မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Sunday, 17 October 2010

ကဗျာလူ




ချစ်သူ....

ရိုးရိုးလေးပါပဲ

ကဗျာတွေဖန်ဆင်းဖို့

ငါ့ရင်ကိုရောက်ခဲ့သူ


ငါ့ခံစားချက်တွေကို

စကားလုံးအဖြစ်ပြောင်းလဲသူ


ငါ့ပျော်ရွှင်မှုတွေကို

စကားလုံးအဖြစ်ပြောင်းလဲသူ

ငါ့နာကျည်းမှုတွေကို

စကားလုံးအဖြစ်ပြောင်းလဲသူ


ငါ့ဝင်သက်ထွက်သက်တွေကို

စကားလုံးအဖြစ်ပြောင်းလဲသူ


နူးညံ့မှုတန်ခိုးများ

ကာရံဖြစ်စေသားရယ်လို့

သူ မဆိုခဲ့ပါဘူး ...


စကားလုံးပုလဲများ

ကြွရွစေသားလို့
သူ မဆိုခဲ့ပါဘူး ...

ဒါပေမယ့်

ငါ့ဘ၀အတွက်
ထာဝရ ရှင်သန်နေမယ့်

အဓိပ္ပါယ်လေးနက်စေမယ့်
စကားလုံးတွေနဲ့သူ

ကဗျာလိုလူ....။


ကျမကို ကဗျာလေးတွေဖန်တီးတတ်လာအောင် ခံစားမှုတွေကိုပေးစွမ်းနိုင်တဲ့ သူတစ်ယောက်အတွက် ဒီကဗျာကလေးက ကိုယ်စားပြုပါလိမ့်မယ်....။ ဒါကြောင့် သူ့ကို “ကဗျာလူ”လို့တင်စားလိုက်တာပါ...။ ဒီကဗျာလေးဖြစ်လာဖို့အတွက် ကျမရဲ့ ကဗျာကြမ်းကို မောင်လေးညလင်းအိမ်က စကားလုံးလှလှတွေနဲ့ ပံ့ပိုးသီကုံးပေးထားတဲ့အတွက် အတိုင်းမသိကျေးဇူးတင်မိပါတယ်...။

မိုးငွေ့


7 comments:

ညလင်းအိမ် said...

:))))

blackroze said...

ကဗျာလူ..ဆိုတဲ့စာသားလေးသဘောကျတယ်
မကြီးမိုးငွေ့..

အနှိုင်းမဲ့ said...

အဲဒီလိုဖန်ဆင်းပေးနိုင်တဲ့လူကို..
အချစ်လို့ခေါ်ဆိုနိုင်သလား..ငါ့အမ

မိုးငွေ့...... said...

ဘယ်ကနေပေါ်လာတာတုန်း....။ အချစ်တစ်ခုတည်းအတွက်လဲ ကဗျာတစ်ပုဒ်မဖြစ်လာနိုင်သလို ကဗျာတစ်ပုဒ်အတွက်လဲ အချစ်ဖြစ်မလာနိုင်ပါဘူး...။ သေချာတာတော့ အနုပညာဆိုတာ သွေးကြောထဲပျံ့နေတဲ့ ရောဂါတစ်ခုလိုပဲ...မဖန်တီးဘဲနဲ့လဲ မနေနိုင်ဘူး..လူကို အမြဲ Alert ဖြစ်စေတယ်...။

မြတ်မွန် said...

တော်လိုက်ကြတဲ့ ကဗျာဆရာတွေ ..။
ဂွတ်၏။

မိုးယံ said...

သူ့လူက တစ်မျိုးပဲနော် ဘာတဲ့ ကဗျာလူဆိုလား။ ရေးတတ်တဲ့သူများကြတော့လည်း သူ့နှလုံးသည်း ပွတ်က ဖွင့်ဟထားတဲ့ စာတွေအလား ဖတ်ရသူ ဘ၀င်ခိုက်စေ၏။

ကြယ်လွမ်းသူ said...

အစ်မရေ....ကဗျာဆိုတာ စကားလုံးတွေနဲ့ ဖွဲ့သီထားတဲ့ ခံစားချက်အစုအဝေးကြီး ပေါ့နော်
ကဗျာလိုလူ ကိုခံစားသွားပါတယ်။ link ပါယူသွားတယ်နော်။

ခင်တဲ့( ဖိုးကြယ် )