မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 14 June 2010

မိုးငွေ့ရဲ့ အပျင်းစားရိုက်ချက်


ခုတလော...စိတ်တွေကထွေနေတယ်...။ဘလော့ဂါသူငယ်ချင်းတွေကလည်း နိုင်ငံခြားကရောက်လာကြတယ်...။ တွေ့ဆုံပွဲလေးလုပ်လိုက်... စားကြသောက်ကြ ပျော်ပါတယ်....။ ပြီးခဲ့တဲ့တနင်္ဂနွေကို BAK က ဆိုင်ဘာကဖေးတစ်ခုမှာ ထပ်ချိန်းကြပြန်တယ်... ဆယ်ယောက်လောက်ရှိမယ် ထင်တယ်...။ လူများတော့ မသွားတော့ပါဘူး..။ ကိုယ်နဲ့ သိတဲ့သူ က တစ်ယောက်နှစ်ယောက်ရယ်...။ ကျမကအဲလိုပဲ သိပ်မရဲဘူး...။ တစ်ခါမှ မမြင်ဖူး အွန်လိုင်းမှာလဲ မခင်ဖူးတဲ့ တခြားဘလော့ဂါတွေကို သွားတွေ့သင့်မှာပါ...။ ဒါပေမယ့် သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ်မို့ မသွားလိုက်ဘူး...။ အဲဒီချိန် ကိုယ်က ရှေ့ဆောင်ရုံမှာ ညီမလေးနဲ့ Kites ဆိုတဲ့ အိန္ဒိယကားသွားကြည့်လိုက်တယ်..။မဆိုးပါဘူး ကားလေးက ကြည့်ကောင်းတယ်...။ ခါတိုင်းကားတွေလို ကလိုက်သီချင်းဆိုလိုက်မပါဘူး...။ လုံးဝ ရိုမန့် သန့်သန့်ကားလေး...။ မင်းသမီးက မက္ကဆီကန်မလေး ...ချောလိုက်တာဆိုတာမပြောနဲ့...။ အသားလေးက ညိုညက်နေတာပဲ...။ မိန်းကလေးဖြစ်ပြီး မင်းသားကိုတော့မငမ်းဘူးပြောကြမယ်...။ အမှန်တိုင်းပြောရရင်ကျမက ရုပ်ရှင်ကြည့်ရင်ဖြစ်ဖြစ် အပြင်မှာ လမ်းသွားလို့ဖြစ်ဖြစ်... မိန်းကလေးချောချောလှလှလေးတွေကို ပိုပြီးငေးမောကြည့်မိတယ်...။ ကံကောင်းလို့ ယောကျာင်္လျာ မဖြစ်တာနော်...။ အဲဒီကားမှာ မင်းသမီးလေးကို ကြိုက်လွန်းလို့ ကြည့်တောင်မ၀ပါဘူး...။ ဘလော့ဂ်အသစ်ကလေးတင်ချင်ပါတယ်...။ လိုင်းတွေက မရဘူးမဟုတ်ဘူး ရတယ်...။ ရုံးမှာက ဖရီးဒမ်းသုံးထားတော့ အိုကေနေတာပဲ...။ ရေးပြီးသားတွေလဲ နှစ်ပုဒ်သုံးပုဒ်လောက်ရှိပါတယ်...။ ဒါပေမယ့် မတင်ချင်သေးဘူးဖြစ်နေတယ်...။ တင်ဖို့ကို ဖီးလ်ကမလာသေးတာ...။ ခေါင်ခေါင့်ရဲ့ “ကမ္ဘာဖျက်မိုး”တင်ပြီးကတည်းက အဲဒီက ပုံလေးအတိုင်းပဲ ကျမ အပျင်းကြီးပြီး စားပွဲခုံမှာပဲ မှောက်အိပ်ချင်စိတ်ပေါက်ပေါက်နေမိတယ်....။ သူငယ်ချင်း ဘလော့ဂါတွေဆီ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လည်တယ်...။ ကွန်းမန့်တွေပေးတယ်...။ ကိုယ့်လဲ ကွန်းမန့်မက်သူကိုး... ကွန်းမန့်တစ်ခုတစ်ခုတွေ့ရ ဖတ်ရတိုင်း စာရေးရတာ အားကအလိုလိုပြည့်နေတာ...။ ဒါကို ကိုယ်ချင်းစာစွာနဲ့ သူများဆီလိုက်လည်ရင် တစ်ခုမကျန် လိုက်မန့်တာ...။ ဘာကို ရေးချင်နေမှန်းမသိ ...။ ယောက်ယက်ခတ်နေသလိုပဲ စိတ်တွေက...။ ဘာကိုလွမ်းနေမှန်းမသိ...။ တစ်ခါတစ်ခါ ဘာလုပ်ချင်နေမှန်းကိုမသိ....။ တော်ပြီ... မျက်လုံးအကိုက်ခံပြီးပဲ ခွေတွေတစ်ညလုံးထိုင်ကြည့်ပစ်မယ်...။ ညက လီဗြောင်ဟွန်းကား Iris ဆိုတဲ့ဇာတ်လမ်းတွဲလေးကြည့်တယ်...။ ခုမှ အပိုင်း ဆယ့်လေးလား ဒါပဲပြီးသေးတယ် ရှိတာက အပိုင်းနှစ်ဆယ်ကျော်တယ်....။ ဘောလုံးပွဲကလဲ ၀ါသနာတော့မပါပါဘူး...။ ကိုယ်နဲ့ တီဗီလုကြည့်ဖို့ရှိနေမလားကြည့်တော့...ညီမလေးကတခေါခေါနဲ့ အိပ်ပျော်နေပြီ...။ မနက်အလုပ်မှာ အိပ်ငိုက်တယ်...။ အာရုံပြောင်းပြီး ဟိုလုပ်ဒီလုပ်...။ ဈေးထဲ အကြွေးသွားကောက်...။ သူပေးပေးမပေးပေး တစ်နာရီခွဲလောက် ပေကပ်ပြီးထိုင်စောင့်တယ်...။ နောက်ဆုံးရုံးဆင်းခါနီ...ငါးနာရီမှာ ဘောက်ချာသုံးစောင်စာ ငွေရခဲ့တယ်...။ အမချစ်(ချစ်ကြည်အေး)ရဲ့ အထက်လူကြီး ဆိုတဲ့ ပို့စ်မှာလိုပဲ ကျမတို့သူဌေးကလဲ အကြွေးမရရင် သူ့ရှေ့တင် ဖုန်းဆက်ခိုင်းလွန်းလို့ မနက် ရုံးမလာခင်ကတည်းက အိမ်ကအထွက်မှာ ဘုရားရှိခိုးခဲ့တဲ့အထဲ အဲဒီအကြွေးရှင်တွေအတွက်ပါ မေတ္တာပို့ခဲ့ရတာ ခဏ...ခဏပေါ့...။ မဆီမဆိုင် မခင်ဦးမေ ခုတင်ထားတဲ. King and Queen ကိုဖတ်ပြီး အော်...အမကမှ Queen ဆိုဒ်ကုတင်လေးမှာ ကြပ်ကြပ်သပ်သပ်နဲ့ တိုးအိပ်မယ့်သူရှိသေးလို့ (ခုလိုတော့လဲချစ်သူကိုလွမ်းမိပါရဲ့) တလောက ကိုတူးပြန်ရောက်စက ၀ိုင်ကေကေမှာဆုံကြတော့ အနှိုင်းမဲ့လည်းပါတယ် ကျမတို့သုံးယောက် ကြေးအိုးသောက်ပြီး နောက်တစ်ဆိုင်ပြောင်းထိုင်တယ်... မြစံပယ်ဆိုတဲ့ဆိုင်မှာ နို့စိမ်းလက်ဘက်ရည်သောက်ကြတယ်...။ စကားပြောရင်း အနှိုင်းမဲ့ကို နောက်နောက်နေကြတာ...။ အဲဒီကောင်မလေးက နောက်လို့သိပ်ကောင်းတာ...။ သူ့နောက်ရင် မရယ်မပြုံးနဲ့ ရုပ်တည်ကြီးနဲ့ နေနေပြတာ ပိုအသဲယားပြီး နောက်ချင်လာရော....။ ကျမက နဂိုကမှ စတာ နောက်တာဝါသနာပါတော့... ကိုယ့်အတွက် နောက်စရာလူတိုးတာ သဘောကျမိရဲ့...။ ပျင်းလို့ ဘာတင်ရမှန်းမသိလို့ စာတွေ အကြောင်းအရာတွေကလည်း ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေပြီ...။ အော်... အဖြူရောင်နတ်သမီးနဲ့ကိုတူးတို့ကို စနေနေ့က အိမ်မှာ ထမင်းဖိတ်ကျွေးတော့ ဓါတ်ပုံရိုက်ထားပါတယ်...။ အဲဒါလေးတင်မလို့ ပိုက်ဆံအိပ်ထဲ ကဒ်ရီတာကိုကောက်ထည့်ပြီး ကင်မရာထဲက မန်မိုရီကဒ်ကျတော့ ထုတ်မလာခဲ့မိဘူး...။ အိမ်ပေါ်ပြန်တက်ယူဖို့ကလဲ ပျင်းနေတော့... ဆိုင်ရောက်တုန်း ရေးချင်တာ ထိုင်ရေးလိုက်တယ်...။ နတ်သမီးတော့ အပြစ်တင်တော့မယ်...။ သူက မမိုးပဲတင်လိုက်နော်ဆိုပြီး ပြောသွားတာ....။ ဒါတောင် ဒီဘလောက်စပေါ့ထဲ ၀င်ဖို့ ခက်ခက်ခဲခဲ ဖြစ်နေကြတာ မနက်ကမှ ပန်းခင်းလေးက အမတော်ရေ... ဒီပရောင်ဇီနံပါတ်လေးယူထားဆိုလို့ စာရွက်ကလေးနဲ့မှတ်ပြီး ပိုက်ဆံအိပ်ထဲထည့်ထားတာ..။ ခုဆိုင်ရောက်တော့ ဆိုင်ကကောင်လေးက အမရေ... ခါတိုင်းသုံးတဲ့ ပို့ကမရဘူးတဲ့..။ ရတယ် ငါ့မှာ နံပါတ်အသစ်ပါလာတယ် နင်လဲ ယူထားလိုက်ဆိုပြီးပေးလိုက်သေးတယ်...။ အဲဒါလေးထည့်ရိုက်ပြီးဖွင့်တော့ ဟော..ချောကနဲပဲ...ပွင့်သွားတယ်..။
ဒါနဲ့ ဒီပို့စ်လေးကို လျှောက်ရေးပစ်ခဲ့လိုက်တယ်..။ အေးရော...။


မိုးငွေ့

3 comments:

blackroze said...

မကြီးမိုးငွေ့ရဲ့..အပျင်းစားရိုက်ချက်ကို..
ကွန်ပြူတာရှေ့တွင်တဝါးဝါးသမ်းရင်း..
TVတွင်လာနေသောဘရာဇီးကိုပွဲကို
ခဏခဏလှမ်းကြည့်ရင်း...အပီအပြင်ခံစားဖတ်ရှု့
သွားပါသည်..ဟီးးဟီးး
မကြီးရေ..ညီမလဲအပျင်းတက်နေတာနဲ့
ဘာမှမရေးဖြစ်ဘူး..ရေးမယ်လို့စိတ်ထဲမှာ
ခံစားထားတွေတော့၃..၄..ခုလောက်ရှိတယ်
မေ၇းဖြစ်သေးတာ..မနက်ဖန်အလုပ်မှာညီမoff
ဒါပေမဲ့overtime တဲ့လေး(
မနေ့ကလဲမကြီးရာ..ကံကောင်းလို့
အီတလီလေးရှုံးတော့မလို့လေ...
မောင်မင်းကြီးသား..ဒီရော့ဆီ..ကယ်သွားတာ

သဒ္ဓါလှိုင်း said...

မမိုးရဲ့အပျင်းစားရိုက်ချက်ကို ဖတ်သွားပါတယ်..။
ဘယ်လိုပဲဖြစ်ဖြစ်ဖတ်လို့ကောင်းနေတာပါပဲ..

ခင်တဲ့
သဒ္ဓါ

khin oo may said...

ကောင်းလိုက်တာ. ရန်ကုန်မှာအဲသလိုနေနိုင်တော့သထိန်းပေါ့။