မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 1 July 2010

ချစ်သူ့လက်ဆောင်(၂)


ဂျူလိုင်လအစကို အကြွားကလေးနဲ့ဖွင့်လိုက်တယ်....။ နဲနဲဝါးနေတဲ့ပုံကတော့ မမကွန်စတိုင်ပေါ့(အဟီးး ကိုယ့်ဘာသာကိုယ်ဝါးအောင်ရိုက်ထားတာ မမကွန်ကိုဆွဲထည့်နေတယ်) ....။ ကျမတို့ဆီမှာက shopping ထွက်စရာပေါပေါလောလောမရှိလေတော့...ခုလို တခါတလေ လက်ဆောင်လေးရတုန်းပဲ ကြွားခွင့်ရှိတာ...။ ကျန်းမာရေးသိပ်မကောင်းလို့ အာရုံသိပ်စိုက်ရတဲ့ စာရေးတာကိုနားပြီး ခွင့်ခဏရတုန်းပြန်လာတဲ့ ကျမချစ်ချစ်ကြီးဆီက လက်တော့ပ်နဲ့ အိပ်ယာထဲမှာပုံတွေကိုတော့ ရအောင်တင်ထားတာ... အဟဲ.. ဒီရောဂါကပိုဆိုးတယ်...။ သူပွစိပွစိပြောတာတော့ နဲနဲခံရတာပေါ့...။ ယောက္ခမအိမ်မှာ အင်တာနက်ရတော့ ဇိမ်ပဲ အဆင်ကိုပြေလို့...။ စာမရေးရလဲ သူများအိမ်တော့ လျှောက်လည်ပစ်မယ်....။

မွေးနေ့တုန်းက သူပေးတဲ့လက်ဆောင် သလင်းဝါ လက်စွပ်နဲ့ ဆွဲသီး

ချစ်ချစ်နိုင်ငံခြားကပြန်လာလို့ဝယ်ခဲ့တာ gold plate ဖန်စီကြိုးလေး


ဒါလဲနိုင်ငံခြားက၀ယ်လာတဲ့သားရေပိုက်ဆံအိတ်

9 comments:

~ဏီလင်းညို~ said...

မမိုးရေ.......

အဲ့ဒါတွေအားလုံးဆင်ပြီးအပြင်ထွက်ရင်......တော်တော်မိုက်မှာပဲနော်.....။
ဖက်ရှင်မယ်တွေ ငိုချင်းချသွားမယ်.....။
အစ်ကိုကြီးကလည်း.....၀ယ်တတ်ပဗျား....း)

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

blackroze said...

မကြီးမိုးငွေ့ရေ....
ကိုဏီကြီးပြောသလိုဘဲအဲဒါလေးတွေဖတ်ပြီး
ဓါတ်ပုံလေးရိုက်..ဘလော့မှာတင်မကြီးရာ
မင်းသမီးတွေအရှုံးပေးရမှာသေချာတယ်..

ခင်တဲ့.........blackroze

အရုပ်ကလေး said...

အဲ ဆွဲကြိုးလေး ... ဆွဲကြိုးလေး .....
ပျော်မြူးနေတဲ့ စိတ် ...
တရိပ်ရိပ်နဲ့ ရွေ့နေတဲ့ တိမ်စိုင်လို ....

ခင်ခင်မင်မင်
IDULIZE(အရုပ်ကလေး)

အနှိုင်းမဲ့ said...

အင်းးးးပေါ့လေ..လက်စွပ်ချင်းက ကွာတာကိုးးး
စကာင်္ပူက ၀ယ်လာတဲ့ပစ္စည်းတွေကလဲ များလိုက်တာနော်ချစ်ချစ်ကြီးက..ချစ်လွန်းတော့..
ငါ့အမအတွက်ပျော်စရာပေါ့...အဲဒါကြောင့်လဲ
ဘလော့ဂ်ပေါ်တင်ပြီးကြွားတာပေါ့(ဟုတ်လား)..
နောက်ထပ် ချစ်သူ့လက်ဆောင် ၃တွေ ၄တွေလာအုံးမှာပေါ့နော်..
စိတ်ဝင်စားစရာပစ္စည်းလေးတွေမလို့ နောက်ထပ်တင်မယ့်လက်ဆောင်လေးတွေကိုလဲ မျှော်နေပါ့မယ်..အမရေ

ချစ်ကြည်အေး said...

ညီမမိုးငွေ့ ချစ်ချစ်က စလုံးလာသွားတယ်လား.... ပြောလည်းမပြောဘူး....။ အနဲဆုံးတော့ တွေ့ရတာပေါ့။

ကြွားတယ်ပဲဆိုဆို...ပီတိတွေ မျှဝေ ခံစားသွားပါ သတဲ့ရှင်....:))

thadarhline said...

အားကျသွားပါတယ်မမိုးရေ..။

ခင်တဲ့
သဒ္ဓါ

ဧပရယ်လ်ပူး@ပူးတေ said...

မမိုးငွေ့ချစ်တူကလဲ တူ့ချစ်တူအတွက်ပဲ လက်ဆောင်တွေ နိုင်ဂံဂျားက ဝယ်လာတယ်.. ဘလော့ဂါတွေအတွက်ကျတော့ ပါဘူးလားလို့... :D
မမိုးရေ အားကျစရာကောင်းလိုက်တာနော်...

အဖြူရောင်နတ်သမီး said...

အဲတော့...
ချစ်ချစ်ကြီးက “စ”ကလား...
သိပါဘူး.......ဟိ

သိဘူးနော်....ဟိဟိ...
တကယ်မသိပါဘူးဆိုနေ....ဟိဟိ...

လက်ဆောင်လေးတွေ လာငန်းသွားပါသည်...

khin oo may said...

လှတယ်။ သိတ်လှတယ်။