မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 29 March 2011

မိုးငွေ့တို့အိမ်...


ဒါ.... ကျမ... ကျမတို့ ငယ်ငယ်တုန်းက နေခဲ့တဲ့ အိမ်ပါ....။ အိမ်က နှစ်ထပ်အိမ် အရှေ့ပိုင်းကို ခေါင်မိုးမမိုးပဲ ဖလက်ခင်းထားတာပါ.....။ ငယ်ငယ်တုန်းက မိုးတွေရွာလာရင် လူကြီးတွေမသိအောင် တက်တက်ဆော့ခဲ့ဖူးတယ်...။ အိမ်ရှေ့က ကိုင်းကျလာတဲ့ ကုက္ကိုပွင့်တွေကို ခူးခူးဆော့ဖူးတယ် အဲဒီပေါ်ကနေ...။ အနောက်ဘက်မှာ အုတ်နံရံတစ်ချပ်ကျန်ခဲ့တယ် ..။ အဲဒီမှာ မြင်နေရတဲ့ ပြူတင်းပေါက်က အဖိုးရဲ့အိပ်ခန်းပဲ...။ ခုလိုအဖြစ်မျိုးမြင်ရတာ မယုံနိုင်စရာပါပဲ.....။ မနက်မိုးလင်းတိုင်း အဲဒီအဖြစ်အပျက်ကို အိပ်မက်တစ်ခုလိုပဲ ထင်နေမိတယ်...။ အဖြစ်အပျက်ညကများဆိုရင် တကယ်ရင်ဆိုင်နေရသူတွေ ဘယ်လောက်များ သွေးပျက်နေကြမလဲ...။ မြေကြီးကွဲအက် မြည်ဟီးသံ တိုက်ပြိုတဲ့အသံ လူတွေ အော်ဟစ်ငိုကြွေးနေမယ့်အသံနဲ့ တကယ့် လောက ငရဲပါပဲ.....။ ဘာပဲဖြစ်ဖြစ် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို နှမြောတသ လွမ်းဆွတ်နေမိတော့တယ်....။ ပို့စ်တွေရေးတဲ့ အထဲမှာ ဒီပို့စ်ကိုရေးရတာ ရင်အနာဆုံးပဲ....။ ရင်ဘတ်ထဲ နုံးခွေနေတယ်...။

အခြားအခြားသော ရွာတွေမှာ ငလျင်ဒဏ်သင့်သူတွေ ပစ္စည်းအသုံးအဆောင် အစားအစာ သောက်ရေတွေလိုအပ်နေပါတယ်...။ အကယ်၍များ လှူဒါန်းလိုတယ်ဆိုရင် coralnyo@mail.com ကျမရဲ့ အီးမေးလ်လိပ်စာလေးကို ဆက်သွယ်နိုင်ပါတယ်....။ တာချီလိတ်မှာ ရှိတဲ့ ကျမမောင်လေးတစ်ဝမ်းကွဲက လိုအပ်မယ့် ပစ္စည်းများကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးဖို့ကိုလဲ အကူညီတောင်းထားပါတယ်...။ လောလောဆယ်အချိန်မှာတော့ သူလည်း အိမ်ပြိုအိမ်ပျက်တွေရှင်းလင်းရေးမှာ လုပ်အားပေးကူညီနေပါတယ်...။ ရရှိလာမယ့် အလှူငွေ နဲ့ ပစ္စည်းများကို ဓါတ်ပုံနဲ့တကွ ကျမဘလော့ဂ်မှာ ပြန်တင်ပေးမှာပါ...။ ခုလို အလှူမျိုးကို တစ်ခါမှ မကောက်ခံခဲ့ဖူးပါဘူး...။ ခုက ကျမကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်တာကြောင့် တတ်နိုင်တာလေးကို လုပ်ပေးချင်တာပါ...။ ကုသိုလ်ဖြစ်ပါဝင်ချင်တဲ့ သူငယ်ချင်းတို့ကို နိုးဆော်လိုက်ရပါတယ်...။
နိုင်းနိုင်းစနေရဲ့ ပို့စ်မှာလဲ အလှူခံထားတာတွေ့ပါတယ်....။ နီးစပ်ရာ အလှူခံထည့်လို့ရပါတယ်...။ မြန်မာပြည်မှာ စိုင်း... စကာင်္ပူမှာ ဘွိုင်းဇ်.... အမေရိကားမှာ နိုင်းနိုင်းတဲ့....။


မိုးငွေ့


15 comments:

အဖြူရောင်နတ်သမီး said...

စိတ်မကောင်းများစွာဖြစ်မိပါတယ် မမိုးရေ...
သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး အလှူငွေထည့်လိုက်မယ်နော်..။
လောလောဆယ်တော့ ဒီနည်းနဲ့ပဲ ကူညီဖို့ အဆင်ပြေမှာ ...။

ချစ်ကြည်အေး said...

စိတ်မကောင်းလိုက်တာ ညီမမိုးရယ်.... တတ်နိုင်သလောက် လှူပါမယ် ညီမ....:(

pandora said...

ကိုယ့်အတွက်လည်း ကိုယ်ပိုင်အိမ်ကလေး ဆိုတာ မိသားစုတွေ ကြိုးစားတည်ဆောက်ခဲ့ရပြီး အရမ်းမြတ်နိုးကြတာမို့ အခုလိုဆုံးရှုံးရတာကို တကယ်ကို ကိုယ်ချင်းစာနာ စိတ်မကောင်းဖြစ်ရပါတယ် မိုးငွေ့ရေ။

rose said...

စိတ်မကောင်း များစွာ ဖြစ်ရပါတယ် မမိုးငွေ့။ ကျွန်မလည်း အိမ် နေရာ သံယောဇဉ် ကြီးတတ်သူ တစ်ယောက်မို့ ကိုယ်ချင်းစာမိပါတယ်။

ကိုဇော် said...

ထပ်တူ ထပ်မျှ စိတ်မကောင်း ဖြစ်မိပါတယ်ဗျာ။
ငလျင်ဒဏ် ခံရတာချင်း ဖြစ်ခဲ့တဲ့ နိုင်ငံချင်း အတူတူ ထောက်ပံ့ ကူညီမှု ကွာတဲ့ အုပ်ချုပ်သူတွေကိုလည်း အံ့သြစိတ်မကောင်း ဖြစ်ရပါတယ်။ တတ်နိုင်သလောက် ကူညီမှာပါ။

မိုးငွေ့...... said...

အားပေးကြတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်....။

ms. whitecrystal said...

မလေးမှာ organize လုပ်ပေးနိုင်မယ့်သူကို သိချင်တယ် ညီမရေ။ ထိုင်းကတော့ မနိုင်းပေးတဲ့ ဘဏ်ကို လှူရင် လွယ်ပါတယ်။ ထပ်သိရရင် သတင်းပေးပါအုံးနော်။

ရွှေရတုမှတ်တမ်း said...

ဟာ....တအားပျက်စီးသွားတာကိုး...
ဝိုင်းဝန်းကူညီကြတာပေါ့..

အင်ကြင်းသန့် said...

စိတ်မကောင်းလိုက်တာ....
အစ်မမိုးငွေ့ဘယ်လိုခံစားရမယ်ဆိုတာ နားလည်မိတယ်။း((

SHWE ZIN U said...

ညီမ မိုးငွေ့ ရေ

စိတ်မကောင်းဖြစ်ရပါတယ်

အမရွှေစင်ဦး

သက်ဝေ said...

မြင်ရတာ တကယ် စိတ်မကောင်းဘူး...း((
အိမ်သားတွေတော့ ဘေးအန္တရာယ် ကင်းတယ် မဟုတ်လားဟင်...

ညီဇံလှ said...

စိတ်မကောင်းခြင်းများနဲ့ ပါ..ကမ္ဘာကြီးဟာ ထင်ရာစိုင်းဖို့  အရွယ်ရောက်နေပြီ...

စော(အဝါရောင်မြေ) said...

coralnyo@mail.com
အီမေးလ် လိပ်စာက Gmail မဟုပ်လား။
စာပို့ ထားတယ် ပြန်ဖြေဦးနော်

blackroze said...

မကြီးမိုးငွေ့ရေ...
အရမ်းစိတ်မကောင်းဖြစ်ရပါတယ်..
ထပ်တူထပ်မျှပါအမေ၇..

noblemoe said...

ထပ်တူထပ်မျှစိတ်မကောင်းဖြစ်ရပါတယ်။
ကိုယ်ရောစိတ်ပါအမြန်ကျမ်းမာလာပါစေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး