မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 9 July 2010

သီးရွက်စုံသုပ် နဲ့ သလဲသီးဖျော်ရည်

ဘိုစားပဲသီး၊ ခါဂျက်ဥ၊ ရေပြောင်းဖူး နဲ့ မုန်လာဖြူထုပ်တွေကို မိုင်ရောနစ်နဲ့ သုပ်ဖို့ပြင်ထားတာ


သီးရွက်စုံသုပ်

သလဲသီးဖျော်ရည်


နေမကောင်းတာနဲ့ ဆရာဝန်က အသီးရွက်များများစားပေးဆိုလို့... စားချင်တာလေးကို ကျမ...ချစ်ချစ်ကြီးက ကိုယ်တိုင်လုပ်ပေးထားတာ...။ သူပြန်ရောက်စက Park Royal မှာ မိသားစုလိုက် ဘူဖေးသွားစားကြတယ်...။ အစုံပဲ အန္ဒိယစာ၊ အီတလီစာ၊ တရုတ်စာ၊ ဟော့ပေါ့နဲ့ ဘာဘီကျူးလဲ ပါသေးတယ်...။ တစ်ယောက်ကို ဆယ့်ခြောက်ကျပ်တဲ့...။ သူက သူ့ကုမ္ပဏီက ဧည့်သည်ကိုကျွေးနေကျမို့ contract လုပ်ထားတော့ တစ်ယောက်ကို ဆယ့်လေးကျပ်ပဲကျတယ်...။ ကျမကတော့ အီတလျံစာပိုကြိုက်တယ်...။ အမဲသားစတိတ်ကလဲကောင်းမှကောင်းပဲ ချီးစ်များများနဲ့နှပ်ထားတာ...။ ပင်လယ်စာတွေအစုံစားလိုက်တယ် သံလွင်ဆီနဲ့အရွက်စုံရယ် ပါစတာရယ်ဆလပ်လုပ်ထားတာလေးလဲကောင်းတယ်...။ အီတာလျံစွပ်တော့ အီလို့မသောက်တော့ဘူး ။ အမဲသား ပင်လယ်စာနဲ့ အရွက်စုံ ဟော့ပေါ့ စားလိုက်တယ်...။ နာလန်ထခါစမို့ စားရတာခံတွင်းတွေ့နေတာပေါ့....။ ဒါနဲ့ မောင်ရယ်... ဒါမျိုးအစာက သဲနဲ့တည့်တယ် နေ့တိုင်းစားရရင် သိပ်ကောင်းမှာပဲနော်လို့ပြောတော့... အင်း...ညည်းရောဂါကလဲ သဌေးရောဂါပါလားတဲ့...။ အဲဒါကြောင့် ကျမကို ခုလို အိမ်ဖြစ် အီတလျံစာလေး ကိုယ်တိုင်လုပ်ပေးတာဆိုပါတော့...။ တကယ်တမ်း ခုလိုဆလပ်သုပ်က ရုရှားသုပ်ကပိုကောင်းတာ...ပြောင်းဖူးစေ့ ခါဂျက်ဥ ပဲစိမ်းလုံး သံလွင်သီးနဲ့ သံလွင်ဆီတွေကို မိုင်ရောနစ်နဲ့ ရောမွှေလိုက်... ကောင်းမှကောင်းပဲ...။

အဲဒီညနေစာစားတဲ့ နေ့က အဖြစ်ပျက်တစ်ခုကိုပြောပြရဦးမယ်...။ ကျမတို့ အနောက်ဘက်ခပ် လှမ်းလှမ်းတစ်ဝိုင်းမှာ ဥရောပဘက်ကထင်တယ် မိသားစုတစ်စုလာစားကြတယ် ကလေးလေးယောက်ပါတယ်....။ အငယ်ဆုံးသမီးလေးက သားနဲ့ရွယ်တူလောက်ပဲ ရှိမှာ နှစ်နှစ်ကျော်ကျော် အရွယ်ပေါ့...။ ကလေးတို့ထုံးစံပေါ့ ဟိုလျှောက်ပြေး ဒီလျှောက်ပြေးနဲ့ အချိုပွဲရှိတဲ့ ၀ိုင်းနား ရစ်သ်ီသီနဲ့ပေါ့...။ ရေခဲမုန့်ကိုသွားချောင်းလိုက်...။ ကိတ်မုန့်ခွက်လေးတွေကိုသွားယူလိုက်နဲ့လုပ်နေကြတာ...။ ကလေးမလေးက ချစ်စရာလေးပဲ ဆံပင်ခွေခွေ ပါးဖေါင်းဖေါင်းလေးနဲ့...။ ကျမတို့စားသောက်ပြီ Toilet ထဲဝင်တော့ အဲဒီသားအမိနဲ့တွေ့ပါတယ်....။ ကလေးမလေးကိုချစ်လို့ ကျမက ပါးလေးသွားတို့တော့ သူ့အမေက ကလေးကိုချက်ချင်းချီလိုက်ပြီး ဘေစင်မှာ မျက်နှာသစ်ပေးလိုက်တယ်...။ ကျမစိတ်ထဲ တော်တော်အောင့် သက်သက်ဖြစ်သွားတယ်...။ ဒါပေမယ့် ဖြည့်တွေးပေးလိုက်ပါတယ်...။ ခုခေတ်ခါမှာ ရောဂါပေါင်းစုံ ဗိုင်းရစ်ပေါင်းစုံနေတော့ မိခင်တစ်ယောက်အနေနဲ့ သူ့သားသမီးအတွက် စိုးရိမ်မိသွားတာ... ကျမကိုယ်ချင်းစာ လိုက်ပါတယ်...။ သူတို့အနောက်တိုင်းသူတွေကတော့ ကျမတို့လို အာနာမှုဆိုတာမှမရှိဘဲ....။ သားလေးကလဲ ကလေးမလေးကိုသွားကိုင်မယ် လုပ်တုန်း ကျမဆွဲပွေ့ပြီး အပြင်ထွက်လာလိုက်တော့တယ်...။

မိုးငွေ့

9 comments:

အနှိုင်းမဲ့ said...

သြော်...သားလေးရောပါသွားတာလား...
သားလေးကိုတောင်မတွေ့ရတာကြာပြီ..။
ကလေးကနေရောကောင်းရဲ့လား...။
မိခင်တစ်ယောက်စိတ်နဲ့ကိုယ်ချင်းစာပေးလိုက်တာ
ကောင်းတာပေါ့...။ :)

~ဏီလင်းညို~ said...

မမိုးကြီး.......

သားသားလေးရှိတယ်လား......
မရဘူး.......
ပုံလေးတင်ပေး......။
ဏီဏီတော့ အားကြီးကြည့်ချင်တာပဲဗျာ.......။
ကလေးတွေဆို သိပ်အပြစ်ကင်းလွန်းလို့ ......။
ဏီဏီတို့နဲ့ အများကြီးကွာသွားပြီလေ......။

တင်နော်ဗျ.......။
ဒါပဲ..
အားကြီးကြည့်ချင်တယ်.......။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

ချော(အစိမ်းရောင်လွင်ပြင်) said...

အသီးအရွက်ကို မရိုးနိနဲ့သုပ်တာ စားကောင်းမဲ့ပုံဘဲနော်..အိမ်မှာ တစ်ပုလင်း ရှိနေတာ ဘယ်လိုလုပ်စားရမှန်းမသိဘူး
မမိုးလုပ်ပြထားတာ စားချင်စရာမို့ နောက်နေ့လုပ်စားကြည့်မယ်..
သလဲသီးဖျော်ရည်လဲ သောက်ဖူးဘူးရယ်..
မုန်လာဥနီဖျော်ရည်တော့ ကြိုက်တယ်..

blackroze said...

မကြီးမိုးငွေ့
သားသားပုံလေးတင်ပါလား..
မြင်ဖူးချင်လို့

ချစ်ကြည်အေး said...

ဒီလိုပဲ ညီမ မိုးငွေ့ရဲ့ သူတို့က သိတ် ဆန်းစတစဖ်ဖြစ်ကြတယ်၊ တချိန်လုံး လက်ဆေးနေကြတာမျိုး....

အနှိုင်းမဲ့ said...

ဟိ...ဟိ :P :P :P

ညလင်းအိမ် said...

စလာထဲက ကြော်ငြာ ၀င်တာပါပဲဗျာ ...း)

အဖြူရောင်နတ်သမီး said...

ဖြစ်တတ်ပါတယ်...မမိုးရေ...
နတ်သမီးက စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့သူဆိုတော့ အဲဒီလိုလူမျိုးတွေနဲ့ ပိုပြီးထိတွေ့ရတာပေါ့...။
သူတို့ဘက်ကကြည့်ရင်လည်း...မှန်သင့်သလောက် မှန်ပါတယ်..။
ဒီခေတ်ကြီးထဲမှာ..အမျိုးအမည် မတပ်ရသေးတဲ့ ရောဂါဆန်းတွေဟာ အချိန်နာရီပိုင်းအတွင်း ကူးဆက်ပြန့်နှုံ့တတ်တာမျိုးလေ...။
သားသမီးတွေကို ချစ်တဲ့ မိခင်တိုင်းရဲ့ စိုးရိမ်စိတ်မို့ ခွင့်လွှတ်နားလည်ပေးလိုက်ပါနော်....

khin oo may said...

တို့လဲသကြေားလုံးသွားပေးဘူးတယ် ဓါတ်လှေခါးထဲမှာ.. ချစ်လို့ကိုယ့်အိတ်ထဲမှာလဲပါလာနဲ့ သူ့အမေက ယူပြီးလွတ်ပစ်လိုက်တယ။်ဝမ်းနည်းသွားတယ်။အဲဒါနဲ့ အခု ချစ်ပေမဲ့ကြည့်ဘဲကြည့်နေတော့တယ်မထိရဲတော့ဘူး။