မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 5 July 2010

နတ်သမီး၊ ဘလော့ဂါလေးယောက်နဲ့ကဗျာည (စားမယ်ဝါးမယ်)

အသားကင်ပေါင်းစုံ

ဒါက သတ်သတ်လွတ်အသီးအရွက်တွေနဲ့ ရယ်ဒီမိတ်တွေ

မာလာဆန်ခေါက်ဆွဲ၊ အာလူး၊ခါဂျက်ဥ

အသားတု၊ ပဲလိပ်ခေါက်ဆွဲ၊ကြာရိုး၊ရေညှိ

မာလာဟင်းထဲထည့်မယ့် အရွက်တွေ

မာလာဟင်း

ငုံးဥ၊ တိုဖူးနဲ့ ပုဇွန်ရေညှိကင်


ကျမတို့ အဖြူရောင်နတ်သမီးရောက်တုန်းက အလုံက မစ္စတာဘာဘီကျူး အကင်ဆိုင်မှာ ဘလော့ဂါတွေနဲ့ဆုံကြတုန်း သွားစားကြတာ...။ အဲဒီညက အမှတ်တရဆိုပြီး နတ်သမီးက သူ့အော်တိုစာအုပ်လေးထုတ်... ကဗျာတစ်ယောက်တစ်ပိုဒ်ဆီ ရေးပေးလို့ပူဆာပါတယ်...။ ဒီလိုနဲ့ နတ်သမီးလေးက (လူလည်ကျပြီး) သူအရင်ဆုံးတစ်ပိုဒ်စရေးပါတယ် ကျန်တဲ့လေးယောက်က သူ့အလှည့်ကျနဲ့သူ နတ်သမီးစထားတဲ့ ကဗျာကို အဆက်စပ်ရှိအောင်လဲ စဉ်းစားပြီးရေးရသေးတယ်လေ...။ အကုန်တော်ကြတယ် ကဗျာကိုလက်တန်းရေးနိုင်ကြလို့လေ..(အဟဲ...ကိုယ့်ငါးချဉ်မှကိုယ်မချင်ဘယ်သူလာချဉ်မလဲ) ကဗျာပြီးတော့....တစ်ပုဒ်လုံး တစ်ယောက်နှစ်ပိုဒ်ဆီကျ ရေးဖြစ်သွားတယ်...။ ကဗျာလေးက တော်တော်ချစ်စရာကောင်းပါတယ် အမှတ်တရလဲဖြစ်တယ်...။ ငါးယောက်ထဲမှာ အသည်းကွဲသမားက သုံးယောက်လောက်ပါနေတယ်... အဲ.....မဟုတ်သေးဘူး လေးယောက်ဖြစ်မယ်ထင်တယ်... အဟဲ...ကျမတစ်ယောက်တည်း လွတ်တာဆိုပါတော့...။ အသည်းကွဲဖို့မှမလိုတော့တာနော်...။

သူငယ်ချင်းတွေ အထူးသဖြင့် နိုင်ငံရပ်ခြားရောက်နေတဲ့ ဘလော့ဂ်မောင်နှမတွေ အခွင့်ကြုံတုန်း ရေစက်ပါတုန်း ဆုံကြရတာ..။ နောက်ထပ်လဲ ပြန်ဆုံရမလားဆိုတာ သေချာဘယ်သူမှမသိနိုင်ပါဘူး...။ ဒါကြောင့် တွေ့တုန်းဆုံတုန်းပဲဖြစ်ဖြစ် ဝေးကွာသွားမယ့်သူပဲဖြစ်ဖြစ် ချစ်ချစ်ခင်ခင်လေးရှိကြတာဟာ မင်္ဂလာတစ်ပါးပါပဲ...။

မိုးငွေ့

12 comments:

~ဏီလင်းညို~ said...

မမိုးရေ.....

နတ်သာမီးအိမ်မှာတောင်တွေ့ခဲ့ပြီးပြီ......။
ဏီဏီကတော့.......ကျန်တာတွေဒီလောက်မမက်ဘူး......။ ပြောင်းဖူး..မီးဖုတ်ပဲစားချင်တာဗျ.....။
ဟွင်းးးးးးးးး

(သက်ပြင်းချသံဟူ၍ မှတ်ယူလေ..........း))

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

ညလင်းအိမ် said...

စားလို့ကောင်းလိုက်တာ ရှလွတ် :P

ကောင်းမှုကုသိုလ် လုပ်တာကျတော့ မေ့နေတယ် ..
တော်တော် ကောင်းတဲ့ အစ်မ ... :P

ချော(အစိမ်းရောင်လွင်ပြင်) said...

အကင်ရော မာလာဟင်းရော အားလုံးကြိုက်တယ်
စားချင်စရာ
တွေ့ဆုံပွဲလေးက ပျော်စရာဖြစ်မယ်ဆိုတာ တွေးကြည့်ယုံနဲ့ သိသာပါတယ်..
အားကျစရာပါဘဲ

blackroze said...

မကြီးမိုးငွေ့
ညီမပြန်လာရင်လဲလာတွေ့မယ်နော်...
စားစရာတွေ့တော့စားချင်လိုက်တာ...ဂလု

အဖြူရောင်နတ်သမီး said...

အဲဒီနေ့ကရေးတဲ့ ကဗျာ...နောက်တပတ်မှာ စုတင်ကြမှာလေ...။
နတ်သမီးတင်ထားပြီးတဲ့ကဗျာမဟုတ်သေးဘူး...
..........................................
ကဗျာတင်ဖို့ သူငယ်ချင်းတွေ ရက်ညှိရအုံးမယ်...

အရုပ်ကလေး said...

ဟုတ်ပါ့ ကိုတူးရာ .... ဘုရားသွားတာတော့ ထည့်မရေးဘူး ..
မေ့နေတာ အကြောင်းတော့ ရှိရမယ် .. သိတယ်ဟုတ်..
ပြန်သတိရတယ်... အခု အဲဆိုင်နားတောင် မသွားရဲဘူး ဖြစ်နေတယ် ..။။

ခင်ခင်မင်မင်
idulize(အရုပ်ကလေး)

thadarhline said...

အားလုံးစုစုဝေးဝေးမို့ပျော်စရာအချိန်လေးဖြစ်ခဲ့ကြ
မယ်နော်မမိုး..။ဒါနဲ့ဘာတွေကုသိုလ်ကောင်းမှုတွေ
လုပ်ခဲ့ကြလဲဟင်......

ခင်တဲ့
သဒ္ဓါ

မိုးငွေ့...... said...

ဆန္ဒတွေမစောနဲ့ အထူးဂရုပြု ဘူးသီးနုနုမခူးရ ဒါလေးတစ်ခုတော့ မှတ်သားစေချင်တယ်....အဲလေ..အဲလေ ယောင်သွားတယ် သားစိုးသီချင်းကြီး...ဒါက..။
အော်.... ဆန္ဒတွေမစောကြပါနဲ့ နောက်ပို့စ်မှာလာမယ်လေ...ကုသိုလ်ကောင်းမှုပြုတာလေးက..။

မိုးငွေ့

အနှိုင်းမဲ့ said...

ဟင်....ငါနောက်ဆုံးပါလား.. :(
စားမယ်ဝါးမယ်ဆိုတော့ ငါနောက်ကျပြီ.. :p
အမယ်..အရုပ်မ ဟိုတစ်နေ့ကတောင် နင့်ကို
Mr B.B.Q မှာတွေ့လိုက်သေးတယ်..ဘာ အဲဒီဆိုင်နားကိုတောင် မသွားရဲဘူးလဲ...
ညာပြောတယ်..ကြွက်တွင်းကြီး.. :P :P :P

ဧပရယ်လ်ပူး@ပူးတေ said...

စားချင်စရာတွေ... ဗိုက်ဆာနေတုန်း တွေ့လိုက်ရတာ မမိုးငွေ့ လူဆိုးကြီး... မစားရပဲ အမြင်နဲ့ပဲ နှိပ်စက်တယ်... ဂလု ဂလု...(တံတွေး မျိုချတဲ့ အသံက ကျယ်သွားတယ်...)
:)

လင်းခေတ်ဒီနို said...

မမိုးရေ ကဗျာကိုတင်လေဗျာ လုပ်ချလိုက်ပြန်ပြီ ဒီအဖွဲ့ကတော့း)) ကဗျာလေးပဲ ဖတ်ချင်တယ်

ကိုတူးရေ စားလို့ကောင်းမနေနဲ့ အနော်ပြန်လာလို့က တွေ့ပြီးမှတ်

ပြန်လာမှတော့ တွေ့မှာပေါ့ ဟိဟိ

အဖြူရောင်နတ်သမီး said...

ဟင်...
ဟုတ်လား...အရုပ်မ...
လိမ်တယ်ပေါ့...
အဲဒါကြောင့် ငါ..ပေးခဲ့တဲ့ “နာမည်”
နင်နဲ့လိုက်ပါတယ်ဆိုနေ...
ငါပြောလိုက်ရမလား...
ကဲ...သူငယ်ချင်းတို့ရေ...သိတယ်ဟုတ်..အရုပ်မရဲ့နာမည်သစ်ကို...
ဟိဟိ....မပြောရသေးဘူးနော်...