မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 11 February 2011

မိုးငွေ့ချစ်သော ဖန်စီလေးများ....

Blazon က Valentine's အတွက် ခင်းကျင်းထားတဲ့ အရုပ်တွေ


ကျမ..သိပ်...ကိုရူးသွပ်ပြီး စုဆောင်းထားတဲ့ ဖန်စီးပစ္စည်းလေးတွေပါ...။ ကျမက ပစ္စည်းတစ်ခုဝယ်ရင် သူများတွေသိပ်မ၀ယ်တဲ့ ခပ်ရှားရှားဒီဇိုင်းလေးတွေကို ရွေးဝယ်လေ့ရှိတယ်...။ ဗစ်တိုးရီးယားဘက်ခမ်း ရဲ့ဈေးဝယ်နည်းကို သဘောကျတယ် သူကဈေးဝယ်ရင် ဂန္တ၀င်ဖြစ်မယ့် ပစ္စည်းမျိုးပဲအဓိက ၀ယ်ပါတယ်တဲ့...။ ပစ္စည်းတစ်ခုဝယ်ရင် အရမ်းခေတ်ထနေတဲ့ ဟော့ဖြစ်နေတဲ့ပစ္စည်းမျိုး လူတိုင်းကိုယ်ပေါ်မှာ ရောက်နေတဲ့ ပစ္စည်းမျိုးဘယ်တော့မှမ၀ယ်ဘူး။ အဲလိုပစ္စည်းက ခေတ်စားတုန်းပဲကောင်းတာ နောက်ဆိုရိုးသွားရော... ဒီတော့ ဘယ်တော့မှမရိုးတဲ့ အမြဲဆန်းသစ်နေတဲ့ ဒီဇိုင်းမျိုးကိုပဲကြိုက်တယ်...။ အောက်မှာပြထားတဲ့ပုံတွေထဲကတော့ ကျမသိပ်ကြိုက်တဲ့ လက်စွပ် ဆွဲကြိုး လက်ကောက်နဲ့ နားဆွဲတွေပါပဲ...။ နားပေါက်မရှိတဲ့ကျမအတွက် ကပ်နားကပ်ကွင်းနဲ့ပဲဝတ်ရပါတယ်...။


အနီရောင်ကွင်းနဲ့က လက်ပတ်ကြိုးလေး အဲဒါနောက်ဆုံးဝယ်ဖြစ်တာ



မမသက်ဝေကြိုက်တဲ့ လက်ကောက်လေးတွေ

အပြာရောင်ပုတီးတွေက တာချီလိတ်ကအဒေါ်ကိုယ်တိုင်သီပေးထားတာ

ခြူပါတဲ့ ခြေကျင်း လမ်းလျှောက်ရင် အသံမြည်လို့ သိပ်တော့မ၀တ်ဖြစ်ဘူး ချစ်လို့ဝယ်ထားတာ

ကျောက်စိမ်းနဲ့ကြေးနီရောင်ပုတီလေးတွေကိုတစ်ကြိုးစီသီပြီးလိမ်ထားတဲ့ ခြေကျင်း

ခရုနဲ့ခြူတွဲပြီးသီထားတဲ့ ခြေကျင်း

ဒီဗူးလေးက ဆွဲကြိုးနဲ့လက်ကောက်တွေအပြည့်ထည့်ထားတာ

ဒီဗူးလေးကတော့ လက်စွပ်နဲ့ နားဆွဲလေးတွေထည့်တာ

ကျောက်ရောင်စုံ ဖန်စီလက်ကောက်

ခရုကမာ ပန်းပုံဆွဲကြိုး

ပုလဲနဲ့သလင်းကျောက်သီထားတဲ့ဆွဲကြိုးနဲ့လက်ကောက်


အဲဒီစိမ်းပြာရောင်နဲ့ ပန်းရောင်မီးလုံးလေးလိုပုံစံဆွဲသီးလေးက
ဂျပန်ရိုးရာထုံးတမ်းအရ ဆွဲနေရင်းနဲ့ မတော်တဆ အညှာလေးကျိုးသွားရင် ဆုတောင်းပြည့်သတဲ့ကွယ်...



ချစ်သူများနေ့မှာ ကိုယ့်ချစ်သူအတွက် လက်ဆောင်ဝယ်ပေးချင်တဲ့ ကိုကို မောင်မောင်တွေအတွက် နမူနာလေး တင်ပေးလိုက်ပါတယ်ရှင့်....။


မိုးငွေ့

6 comments:

rose said...

အိုး... ဖန်စီ ပစ္စည်းလေးတွေ အများကြီးပဲ... ဆိုင်ဖွင့်ပြီး ရောင်းလို့တောင် ရနေပြီ။ မမိုးငွေ့ရေ... ရို့်စ်ကိုလည်း လက်ဆောင်လေး တစ်ခုလောက် ပေးပါလားပာင်း)

မိုးငွေ့...... said...

ရို့်စ်က ဘယ်တစ်ခုကြိုက်လဲ...

သက်ဝေ said...

ညီမ စုထားတာတွေ အများကြီးပဲနော်...
အားလုံး ချစ်စရာလေးတွေချည်းပဲ...း))

မြူးမြူး said...

ဓမြလာတိုက်ချင်စိတ်ပေါက်လာပြီနော်.. အားလုံးလှ.. အကုန်လုံးကြိုက်စ်စ်..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

လှလိုက်တဲ့ ဖန်စီလေးတွေ မမိုးရယ်
လိုချင်လိုက်တာ ဟိဟိ
ဆိုင်ဖွင့်ပါတော့လားနော်
တကယ် မနာလိုတော့ဘူး လှတပတတွေချည်းဘဲ

ညလင်းအိမ် said...

အဟီး လိုချင်တယ် .. ဒါပေမယ့် ကျနော်မှ ၀တ်လို့မရတာ ...း(