မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 23 July 2010

ပြတ်လပ်ခြင်း...




တခါတခါ.......
ဘ၀ဟာ......
အဓိပ္ပါယ်မဲ့မဲ့သွားသလိုပဲ....
နှလုံးသားက ထုံကျင်အေးခဲ
စိတ်ဓါတ်တွေက အဟာရပြတ်လပ်
ဦးနှောက်လဲ အောက်စီဂျင်မဲ့နေတယ်
အရာတိုင်းအမှောင်တိုက်တွေ ကြီးစိုး
ကကြိုးပျက် အရုပ်တစ်ရုပ်လို
ခြေလှမ်းတွေယိုင်နဲ့
အားအင်တွေချိခဲ့ပေါ့
ငါ့ခန္ဓာအတွက်
ဆန်ပြုတ်တစ်အိုး
အတွေးနစ်လို့
တူးခြစ်ခဲ့ရပြီ....။


ဆန်+ပဲနီ+ခါဂျက်ဥ+ရွှေဖရုံသီး ရောနှောထားတဲ့ ဆန်ပြုတ်အိုးတစ်အိုးကိုတည်ရင်း ဒီကဗျာလေးရေးချဖြစ်ခဲ့တယ်....။


မိုးငွေ့

9 comments:

အရုပ်ကလေး said...
This comment has been removed by the author.
အရုပ်ကလေး said...

တူးခြစ်နေတာလေးတွေကိုမှ
ရွေးပြီးစားသုံးတတ်တဲ့ တစ်ချို့သူတွေအတွက်တော့
ပြတ်လပ်ခြင်းအတွက် ခွန်အားတွေ ဖြစ်စေပြန်ရော ..။

ခင်ခင်မင်မင်
idulize(အရုပ်ကလေး)

သက်ဝေ said...

ဘာလို့ ဆန်ပြုတ်သောက်တာလဲ...
နေမကောင်းလို့လား...

ပုံ
ဆန်ပြုတ်မကြိုက်သူ တဦး

မိုးငွေ့...... said...

ကျမက ဆန်ပြုတ်ကြိုက်တယ် မသက်ဝေရဲ့... ပဲနဲ့ရောပြုတ်ရင်မွှေးနေရော...(ဆန်ပြုတ်မကြိုက်သူကိုမြူဆွယ်တာ)..

ပုံ
ဆန်ပြုတ်ကြိုက်သူတစ်ဦးး)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆန်ပြုတ်ကြိုက်သူချင်း ကချင်ဆန်ပြုတ်နည်းလေး ပြောပြခဲ့ဦးမယ်..
ဆန်ပြုတ်ထဲကို အသားထည့်ပြီး ချခါနီးရင် ဘူးရွက်၊ မုန်ညှင်းရွက်၊ ဟင်းချိုရွက် စတဲ့ စားလို့ရတဲ့အရွက်တွေ ထည့်ပြီး ငရုပ်သီးလေးပါ ထည့်ပြုတ်လိုက်ရင် သိပ်ကောင်းတဲ့ အရသာကို ရပါတယ်လို့..

blackroze said...

မကြီးရေ..ဒီတစ်ခါတော့..ကဗျာထက်ဆန်ပြုတ်ကို
ခံစားသွားတယ်..ဟီးးဟီးး
ညီမကဆန်ပြုတ်အရမ်းကြိုက်တယ်လေ..

ညလင်းအိမ် said...

အားပါး ကဗျာဆရာမတွေများ ဆန်ပြုတ်အိုးတူးတာတောင် ကဗျာ တစ်ပုဒ်ဖြစ်တယ် .. :P

. said...

haha ဆန်ပြုတ်မကြိုက်ပေမယ့်

ဒီဆန်ပြုတ် တူးခြစ်လေးတော့ ကြိုက်တယ် :)

ဧပရယ်လ်ပူး@ပူးတေ said...

မမမိုးငွေ့

ကဗျာလေးက မိုက်တယ်.. ကဗျာဆရာတွေများ ဆန်ပြုတ်ချက်နေရင်းနဲ့ကို ကဗျာတပုဒ်ရတယ်နော်... ဆန်ပြုတ်ချက်ရင်း ရေးတဲ့ ကဗျာက ကောင်းလွန်းနေလို့ ကဗျာရေးရင်းချက်တဲ့ ဆန်ပြုတ်တောင် သောက်ကြည့်ချင်လိုက်တာ...
:)