မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 21 October 2010

ဝါးတားတားမေမြို့ည....

ပဲကတ္တီပါလိုပဲမျိုးကြော်ထားတာရယ်၊ ညောင်ချဉ်ဖူးကြော်

ကြက်ကုန်းဘောင်ကြော်

ဆူကာညွှန့်နဲ့ ကိုက်လန်ကြော်

ငါးသလဲထိုးလိုငါးမျိုးကြော်ထားတာရယ် ၊၀က်ဆီဥကြော်ရယ်

မုန်ညှင်းစောဟင်းရည်

မုန့်လင်မယား၊ ပဲလုံးစေ့ကြီးကြီးနဲ့ စားချင်စရာ

ဒီမုန်ပစ်သလက်ကတော့ ကြက်ဥပါပုံရတယ် အ၀ါရောင်လေး

ဆန်မုန့်တစ်မျိုးပဲ အထဲမှာ တစ်ခုခုထည့်လိတ်ထားတာ

မုန့်ပစ်သလက်

ဝက်သားတုတ်ထိုး

ပြင်ဦးလွင်ကို ရွှေမန်းမေကားနဲ့တက်တာ ညနေ3နာရီလောက်ရောက်သွားတယ်... ရွိုင်ရယ်အောခစ်ဟိုတယ်မှာ တည်းဖြစ်တယ်....။ ရေမိုးချိုးပြီး မဟာအံ့ထူးကံသာဘုရားသွားဖူးတယ်....။ အပြန်မြို့ထဲမှာ ညနေစာထမင်းစားတယ်... ရှမ်းထမင်းဟင်းဆိုင်ပါပဲ... ဆိုင်နာမည်တောင်မမှတ်ခဲ့မိဘူး ...။ ဟင်းကချက်ပြီးသားဗန်းတွေထဲမှာ ထည့်ထားတာ တစ်ပွဲပြင်ပုံပြီးစားရင် 1200ကျပ်တဲ့... ကိုယ်က လောဘကြီးပြီး အဲလိုမစားဘဲ ဟင်းချည်းသက်သက်မှာလိုက်တယ်....နှစ်ယောက်ဆိုတော့ 2400ကျမယ့်ဟာ ခုစားပြီး ငါးထောင်ကျော်ကျသွားတယ်....။ ရာသီဥတုကလဲအေး ဟင်းတွေကလဲ ခပ်အေးအေးပဲ...ပူပူနွေးနွေးလေးဆို ပိုစားကောင်းမယ်ထင်တယ်...။ ဒါပေမယ့် မစားရတာကြာပြီဖြစ်တဲ့ ရှမ်းဟင်းတွေမို့ စားကောင်းပါတယ်...။

ထမင်းစားပြီးအပြန် ကားသမားက ညဈေးဘက်ဝင်ပြပါတယ်...။ ဘာမှတော့ထွေထွေထူးထူးမရှိပါဘူး...။ မုန့်ဆိုင်တွေရယ် စီဒီရောင်းတဲ့ဆိုင်တွေရယ်ပါပဲ...။ ပုံတွေကိုတော့ရသလောက်လေး ကြိုးစားရိုက်ခဲ့ပါတယ် ၀ါးတားတားလေးပေါ့....။

မိုးငွေ့

7 comments:

သိင်္ဂါကျော် said...

ညဈေးတန်းကို သတိရပါရဲ့..
မဟာအံ့ထူးကံသာကို ညဘက်သွားရတာလည်း သိပ်ငြိမ်းချမ်းတယ်နော်..

ကြယ်လွမ်းသူ said...

ရှလွှတ်..... :) ထမင်းမစားခင် လာလည်တာ ဗိုက်တောင်စာသွားတယ်။ အစ်မမိုး ရှိသေးရင် နည်းနည်းကြွေး :)

ခင်တဲ့(ဖိုးကြယ်)

ရွှေရတုမှတ်တမ်း said...

ဟင်းပူပူလေး မရဘူးလား..
စားစရာပဲရိုက်ပြတယ်..သွားတာတော့မပြဘူး

blackကော်ဖီ said...

ပုံတွေကြည့်ရင်းသားရေတွေ
သိမ်းပြန်သွားကြောင်း.............

SHWE ZIN U said...

စားစရာ တွေ စားသွားတယ် အဲ ကြည့်သွားတယ်

မုန်ပြစ်သလက် တော့ ဟုတ်ဘူးဗျ အဲဒါ ကျနော်တို့ မန်းလေးမှာ ခေါ်တာ မုံရေပါး ခေါ်တယ် မုန့်ပြစ်သလက် အပြားနဲ့ အတူတူပါဘဲ မုန့်ပြစ်သလက် ကိုကြ သီးသန့် အိုးလေး တွေနဲ့ အထူ အပါး ၂မျိုး ရောင်းတယ် အဲဒါကြ အပါးတမျိုးထဲပေါ့ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ပန်းခင်းလေး said...

စားချင်စရာတွေကြီးပါပဲလား

blackroze said...

မကြီးမိုးငွေ့ရာ..
ပြင်ဦးလွင်သွားချင်လိုက်တာလေ..
လွမ်းသွားတယ်..
ပုံလေးတွေကဝါးတားတားဆိုပေမဲ့လည်း
အမှတ်တရလေးတွေပေးနိုင်ပါတယ်လေ..