မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 16 December 2010

တရုတ်ထမင်းကြော်



ဒါကတော့ Asian rice cook စာအုပ်ထဲက ဖတ်ပြီး မနက်စာစမ်းကြော်စားကြည့်တာ....။ သူ့ထဲမှာတော့ ငရုတ်ကောင်းမှုန့်မထည့်ပေမယ့် ကျမ ထမင်းကြော်လေးမှာတော့ ငရုတ်ကောင်းလေးဖြူးလိုက်တယ်...။ ငရုတ်ကောင်းနံ့ မွှေးပြီး ပဲငံပြာရည် ကြက်ဥ အရသာလေးနဲ့ တစ်မျိုးစားကောင်းတယ်....။ ကြော်နည်းလေး ပြောပြမယ်နော်...။


ပါဝင်ပစ္စည်းများ

၁)အအေးခံထားတဲ့ ထမင်း လေးယောက်စာ
၂)၀က်အူချောင်း သုံးချောင်း(တစောင်းလေးပါးပါးလှီးထား)
၃)ကြက်ဥ နှစ်လုံး
၎)ပဲစိမ်း မုန်လာဥနီ ပြောင်းဖူးစေ့ 100 ဂရမ်
၅)ကြက်သွန်မိတ်ပါးပါးလှီးထားတာနည်းနည်း
၆)ကြက်သွန်ဖြူနှစ်မွှာ
၇)တရုတ်ပဲငံပြာရည် လက်ဘက်ရည်ဇွန်းနှစ်ဇွန်း
၈)ငရုတ်ကောင်းအနည်းငယ်
၉)ဆီ+ဆား+ကြက်သားမှုန့်


ဝက်အူချောင်းကိုကြော်ပြီး ပန်းကန်ထဲခဏထည့်ထား...။ ဆီပူအိုးထဲကို အပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ထည့်ကြော် မွှေးလာရင် ကြက်ဥနှစ်လုံးဖောက်ထည့် ပြီးတာနဲ့ ထမင်းထည့်ပြီးမွှေပါ...။ ပြီးတာနဲ့ ကြက်သားမှုန့် ဆား ပဲငံပြာရည်ထည့်ပြီး ထမင်းအရောင်လေးညီလာအောင်မွှေပေး... အိုကေပြီဆိုရင် ပဲစိမ်း မုန်လာဥနီနဲ့ ပြောင်းဖူးစေ့လေးတွေကိုထည့် ၀က်အူချောင်းထည့် ငရုတ်ကောင်းဖြူးပြီး ဆက်မွှေပေးပါ.... အိုးချခါနီကျ ပါးပါးလှီးထားတဲ့ ကြက်သွန်မိတ်လေးထည့်ပြီးရင် သုံးဆောင်လို့ရပါပြီလေ....။ တွဲဖက်စားသုံးရမယ့် ကြက်သွန်ချဉ်လုပ်နည်းကလည်း အလွယ်လေးက မထူမပါးလှီးထားတဲ့ ကြက်သွန်နီကိုရေဆေး ကြက်သွန်ဖြူ ပါးပါးလှီးထည့် ငရုတ်သီးစိမ်းထည့် ဆားဖြူးပြီး ငရုတ်ဆီကိုအပေါ်ကလောင်းထည့်လိုက်ရပြီ...။

မိုးငွေ့

9 comments:

စန္ဒကူး said...

ထမင်းကြော်ဆို မာမာ၊ ခြောက်ခြောက်လေးမှကြိုက်တယ်။ မိုးငွေ့ကြော်ထားတဲ့ပုံကြီးပြီးဗိုက်တောင်စာလာတယ်။

အဖြူရောင်နတ်သမီး said...

အိပ်ယာနိုးနိုးချင်း ထမင်းကြော်နဲ့တိုးလို့
အားနာပါးနာနဲ့ ၂ပုဂံလောက်ပဲ စားသွားပါတယ်..။
နောက်မှ မယောင်မလည်နဲ့ ထပ်လာစားပါအုံးမယ်..။ :P

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်စရာလေး...
မြင်တာနဲ့ အရာသာရှိမှန်းသိသာလောက်တဲ့ လက်ရာလေးဘဲ..
ပါဆယ်ထုတ်သွားမယ်နော်..း)

dc said...

ကြက်မှုံ့ထဲမှာ အချိုမှုံ့ ပါတယ်လို့ ထင်ပါသလား..သိချင်လို့ မေးကြည့်တာပါ..

hninhnin said...

Ofcourse.MSG is in chicken powder.U can read it ingridient.

pandora said...

သြော်.. ဒီနည်းလမ်းက ကြက်သွန်ဖြူနဲ့ ဆီသတ်ရတာကိုး

မှတ်သွားတယ် :)

blackroze said...

မိုးလင်းတာနဲ့ကွန်ပြူတာရှေ့ထိုင်မိတာ..
ထမင်းကြော်..စားသွားပါကြောင်းမကြီးရေ..

khin oo may said...

ကောင်းထာ
အမြဲဖတ်နေတယ်သိလား
မေေ၇းတာ

မီးမီးငယ် said...

ထမင်းကြော်ပူပူလေး၊
စွန်ထန်ဟင်းရည်ချဉ်ပူစပ်လေးနဲ့ ဆို၊
ဘာပြောကောင်းမလဲနော်..။
အပါးပါးသတိရတယ်...။
မီးမီးရေ...။