မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 14 July 2010

ကဗျာငိုတဲ့ည....


၁၅.၀၆.၂၀၁၀.....
အမှတ်တရ နေ့လေးဖြစ်ခဲ့တယ်...
တရက်ထဲ တချိန်ထဲမှာ လူ(၂)ယောက်
အသဲကွဲခဲ့တယ်...

အသည်းကွဲတဲ့နေ့မှာပဲ
အလွမ်းတွေက ယိုဖိတ်သေဆုံး
နှလုံးသားတွေရဲ့ လောင်မြိုက်မှုက
ယုံတမ်းပုံပြင်လိုလွင့်ပါးသွားရ

ဒီလိုပါပဲ....
အတိတ်မဲ့တဲ့ညတွေမှာ
အနာဂတ်တွေက
သက်ပြင်းငွေ့ငွေ့လေးပင့်သက်ချ

အဲဒီညမှာပဲ
အတိတ်..အနာဂတ်..ပစ္စုပ္ပန်က တသားတည်း
ဖမ်းဆုပ်မရတဲ့ အလွမ်းတွေက
တစစီခြွေချ

နှလုံးသားလှလှတွေ ကြွေလွင့်သွားချိန်
နေရာတွေ အသက်မဲ့သွားတယ်
အဲဒီညလေး တညမှာပါပဲ.....

ရင်ခုန်သံတွေထပ်တူကျ
အော်မြည်သံတွေတဝုန်းဝုန်းနဲ့
နှလုံးသားကမ်းတွေ
တအိအိနဲ့ပြိုဆင်းသွားတယ်....
ရွှေရောင်အငွေ့တွေလွင့်ပျံ
ရီဝေအတွေးတွေကြားမှာ
ကဗျာတပုဒ်အရည်ပျော်သွားတယ်

အဲဒီညလေးမှာပဲ
ခံစားချက်အတိတ်ကိုခဝါချ
ရှေ့ဆက်ရမယ့်အနာဂတ်
မနက်ဖြန်တွေမှာ
ရင်ခုန်သံ အသစ်..အသစ်တွေကိုရင်မှာပိုက်လို့

ရင်ခုန်သံ ထပ်တူကျတဲ့
ငါတို့အသဲကွဲသမားတွေရဲ့
ရင်ခုန်သံ အသစ်ညတွေအတွက်..

လွင့်ပါးသွားရတဲ့ဖြစ်စဉ်တွေ
သေခြာနေတဲ့မရေရာမှုတွေကြား
မှန်ပြောင်း(အဝေးကြည့်)တခုလို
အနီးလား...အဝေးလား
သေခြာတဲ့သရုပ်က
ငါ့အမြင်တွေဝေဝါးစေတယ်

အဲဒီသမိုင်းမှာပဲ
ငါဟာ....
ကောက်ကြောင်းဖြစ်ခဲ့ရ...

ဒီနေ့ဟာပြဿဒါး
သရုပ်ပြမှု အလွဲတွေထဲ
အသဲကွဲသူတွေကြောင့်
ဘေးလူတွေနှလုံးအိမ်မှာ
ဆွံ့အ အက်ကွဲသံတွေနဲ့
ဖြေသိမ့်စရာကဗျာဟာ
အဆုံးသတ်တွေမဲ့လို့ပေါ့....

အဆုံးသတ်တွေမလှတဲ့ည
တယောက်နှလုံးသား တယောက်နှစ်သိမ့်လို့
ရှောင်မရ တိမ်းမရနဲ့
ဒီညွှတ်ကွင်းထဲပြိုဆင်း
တဝဲလည်လည်နဲ့ပြန်ရောက်ခဲ့တယ်

အဲဒီရာစုလေးမှာပဲ
နှလုံးသားဗဟိုပြုတဲ့ညခင်းလေး
မောင်နှမတွေစုံကာစုတဲ့
ဟောသည်ည ရင်ခုန်သံ
သံစဉ်တွေက မတိမ်းမယိမ်း
သိုသိုသိပ်သိပ်ပါပဲ...

လွင့်ပါးခဲ့ရတဲ့ဖြစ်စဉ်တွေက
“အနှိုင်းမဲ့”....
ငါ....တခွက်သောက်ချလိုက်တယ်
ရီဝေယစ်မူးတဲ့ ယမကာအမူးမှာပဲ
တို့တတွေ...အားလုံးချစ်ကြတဲ့
အဲဒီ.....
၁၅.၀၆.၂၀၁၀...ည။



ကဗျာငိုတဲ့ညကို အဖြူရောင်နတ်သမီး၊ ညလင်းအိမ်၊ အရုပ်ကလေး၊ မိုးငွေ့၊ အနှိုင်းမဲ့ တို့ဘလော့ဂ်သူငယ်ချင်း ငါးယောက်စုပေါင်းစပ်ဆို သီကုံးထားခြင်းဖြစ်ပါတယ်...။

မိုးငွေ့

9 comments:

အဖြူရောင်နတ်သမီး said...

တွေ့ခဲ့ကြတဲ့ အဲဒီနေ့...
ရေးခဲ့ကြတဲ့ အဲဒီနေ့...
သောက်ခဲ့ကြတဲ့ အဲဒီနေ့...
မျှဝေခံစားခဲ့ကြတဲ့ အဲဒီနေ့...
၁၅.၀၆.၂၀၁၀ ဆိုတဲ့ အဲဒီနေ့...
ဘလော့မှာ အမှတ်တမဲ့ ဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေ
အပြင်မှာ ဆုံခဲ့ရတဲ့ အဲဒီနေ့ဟာ..
“ကဗျာငိုတဲ့..ည”အဖြစ် ...
ငါတို့ရဲ့ရင်ထဲမှာ ထာဝရ အမှတ်တရ ရှိနေမှာပါ.....။

သဒ္ဓါလှိုင်း said...

ကဗျာလေးကိုဖတ်သွားပါတယ်..။လွမ်းစရာလေးပဲမမိုး..

ခင်တဲ့
သဒ္ဓါ

ညလင်းအိမ် said...

သတိရတယ် အစ်မရေ ...

ဒီကဗျာတောင် တလပြည့်ပြီနော် ...

နောက်လည်း အတူတူ ဆုံတွေ့ပြီး ကဗျာတွေ သီကုံးချင်ပါတယ် ..

နေ၀သန် said...

ဒီကဗျာလေး ကိုတူးဆီမှာတွေ့လိုက်တယ်..... အတူတူရေးထားကြတာကိုး..း))).. ကဗျာလက်ရာတွေကတော့ လန်ထွက်နေတာပဲ


ခင်မင်တဲ့
နေ၀သန်

အရုပ်ကလေး said...

သိမ်သိမ်မွေ့မွေ့လေးပါပဲ ...
တစ်လတင်းတင်းပြည့်မှာ အဲဆိုင်ကို
ရောက်အောင်သွားမယ်လို့ အားခဲထားခဲ့တာ
အခုတာ့ .....

ခင်ခင်မင်မင်
idulize(အရုပ်ကလေး )

အနှိုင်းမဲ့ said...

ကဗျာတောင် ငိုတယ်ဆိုမှတော့....
လူတွေဆိုရင်တော့ ဒီနေ့ပြောမနေနဲ့နော့..။ :(

~ဏီလင်းညို~ said...

မမိုးရေ......
ဒီအိမ်မှာ ဂိတ်ဆုံးပဲ....ထပ်ဖတ်သွားတယ်....။
သူတို့ကိုပြောခဲ့သလိုပါပဲ.....။
ကဗျာလေး......ကောင်းတယ်....။
အသက်ဝင်တယ်......။
ခင်မင်မှုတွေ၊ ချစ်ခြင်းတရားတွေ အဓွန့်ရှည် တည်တန့်နိုင်ပါစေလို့ဗျာ.....။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ချော(အစိမ်းရောင်လွင်ပြင်) said...

စည်းလုံးခြင်းရဲ့ အင်အားလို့ ပြောရမယ်ထင်တယ်..
ရေးသူအားလုံး တောပါပေတယ်
အားကျမိပါ၏

ချော(အစိမ်းရောင်လွင်ပြင်) said...

စည်းလုံးခြင်းရဲ့ အင်အားလို့ ပြောရမယ်ထင်တယ်..
ရေးသူအားလုံး တောပါပေတယ်
အားကျမိပါ၏