မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 24 August 2010

အညိုရင့်ရောင်လွမ်းခြင်း....

















လွမ်းလိုက်တာ......


အညိုရောင်အလွမ်းတွေ

မြစ်ပြင်ကျယ်မှာ ပေါလောမျော
ငါ့နှလုံးသားအတွက်
ဆည်းဆာနဲ့ လေပြေကို

စားသုံးလို့...

လေအသွဲ့မှာ

ယိမ်းနွဲ့ကခုန်နေကြတဲ့

မြင်ပင်စိမ်းစိမ်းတွေက

တိုးတိုးလေးလာပြောကြတယ်...

“အိန်ဂျယ်....ရယ်
မင်း...အလွမ်းတွေကို ဖြေချလိုက်ပါတော့..
ရင်ခွင်တစ်ခုလုံးလဲ ကျွမ်းလောင်ကုန်ပါ့မယ်”တဲ့


ဟော!!!! ဟိုးးး ပြာမှိုင်းနေတဲ့ တောင်ထိပ်ဆီက

မိုးတိမ်တွေ ညှို့တက်လာကြပြီ

အဲဒီမိုးစက်တွေက
ငါ့ရင်အပူကို ငြိမ်းသတ်ပေးနိုင်ပါ့မလား

ဘာပဲဖြစ်ဖြစ်....

ငါချစ်တဲ့ မိုးရေထဲမှာ

အေးစက်ပြာနှမ်းလာတဲ့

နှုတ်ခမ်းတွေ တုံခိုက်နေပါစေ

ရင်ထဲက
မီးတောက်ကို
မငြှိမ်းသတ်နိုင်လဲ မမှုပါဘူးလေ
....
နဂိုထဲကမှ ဗလာရင်ဘတ်ကို.....။ ။


မိုးငွေ့

8 comments:

အင်ကြင်းသန့် said...

ကဗျာလေးဖတ်ပြီး လွမ်းလိုက်တာ....

blackroze said...

မကြီးမိုးငွေ့ရေ...
ကဗျာလေးဖတ်ပြီး..ရင်ထဲလွမ်းသွားတယ်..
မိုးရေထဲမှာလွမ်းရတာလည်းအရသာတမျိုးပါဘဲ

အရုပ်ကလေး said...

ကဗျာလေးက နုနေပါ့လား ..
အပျိုကြီးတော့ ဧကန်န ဧကန်နပဲ ...:P
ဒါနဲ့ လကုန်တော့မယ် ..။ မုန့်ဝယ်ကျွေး ....:)

idulize(အရုပ်ကလေး)

သိင်္ဂါကျော် said...

နေခဲ့တဲ့ နေရာက တောင်တွေကို လွမ်းနေတုန်း ဒီကဗျာလေး ဖတ်လိုက်ရတော့ ကြိုက်သွားတယ်..

မြတ်မွန် said...

ငိုချင်အောင်လုပ်တယ်နော်..

သဒ္ဓါလှိုင်း said...

အလွမ်းဓါတ်ခံရှိတဲ့သူဆိုတော့ ပိုလွမ်းသွားပြီမမိုး..

ခင်တဲ့
သဒ္ဓါ

ညလင်းအိမ် said...

ငါချစ်တဲ့ မိုးရေထဲမှာ
အေးစက်ပြာနှမ်းလာတဲ့
နှုတ်ခမ်းတွေ တုံခိုက်နေပါစေ
ရင်ထဲက မီးတောက်ကို
မငြှိမ်းသတ်နိုင်လဲ မမှုပါဘူးလေ....
နဂိုထဲကမှ ဗလာရင်ဘတ်ကို.....။ ။


မိုက်တယ်ဗျာ ... ဒီကဗျာကို တော်တော်ကြိုက်တယ် ...

အစ်မ ပျော်ရွှင်ပါစေဗျာ ...

ye said...

ကြယ်တွေပွင့်ဖူးပြီ..
ဒီလူကိုအရူးလို့ပဲပြောပါ..
ငါ့ရဲ့ဝင်သက်ထွက်သက်က..
နေတစ်ပွင့်..လတစ်ခက်..
နတ်သမီးအတွက် ပေးအပ်ချင်ခဲ့တယ်..