မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Sunday, 7 November 2010

စကားလုံးကဝေ....




ဝး၀၅ တိမ်တွေငိုချလို့ 
ကျွန်တော်လည်း ပင်လယ်ဘ၀ရောက်ခဲ့ရပါပြီ
ကိုယ့်ရင်ဘတ်ကိုယ်စီးရင်း ရေငတ်
ဟိုတစ်မနက်ကတော့ နေနဲနဲသာတယ်

ဝး၁၀ အပြုံးလေးတစ်စက်နှစ်စက်
အကြည့်လေးတစ်ချက်နှစ်ချက်နဲ့ တင်
(ဟောဒီ့ကောင်…….)
အသက်ထွက်မတတ်
ခပ်နက်နက်ကလေးချစ်တတ်ခဲ့ဖူးတယ်ဗျ
ဝုန်းဒိုင်းကိုကြဲလို့ ………..
…………………………………………

ဝး၁၅ မပြောပါနဲ့ ………
………………………………….
အဲဒီ့နှုတ်ခမ်းဖျားကထွက်လာတဲ့ ဂီတ
ပက်ကြားအက်နွေတစ်ခုလို
ဘ၀ကိုခြောက်ကပ်ကပ်နိုင်စေခဲ့
(ဒါပေမယ့်……….)
ကျွန်တော်က နွေပျော်ငှက်………
……………………………………………
အတောင်ပံတွေတော့ ကြေမွနေခဲ့ရပေါ့ ။

ဝး၂၀ မုသားမပါ လင်္ကာမချော……တဲ့
လင်္ကာချောလည်း မုသားကတော့အမြဲပြောတယ်
(သူက………..)
စကားလုံးတွေရဲ့  ကဝေ
အနာဂတ်တွေ တေလေဘ၀ရောက်အောင် စွမ်းတယ်

ဝး၂၅ တိမ်တွေငိုချလို့ 
ကိုယ့်ရင်ဘတ်ကိုယ်စီရင်း ရေငတ်

အသက်ထွက်မတတ်

ခပ်နက်နက်ကလေးချစ်တတ်ခဲ့ဖူးတယ်ဗျ
(ဒါပေမယ့်……….)
ကျွန်တော်က နွေပျော်ငှက်
(သူက………….)
စကားလုံးတွေရဲ့  ကဝေ
အနာဂတ်တွေ တေလေဘ၀ရောက်အောင် စွမ်းတယ်…..
……………………………………………………………………။ (မျိုးထက်အောင်)


6 comments:

သိင်္ဂါကျော် said...

ကျွန်တော်က နွေပျော်ငှက်..
သူက
စကားလုံးတွေရဲ့ ကဝေ..

ဖတ်ပြီး သဘောကျသွားပါတယ်..

အဖြူရောင်နတ်သမီး said...

“အပြုံးလေးတစ်စက်နှစ်စက်
အကြည့်လေးတစ်ချက်နှစ်ချက်နဲ့ တင်
(ဟောဒီ့ကောင်…….)
အသက်ထွက်မတတ်
ခပ်နက်နက်ကလေးချစ်တတ်ခဲ့ဖူးတယ်ဗျ
ဝုန်းဒိုင်းကိုကြဲလို့ ………..”

အရေးအသားလေး မိုက်တယ်...

Khinmarlaraung said...

အင်း...ကြိုက်တယ်။
ချစ်တတ်လိုက်တာများ လေးလေးနက်နက် အသက်ထွက်မတတ် တဲ့။
ပင်လယ် ကိုယ်တိုင်ကတောင် ရေငတ်နေပြီ
ဆိုရင်တော့...အင်း သေချာတယ် ဒီရေတော်တော်
ငံလို့ ပဲ ဖြစ်မယ်။ :)
ပျော်ရွှင်ပါစေလေ...:)
...ခင်မင်လျှက်...ခင်မာလာအောင်..:)

ဝေလင်း said...

ကဗျာလေးကို စာသားတွေထက် စကားလုံးစီးဆင်းပုံကို ပိုကြိုက်တယ်...။ ကဗျာကောင်းလေးတစ်ပုဒ်ပဲဗျာ....။

blackroze said...

စကားလုံးကဝေနဲ့တွေ့တော့..
အနာဂတ်တွေတောင်တေလေ
ဖြစ်သွားတယ်ဆိုပါလားနော်....

ကောင်းလိုက်တဲ့ကဗျာလေး...

မြတ်မွန် said...

စကားလုံးတိုတိုလေးတွေနဲ့..
ဖတ်လို့ကောင်းပါတယ်။