမှအကြွေးတေလြာဆပ်ရတယ်..

ညလင်းအိမ် said...

ကဗျာလေး ကောင်းဧ။် ..