မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 17 November 2010

ခရေညိုနဲ့ ကဝေပျို




ကောင်းကင်ပေါ်မော့ကြည့်တော့

တိမ်တွေကင်းလို့

ပတ်ဝန်းကျင်မှာ နေတောက်နေတယ်

ငါ့နောက်မှာ...
ရုတ်တရက်...
မိုးတွေလိုက်လာတယ်

ဒီလိုပဲလား...မိုးရယ်
တိတ်တဆိတ်ဝင်ရောက်
ရွာချလိုက်တဲ့..မိုးးကြောင့်
ခပ်သွက်သွက်ခြေလှမ်းတွေအောက်မှာ
ပန်းခရေကိုနင်းခြေလိုက်မိပြီလား...

အိုကွယ်...လှလိုက်တဲ့

ခရေပင်တန်းနောက်ခံနဲ့
မိုးစက်ကန့်လန့်ကာတွေ......။


အုံ့ဆိုင်းဝေသီတဲ့ ခရေပင်လမ်းမှာ
တစ်ကိုယ်တော် ငါလျှောက်လှမ်း
သီကုံးဖို့ ခရေပန်းတွေက
ကဗျာရေးဖို့ ကလောင်တစ်ချောင်းကိုင်ထားရသလို
ပန်းတစ်ပွင့်သီတိုင်း သီတိုင်း
ခရေရနံ့တွေ မိုးနဲ့အတူ ကြွေပျံ့
ကဗျာရဲ့စီးဆင်းမှုအတိုင်းပဲ..........
စိုကပ်တဲ့ ဆံနွယ်တွေဖယ်ရှား
အပြစ်ကင်းတဲ့ အဆင်းတစ်ခုမှာ
မိုးစက်တွေ မြစ်စင်းသဏ္ဍန်
စီးဆင်းသွားကြတယ်.........
ညနေခင်းရဲ့ ခရေညိုမှာ
ကဝေပျိုလေး လှချင်တိုင်းလှနေတော့တယ်...။(မိုးငွေ့)

8 comments:

လင်းခေတ်ဒီနို said...

တိတ်တဆိတ်ဝင်ရောက်
ရွာချလိုက်တဲ့..မိုးးကြောင့်
ခပ်သွက်သွက်ခြေလှမ်းတွေအောက်မှာ
ပန်းခရေကိုနင်းခြေလိုက်မိပြီလား...


း)

သိပ်ကောင်းတယ် မမီး

ကြယ်လွမ်းသူ said...

အစကနေ အဆုံးထိကို ဆွဲခေါ်သွားခဲ့တဲ့ ကဗျာလေးပါ အစ်မမိုးငွေ့ရေ.... အားပေးနေလျှက်ပါ ။

ခင်တဲ့(ဖိုးကြယ်)

မောင်လေး said...

စိတ်ကူထဲမှာ မြင်ယောင်ကြည့်မိသလောက် အတော်ကဗျာ
ဆန်တာပဲဗျ...။မိုးရွာထဲမှာ ခရေကောက်နေတဲ့ ကဝေပျို
လေးတစ်ယောက်...။

မိုးစက်အိမ် said...

ကဗျာဆန်တဲ့ ကဗျာတစ်ပုဒ်ဘဲ မိုးကြီးရ
ပိုပိုနုလာဘီ ခံစားချက်ကြောင့်ထင်ပါရဲ့  ဟဲဟဲ

မိုးငွေ့...... said...

အွမ်...မိုးလေး ဘယ်ကပေါ်လာတုန်း..
ပျောက်နေတာကြာပြီ ငါ့မောင်လေး...

Khinmarlaraung said...

“သီကုံးဖို့ ခရေပန်းတွေက
ကဗျာရေးဖို့ ကလောင်တစ်ချောင်းကိုင်ထားရသလို
ပန်းတစ်ပွင့်သီတိုင်း သီတိုင်း
ခရေရနံ့တွေ မိုးနဲ့အတူ ကြွေပျံ့
ကဗျာရဲ့စီးဆင်းမှုအတိုင်းပဲ..........”

ကဗျာရေးသူ ဆိုတဲ့အတိုင်း ခရေလေးတွေလည်း
ကလောင် အဖြစ်ပြောင်းပြီး သိပ်လှလွန်းတဲ့
ကဝေပျိုကို အသက်သွင်းခဲ့လေပြီ...
အော်..မိုး....မိုးတွေကလည်း ရွာလို့ ။ :)
..ခင်မင်လျှက်...ခင်မာလာအောင်..:)

blackroze said...

မိုးနံနဲ့ခရေရနံကိုရော်ပြီးခံစားသွားတယ်အမ

အင်ကြင်းသန့် said...

ဟုတ်တယ် ... တကယ့်ကို ကဗျာဆန်တဲ့ကဗျာလေး...။ :)