မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 12 February 2010

ညို



ဟိုး......တောင်ထိပ်မှာ
မိုးရိပ်ညိုညို့၊ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ၊ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို....

ဒါပါပဲကွယ်
ပုံပြင်ရယ်ထား၊ အိပ်မက်များလို
မေ့သွားနိုင်ရိုး၊ အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ်၊ သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ၊ မိုးသားမည်းညို
ပြိုမည့်အုံးအုံး၊ မိုးထစ်ချုန်းပြီ
နှလုံးသားတောင်ထိပ်က
အလွမ်းမိုးရိပ်တွေပါညို.....။

မောင်စိန်ဝင်း(ပုတီးကုန်း)

စာတွေ ကဗျာတွေချစ်တဲ့ ကျမကို ချစ်သူက သူကိုယ်တိုင်လက်ရေးလေးနဲ့ ကူးပေးခဲ့ဖူးတဲ့ ကဗျာလေးပါ...။ ကဗျာထဲမှာ ကျမနာမည်ပါနေလို့ပါတဲ့...။ စာပေ၀ါသနာပါတာ ကျမနဲ့မတူပေမယ့် ရုပ်ရှင်ကြိုက်တတ်တာခြင်း တော့တူပါတယ်...။

3 comments:

မိုးစက်အိမ် said...

အမှတ်တရလေးပေါ့ ကောင်းပါတယ်ဗျာ ခုလိုမျိုးလေး
တွေမြင်ရ ကြားရ တွေ့ ရတာ တကယ်ဝမ်းသာပါတယ်
အမရေ . . . :)

~ဏီလင်းညို~ said...

မမိုးရေ...
တစ်ကယ် အမှတ်တရလေးပဲဗျ...။
အစ်ကိုနဲ့ ချစ်သူများနေ့မှာပျော်ပါစေနော်...း)
မျက်ဝန်းထဲမှာမိုးရွာပြီညို.....
စိုးသူ အကယ်ဒမီရတဲ့ ရုပ်ရှင်ကားနဲ့တူတယ်နော်....မမိုး...း)
ဒါပေမယ့် ဏီဏီ ကြည့်ဖူးဘူးဗျ....း)
ခင်မင်တဲ့
ဏီလင်းညို

ညရဲ့ကောင်းကင် said...

ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေဗျာ..

ဆုတောင်းခဲ့ပါတယ်...