မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 9 November 2010

အသီးအရွက်တို့....


ရုံးယူသွားတဲ့ ထမင်းဗူးလေးပါ... ဂေါ်ဖီ ခရမ်းချဉ်သီး ကြက်သွန်နီ မုန်လာဥချဉ် အဲဒီအသီးအရွက်တွေအပေါ်စားခါနီး ဆားနဲနဲဖြူး သံပုရာသီးညှစ်
တစ်မျိုးချင်းကို salad dressing နဲ့ရောမနယ်ဘဲ ဒီတိုင်းတို့စားတယ်


တစ်မိုးလုံး ကိုယ်လက်လှုပ်ရှားမှုမလုပ်... ဇိမ်နဲ့နှပ် စားချင်တာစား အိပ်ချင်သလောက်အိပ်ခဲ့သမျှ ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်း...၀ိတ်တက်....။ ဘယ်လောက်ရှိတယ်ထင်လဲ...... တစ်ရာသုံးဆယ်ငါးပေါင်တဲ့ ခြောက်ဆယ်တစ်ကီလို......။ ဘုရားရေ...လို့မရေရွတ်နဲ့ ကိုယ်အပျင်းကြီးခဲ့သမျှပဲလေ...ဒီအကျိုးဆက်က..။ အရပ် ငါးပေ လေးငါးနဲ့ ဒီဝိတ်နဲ့ဆို အိုဗာတော့မဖြစ်လောက်သေးဘူးလို့ ဖြေတွေးသေးတယ်...။ ဒါပေမယ့် နေလို့ထိုင်လို့သိပ်မကောင်းတော့ဘူး...။ ဂျင်းဘောင်းဘီတွေ ထုတ်မ၀တ်ရသေးဘူး...။ ခုလောက်ဆို ကြယ်သီးတွေ ဇစ်တွေ တပ်မရလောက်တော့ဘူး..။

အဟီးးး...ခု အဲဒါနဲ့ မနက်လမ်းလေး ဘာလေးထလျှောက်ပြီး diet လုပ်နေတာ....။ နှစ်ပတ် သုံးပတ်ရှိပြီ.... ငါးကီလိုတော့ကျသွားတယ်....။ မဆိုးဘူးပြောရမယ်နော်....အဟဲ...။ ဘယ်သူမှအားမပေးလဲ ကိုယ့်ကိုယ်ကိုတော့ အားပေးရမယ်...ဖိုက်တင်း....။


အမှားပြင်ဆင်ချက်။ ငါးကီလိုမဟုတ်ဘူး....မွှားတွားလို့ ငါးပေါင်ပြောပါတယ်....း)


ယာယီဝတုတ်ကြီး အန်တီမိုးငွေ့

12 comments:

သက်ဝေ said...

အား...
နှစ်ပတ် သုံးပတ်မှာ ၅ ကီလိုကျတယ်ဆိုလို့ ရည်လည် လေးစားသွားတယ်... ရဲဘော်... ဆက်လုပ်...း))

အဖြူရောင်နတ်သမီး said...

ဒီမှာလည်း တရုတ်မတွေက နတ်သမီးကို “ကျူကျူး”တဲ့..။
“ဝက်မ”လို့ပြောနေကြပြီ...။

ပေါင်တော့သိပ်မတက်သေးဘူး..၊
ခါးတုတ်လာလို့ အစာလျှော့စားနေတယ်..။

သိင်္ဂါကျော် said...

diet တော့ လုပ်ချင်တယ်.. အဲဒါတွေချည်းပဲတော့ မစားနိုင်ပါဘူး... :D

SHWE ZIN U said...

ဟုတ်ပါ့ဗျာ ပိန်ချင်တယ် ဒါပေမဲ့ မစားနိုင်ပါဘူး စားနိုင်သူများစားကြပါ လှကြပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Vista said...

အင် .. ဘာမှတောင်မပြောတတ်တော့ဘူး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိဟိ
ပေါင်ချိန်ခြင်းတူတယ်း)
အရပ်လဲတူခါနီးဘဲ
ဒီက ၅ပေ၅
ဒီတော့ ၀ိတ်လျော့ဖို့လိုတဲ့အထဲမှာ ကိုယ်လဲပါနေပြီထင်တယ်နော်း)

ချစ်ကြည်အေး said...

အရပ်ရှည်တဲ့သူတွေကပဲ ပြောကြပါ၊ ဒီက ဂျပုက ဘာပြောရတော့မလဲ။ ဝလာနေတာပဲ အသီးအရွက်တော့ အမြဲမစားနိုင်ဘူး တနေ့ နာရီဝက် တပတ် ၃-၄ရက် လမ်းလျှောက်ဖြစ်တယ် ဒါပဲ Good Luck ပါ ညီမမိုးငွေ့....

မိုးယံ said...

ဝတ်လျော့ချင်တာလွယ်ပါတယ်ဂျာ... ထမင်း မစားနဲ့ မအိပ်နဲ့ပေါ့နော်... ဟီဟီ

အနော်တော့ အဲလို မလုပ်နိုင်ပါဘူး။ အခုတောင် ဗိုက်က နေ့စေ့လစေ့ဖြစ်နေပြီဗျ.

ဂြီ

လင်းခေတ်ဒီနို said...

ဆိုဘူး ၅ပေါင်ဆိုတော့ ဆက်လုပ် ၇ဲဘော်းး)))

ရွှေရတုမှတ်တမ်း said...

ဝတဲ့သူက ပိန်ချင်တယ်....
ပိန်တဲ့သူက ဝချင်တယ်...
ကိုင်း...ဘယ်လို လုပ်ရပါ့....
အို.....အငတ်မခံတာ အကောင်းဆုံးနည်းလမ်းပါပဲ....

အင်ကြင်းသန့် said...

ဂျင်းကိုလာစားဆိုလို့ လာစားတယ်နော် မမိုး...း))

ခွန်မြလှိုင် said...

ရုံးကနေ annual leave လေး ၂ပတ်ရလို့ အိမ်မှာ ၁နှစ်ခွဲသား သမီးလေး ခင်လျှပ်စီးကို ထိန်းလိုက်ပါတယ် .. အစားမလျှော့ အအိပ်မလျှော့ဘဲ လေ့ကျင့်ခန်းရပြီး ၂ပတ်အတွင်း ၁၂ပေါင် ကျသွားတယ်။ မယုံမရှိ လက်တွေ့ ... မိုးငွေ့ရေ တို့အတွက်တော့ လေ့ကျင့်ခန်း သာ ကိုးကွယ်ရာ... အရင်က ၆၈ ကီလို ခု ၆၂ ၀န်းကျင်နဲ့ အိုကေ နေတယ်။ (အရပ်က ၅ပေ ၉လက်မမို့)*