မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 21 January 2011

ဆတ်သားခြောက်ကြော်..


ကျိုက်ထီးရိုးဘုရားသွားဖူးတုန်းက ၀ယ်ခဲ့တဲ့ ဆတ်သားခြောက်...။ တစ်ဆယ်သားကို သုံးထောင်တဲ့...။ အဲဒါရေဆေး ခုတ်ထစ်ပြီး ကြော်လိုက်တာ တစ်ပွဲစာရတယ်....။ ဆီဆူဆူမှာ ငရုတ်သီးစိမ်းပွရှည် အစောင်းလိုက်လှီးထားတာကို အကြွပ်ကြော်ပန်းကန်ထဲဆယ်ထား...။ အခွံပါဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကို ဆက်ပြီးထည့်ကြော် ကြက်သွန်မွှေးလာရင် အသားတုံးလေးတွေထည့် ဆီနဲ့ခပ်ကြာကြာလေးလှိမ့်ပြီး အိုးချခါနီးမှ ငရုတ်သီးကြော်ကိုထည့်ရောမွှေလိုက် ဒါဆိုရပြီ....။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးနံ့မွှေးနေတဲ့ ဆတ်သားခြောက်ကြော် ကြွပ်ကြွပ်လေး.... ဘီယာနဲ့မြည်းဦးမလား...ကောင်းမှကောင်းပဲ...။ ကောက်ညှင်းပေါင်းပူပူလေးနဲ့းစားလဲ သိပ်ကောင်းပါတယ်...။

မိုးငွေ့

5 comments:

rose said...

ဆတ်သားခြောက်ကြော်လေး ကြည့်ပြီး သွားရည်တွေ ကျကုန်ပြီ ပာင့် စားချင်လိုက်တား)

PhyoPhyo said...

စားချင်စရာ
ခင်မင်တဲ့

zue said...

မိုးငွေ့ရေ...
စားချင်လိုက်တာ...း(

အဖြူရောင်နတ်သမီး said...

ခြေ၄ချောင်း စားဘူး...
ဘုရားလှူထားလို့...
ကြည့်ပဲ ကြည့်သွားတယ် မမိုးရေ....
မမိုးတို့ကတော့ အချက်အပြုတ်တော်ပ..
တကယ့် အိမ်ရှင်မကောင်းတယောက်ပါပဲ...

နိုင်းနိုင်းစနေ said...

အဲဒီအသားခြောက်ကိုလေ.. မီးကင်လိုက်.. မွှေးလာရင် မွမွထုပြီး.. ငရုတ်သီးစိမ်း.. ရှမ်းနံနံနဲ့ ထောင်းစားကြည့်... ဆွေမျိုးမေ့သွားမယ် :P