မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 20 September 2010

စိတ်ညစ်လို့...

Blazone က Gate One Jean pants

Gate One Brand ဂျင်းဘောင်းဘီနဲ့ ချည်သားအနက်ကလေး

Blazone က Gate One Brand ချည်သားဘောင်းဘီ

လပြည့်ဝန်းက ၀ယ်နေကျ J Folli Follie က
အသားကပ် အကျီင်္လေး ပျော့ပျော့အိအိနဲ့ ၀တ်လို့ကောင်းတယ်


Blazon က Gate One ဆိုတဲ့ Brand ချည်သားအကျီင်္လေး ဒီဇိုင်းဆန်းဆန်းနဲ့ ပေါ့ပါးတယ်

D Day ဆိုတဲ့ အိမ်နားက ဆိုင်သေးသေးလေးမှာဝယ်တာ ပါးပါးနဲ့ စီးလို့ကောင်းတယ်
အပေါ်က အကျီင်္အပျော့သားလေးနဲ့ ဂျင်းပင်ကို
ခြေလေးနည်းနည်းခေါက်ဝတ် ဒီဖိနပ်လေးစီး ဒါဆို လန်းသွားပြီ


ဒါလဲ D DAY ကပဲဝယ်တာ


ဒီ Wedge အထူစားဖိနပ်ကတော့ ညီမလေးဖွင့်တဲ့ ရွှေအဆင်းဖိနပ်ဆိုင်က


Sweet ဆိုတဲ့ beauty saloon မှာ ခြေထောက်ကို ဆားစိမ်ပြီး spa လုပ်ခဲ့တာ


ခြေသည်းဆိုးခဲ့တယ် အဲဒါ ကျားသစ်ကွက်ပုံဖော်ထားတာတဲ့...


စိတ်ညစ်လို့ shopping ထွက်လိုက်တယ်....။ Be a queen all day long တခါတလေ တစ်နေ့လုံးဘုရင်မ လုပ်ပစ်လိုက်ပါတဲ့....။ ဘယ်ရမလဲ နဂိုကမှ စိတ်ညစ်နေတာ ဈေးဝယ်ထွက်ပစ်လိုက်တယ်။ spa သွားလုပ်တယ်....။ မျက်နှာသစ်တယ် ဆံပင်လဲ အရောင်ပြောင်းလာတယ်...သံလွင်သီးညိုရောင်တဲ့...လှတယ်..။ ပြီးတော့ သွားနေကျ လပြည့်ဝန်း နဲ့ Blazon မှာ အ၀တ်အစားတချို့ဝယ်တယ်.... Aroma မှာ ကော်ဖီသောက်တယ်....။ လပြည့်ဝန်းဆိုရင် J Folli Follie မှာပဲ အမြဲဝယ်တယ် ပြီးရင် အပေါ်ထပ်မှာ ရှိတဲ့ ကွိစိကွစိလေးတွေ ရောင်းတဲ့ ဖန်စီဆိုင်တွေလျှောက်ကြည့်တယ်... ပစ္စည်းလေးတွေက လူငယ်သိပ်ဆန်တော့ ကိုယ်နဲ့မလိုက်ဖက်တာ များပါတယ် သွားငမ်းရုံပဲ သိပ်တော့မ၀ယ်ဖြစ်ဘူး ဟမ်းဖုန်းချိတ်တာလေးတို့ mp4 ချိတ်တဲ့ အရုပ်ကလေးတွေလှရင်တော့ဝယ်ဖြစ်တယ်....။ ဟူးးးးး ခုမှပဲ စိတ်ရော ကိုယ်ရော အကုန်ပေါ့ပါးသွားပြီ.....။


မိုးငွေ့

8 comments:

သဒ္ဓါလှိုင်း said...

စိတ်ညစ်ရင် shoping ထွက်လိုက်တာကောင်းတယ်။
ဒါနဲ့ဝယ်လာတဲ့ပစ္စည်းလေးတွေကြိုက်တယ်..။
ငေးရုံငေးသွားရတာပေါ့နော်......
ခင်တဲ့
သဒ္ဓါ

ဧပရယ်လ်ပူး@ပူးတေ said...

ဟား ဟား မမိုးငွေ့ကြီး ပိုက်ပိုက်တွေ ကုန်သွားမှ စိတ်ရောလူရော ပေါ့ပါးလန်းနေ်းသွားတယ်ပေါ့လေ... ဟုတ်?

မမိုးငွေ့ဝယ်လာတာလေးတွေ ပူးတေလဲ ကြိုက်စ်....

အဖြူရောင်နတ်သမီး said...

စိတ်ပေါ့...
လူပေါ့...
ပိုက်ဆံအိတ်လည်း ပေါ့သွားတာပေါ့...
ဟားဟား...
ငါ့အမကတော့လေ...
ဘယ်လို ဝုန်းပြီးဝယ်မယ်ဆိုတာ....သိနေတယ်..
ဝယ်လာတဲ့ပစ္စည်းတွေကလည်း လှမှလှ...
ငါ့အမကလည်း လှမှလှ...
စိတ်ပျော်ပျော်နေနော်...အာဘွားးး

မိုးငွေ့...... said...

လာအားပေးတဲ့ ညီမလေးတွေအားလုံး ကျေးကျူးကမ္ဘာဆိုင်ရော.......
အာဘွာာာားးးးးးး

ခင်တဲ့
မိုးငွေ့

ကိုဇော် said...

ကောင်းပါလေ့...
လုပ်သာလုပ်...

အင်ကြင်းသန့် said...

အားကျလိုက်တာနော်....ဖိနပ်အပါးလေးတွေကို တော်တော်သဘောကျတယ်။:))

ဂျင်း

blackroze said...

ဟုတ်တယ်အမရေ..
တခါတခါပိုက်ဆံအဲလိုသုံးလိုက်၇ရင်လဲ
စိတ်ညစ်တာတွေပျောက်သွားရော..
ပိုက်ပိုက်တွေလည်းပျောက်သွားတာပေါ့

ညလင်းအိမ် said...

တစ်ယောက်တည်း သွားတာကော ဟုတ်ရဲ့လား .. နာ့အစ်မ .. :P