မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 21 December 2010

ရှမ်းပြည်ကလက်ဆောင်


မုန်ညင်းချဉ် ၊ ပါပလာလို အချပ်လေးနဲ့က သရေပွကြော်လိုပဲ ၀က်အရေခွံကိုကြိတ်ပြီး အချပ်ကလေးတွေ ပြန်လုပ်ထားတာ မီးမျှင်းမျှင်းလေးနဲ့ ကင်စားရတယ်...။ ကောက်ညှင်းကျည်တောက်ကတော့ အုန်းနို့နဲ့ မြေပဲဆံပါတယ် ဆိမ့်ဆိမ့်မွှေးမွှေးလေးနဲ့...။ နောက်ခေါပုတ်ချပ်...။ အုန်းသီးနုကို မီးဖုတ်ပြီး အခွံခွာထားတာ...။ အုန်းရေလေးက ရိုးရိုးအုန်းစိမ်းရေလိုမဟုတ်ဘဲ မီးဖုတ်ထားတဲ့အနံ့သင်းသင်းလေးနဲ့ ချိုပြီး သောက်လို့ ကောင်းတယ်...။ ဒီမနက်တော့ ခေါပုတ်ကို တောမှာလိုမီးသွေးမီးမဖိုနိုင်တော့ ခေါပုတ်ကို ကပ်ကြေးနဲ့ညှပ်ပြီး ပန်းကန်ထဲထည့် Microwave ထဲနွှေးလိုက်တယ်...။ မီးကင်ထားသလိုပဲ စားကောင်းတယ် နို့ဆီနဲ့တို့စားတာ...။




မျှစ်ဒုက္ခ ၊ ရှမ်းဝက်အူချောင်း ၊ မကျည်းသီးမှည့်အချို ၊ ယိုးဒယားငရုတ်သီးထောင်း....။ မျှစ်ဒုက္ခဆိုတာက ငါးဒုက္ခကလာတာ...ရှမ်းပြည်မှာ အဲဒါကို ကောက်ညှင်းပေါင်းနဲ့စားကြတယ်...။ ငါးခူကို ကျောကခွဲပြီး အူထုတ် ငရုတ်သီးထောင်းပြီး အစာသွပ် ထက်ပိုင်းချိုးပြီး နှီးနဲ့တုပ် ဆီများများထဲထည့်ကြော်...။ မျှစ်လဲဒီလိုပဲ မျှစ်ပြုတ်ထားပြီးသားကို အပ်လေးနဲ့ အမျှင်လုပ်လိုက်တယ် အရင်းကနေခွဲပြီး အထဲမှာ ငရုတ်သီးထောင်းထည့် ပြန်ခေါက်ပြီး နှီးနဲ့ချည် ဆီပြန်ကြော်... ဒါပါပဲ...။ ၀က်အူချောင်းကတော့ အထဲမှာ နနွင်း စပါးလင် ငရုတ်သီးပါတယ်။

မိုးငွေ့

5 comments:

blackroze said...

ကဲ..မကြီးမိုးငွေ့ရေ...
ရှမ်းပြည်ကလက်ဆောင်တွေ..
လာယူသွားပီနော်..

SHWE ZIN U said...

အမယ်လေးဗျာ စားချင်စရာလေးတွေ ကြီးဘဲ


ခင်မင်စွာဖြင့်
ရွှေစင်ဦး

နိုင်းနိုင်းစနေ said...

မျဉ်ဒုက္ခနဲ့ ငရုတ်သီးထောင်း စားချင်တယ်..
နောက်... ခေါပုပ်စားချင်တယ် :)

မိုးယံ said...

ခေါပုတ် ချားချင်ဒယ်.....

Sint said...

I haven't taste "ခေါပုတ် and ကောက်ညှင်းကျည်တောက်" in Years.I miss it. Thank you for sharing the pictures.