မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 22 April 2011

သင်္ကြန်တွင်း ချက်စားဖြစ်သော ...

သာကူနဲ့ ကန်ဇွန်းဥအချိုပွဲ အုန်းသီးဖတ်လေးဖြူး
ပုံကရိုက်တာဝါးသွားတယ်....

မုန့်ကြာစေ့ အုန်းသီးနဲ့

မုန့်ကြာစေ့ အုန်းသီးမပါ

ရေညှိ၊ ခါဂျက်ဥ၊ အသီးစုံငါးချောင်း

ကြက်သားပြုတ်ရည်ဆူဆူထဲကို အပေါ်က အစာပလာတွေထည့်လိုက်
သောက်ခါနီး ငရုတ်ကောင်းလေးခတ်

ပြောင်းမှုန့် ကြက်သားမှုန့် ငရုတ်ကောင်း ဆားနဲ့ နယ်နှပ်ထားတဲ့ ၀က်နံရိုး

ဝက်နံရိုးကြော်ပူပူလေး သုံးဆောင်ပါဦး

ပဲသွေးနဲ့ ၀က်အူချောင်း

ဆီပူပူမှာ ကြက်သွန်နီလေးထည့်မွှေ ပြီးရင် ပဲသွေးနဲ့ ၀က်အူချောင်းထည့်
ပဲငံပြာရည်အကြည် ခရုဆီလေးနဲ့ကြော်...

ပဲသီးတောင့်ရှည် ရေနွေးဖျော.. ကြက်သွန်ဖြူဆီချက်...မြေပဲဆံထောင်း
ကြက်သွန်နီပါးပါးလှီး သံပုရာသီးစတာတွေကို အသင့်ပြင်ထား

သက်သတ်လွတ်ပဲသီးသုပ်တစ်အပွဲရပြီ

မရမ်းသီးဆားစိမ် အစေ့ထုတ် ခရမ်းချဉ်သီးပါးပါးလှီး ကြက်သွန်ဖြူနီ အနှစ်ထောင်း ငရုတ်သီးစိမ်း

အနှစ်ကိုဆီသတ် မွှေးလာရင် ခရမ်းချဉ်သီးထည့်လှိမ့် နွမ်းလာရင် မရမ်းသီးထည့် ဆားလျှော့ထည့် အချိုမှုန့်နည်းနည်းခပ်... အိုးချခါနီး ငရုတ်သီးစိမ်းလေးထည့်လိုက်
ရပြီသက်သတ်လွတ် မရမ်းသီးဆားစိမ် ငါးပိချက်

ပဲပြားကြက်ဥမွှေကြော်အတွက် လိုအပ်တာက
ပဲပြားတစ်တွဲ ကြက်ဥနှစ်လုံးကို ဟင်းခတ်မှုန့်နဲ့ နာနာခေါက်ထား

ခေါက်ထားတဲ့ ကြက်ဥထဲကို ပဲပြားချေထည့် ငရုတ်ကောင်းနည်းနည်းထည့်ပြီး သမထားလိုက်

ဆီဆူဆူမှာ သမထားတဲ့ ကြက်ဥနဲ့ပဲပြားကိုထည့်ကြော်...
ဟော...ပဲပြားကြက်ဥကြော်ရပြီ....

ပဲထောပတ်ချဉ်ဟင်းရည်
ပဲထောပတ်ကိုပြုတ်ထား နူးလာရင် ကြက်သွန်ဖြူနီ ဂျင်းထောင်းထားတာကို ဆီသတ် မဆလာလေးနည်းနည်းဖြူးပြီး ပဲပြုတ်အိုးထဲလောင်းထည့် အပေါ့အငန်မြည်းပြီးငါးမိနစ်လောက်ထည်တည်ထားလိုက်ရင်ရပြီ

ကြက်သွန်ဖြူလေးဆီသတ် နနွင်းလေးနည်းနည်းထည့်ပြီး အတုံးလိုက်လှီးထားတဲ့ ရွှေဖရုံသီးကို ဆယ့်ငါးမိနစ်လောက်နှပ်ထားလိုက် သကြားလေးနည်းနည်းထည့်



မိုးငွေ့

5 comments:

ချစ်ကြည်အေး said...

မရမ်းသီးဆားစိမ် ငါးပိချက်....ထမင်းပူပူလေးနဲ့ နယ်စားချင်တယ်။ မုန့်ကြာစေ့လည်း ကြိုက်တယ်....ပြန်လာတုန်းက မစားခဲ့ရပါဘူးအေ....

SHWE ZIN U said...

မုံကြာစေ့ အုန်းသီးနဲ့ ပဲသီးသုပ် ဝက်နံရိုးကြော် များများ ဆွဲသွားပြီ


ခင်မင်စွာဖြင့်
ရွှေစင်ဦး

Angelhlaing(May everybody be happy and healthy! said...

စားချင်စရာလေးတွေ မို့ နည်းနည်းကျွေး...:):):)
အဟီးးး
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

အဖြူရောင်နတ်သမီး said...

မရမ်းသီးချက်လေး စားချင်ပေမယ့်..
ဗိုက်နာနေလို့ စားလို့ရသေးဘူး...း(

ဒီတခါ ရန်ကုန်ပြန်လာရင် ချက်ကျွေး.....
ဟင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်က ပုံတွေ ခပ်တည်တည်နဲ့ကြည့်လာပြီး မရမ်းသီး ဆားစိမ်ချက်လည်း ရောက်ရော တံတွေးတွေ ပါးစပ်ထဲ ပြည့်လာတယ်
သွားရေကျတယ်ဆိုတာ ဒါဘဲနော်း)