မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 31 December 2010

ပုဇွန်မြေအိုးခေါက်ဆွဲ...








2011 နှစ်သစ်ကို ချီတက်ဖို့.... 2010ရဲ့...ဒီဇင်ဘာနောက်ဆုံးရက် 31ရက်နေ့ကို ကျမက ပုဇွန်မြေအိုးခေါက်ဆွဲပေါင်းလေးနဲ့ တည်ခင်းချင်ပါတယ်...။ နှစ်သစ်ရဲ့နေရောင်ခြည်နုနုဆီ ရှေ့ဆက်ဖို့ နှစ်ဟောင်းကို နွေးထွေးစွာ နှုတ်ဆက်တဲ့သဘောနဲ့ ဒီလို ချမ်းချမ်းစီးစီး ရာသီလေးမှာ ကျမရဲ့ ပုဇွန်မြေအိုးခေါက်ဆွဲ ပူပူနွေးနွေးလေးနဲ့ ပနံသင့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...။

ပထမဆုံး ဂျုံခေါက်ဆွဲကို ပြုတ်ပြီး ကြက်သားတောက်တောက်စင်းထားတာနဲ့ အရင်ကြော်ထားပါတယ်...။ ပုဇွန်တွေကို ရေစင်စင်ဆေး ကျောခွံကို ကပ်ကြေးနဲ့ညှပ်ပြီး အညစ်အကြေးတွေကိုထုတ်ရပါမယ်...။ မြေအိုအောက်ခြေကို နံနံပင်အမြစ်ခင်းမယ်... ပုဇွန်တွေကိုစီထည့်မယ်... ကြော်ထားတဲ့ခေါက်ဆွဲထည့် မုန်ညင်းဖြူ နဲ့ဥနီထည့် ကြက်သားမှုန်လေး နဲ့ ရေနွေးမဆိုစလောက်လေးထည့်ပြီး မီးနဲနဲလေးနဲ့ မီးဖိုပေါ် အများဆုံး ဆယ်မိနစ်လောက်တင်ထားပြီးရင် အိုချပြီးစားလို့ရပါပြီ....။

မိုးငွေ့

8 comments:

ဧပရယ်လ်ပူး@ပူးတေ said...

စားချင်စရာလေး...အဝတီးသွားတယ် မမမိုးငွေ့ရေ မမရေ happy new year ပါလို့ ကြိုနှုတ်ဆက်ထားမယ်နော်...

ချမ်းလင်းနေ said...

Happy New Year နဲ့အတူ ပုဇွန်မြေအိုးခေါက်ဆွဲ စားသွားပါတယ်ဗျာ။ နှစ်သစ်မှာပျော်ရွှင်ပါစေ။

အဖြူရောင်နတ်သမီး said...

Happy New Year ...ပါ မမိုးရေ...
ပုဇွန်မြေအိုးခေါက်ဆွဲလေး စားသွားတယ်နော်...
ပါဆယ်ထုပ်သွားလို့ရော ရလားဟင်..
ဟိ

နိုင်းနိုင်းစနေ said...

စားချင်ပါတယ်...
ပဲငပိနံ့သင်းသင်းနဲ့ မြေအိုးမြီးရှည်လေးလဲ စားချင်ပါတယ်...
ခုချိန်မှာ ဘာမှမချက်ချင်တာကြောင့်
ကျွေးတာအကုန်စားပါမယ်း)

ဆူးသစ် said...

လာလည်၍ သဘောကျနှစ်ခြိုက်သွားပါကြောင်း

Khinmarlaraung said...

ခေါက်ဆွဲလေးစားရင်း
နှစ်ဟောင်းရဲ့ ခေါက်ခဲ့စရာရှိတာတွေခေါက်ထားခဲ့ရင်း
HAPPY NEW YEAR ပါ မရေ။ :)

..ခင်မင်လျှက်...ခင်မာလာအောင် :)

ရွှေရတုမှတ်တမ်း said...

စားစရာချည့် ပြပြနေတယ်ဗျ...အီး...ဟီး...ဟီး...ရွှတ်

blackroze said...

2011 ကိုပုဇွန်မြေအိုးလေးစားပြီး
စတင်လိုက်ပါကြောင်း....