မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 17 February 2010

ကျွန်တော့်ခရီး


လွင့်မျှောဆဲ
ဘယ်ဆီဘယ်ဝယ်မှန်း မသိ

ကောင်းကင်ရေတံခွန်က ကျတဲ့
ရေတစ်စက်ပမာ

ထောက်ခနဲ ထောက်ခနဲ နဲ့

ငါ့ ရင်ဘတ်ထဲ နှင်းတွေခုန်ဆင်း
အေးချမ်းလိုက်လေခြင်း...။


အများကြီးတော့
မမျှော်လင့်ခဲ့ပါဘူးလို့
ဟစ်အော်နေပေမဲ့

ဘာမှမရှိခဲ့တော့
ဘာမှမရခဲ့ပါဘူးကွယ်

ဘ၀မှာ အသက် ၀၀ ရှုဖို့တောင်
ငါ့ဖို့
လေတွေ နဲ...နဲ....လာခဲ့ပြီ။

ငါဟာ မြက်ခင်းပြင်ပေါ့။
နင်းသွားစမ်းကွယ်

အားမနာ လျှာမကျိုး တံတွေးပါထွေးခဲ့...
ငါမတုန်လှုပ်
ပါဘူး
သဘာဝတရားရဲ့ မိုးရေစက်တွေ
ငါ့ကိုဆေးကြောပေးလိမ့်မယ်
ကိုယ့်ကိုကိုယ်တော့
ယုံယုံကြည်ကြည် နင်းခဲ့ပေါ့...။

လောဘတော့ရှိတာပေါ့...
ပုထုဇဉ်ပဲရှိသေးတာကိုး
ဒါပေမဲ့ မေတ္တာနဲ့ယှဉ်တဲ့ လောဘလေ
နင့်အတွက်ဆို ငါလေ... ငရဲမင်းနဲ့တောင် chatting ထိုင်ဖို့
ဝန်မလေးဘူး ဆိုတာသာ နင်သိခဲ့ရင်။

ငါ....တစ်ဖက်သတ် မဆန်ခဲ့ပါဘူး
နောက်ဆုံးအချီမှာတော့ ပွဲသိမ်းထိုးနက်ချက်တွေ
ငါ ပေးရက်နဲ့ နင်မှ လက်မခံခဲ့တာ
ဒီတော့ နင့်ဆီက ပွဲသိမ်းထိုးချက်တွေ ငါယူခဲ့တာပေါ့။

သွားတော့မယ်...ဟိုးအဝေးဆီသို့
ကျေးဖူးပြုပြီး ဘယ်လဲလို့ မမေးလိုက်ပါနဲ့
ငါ့ ခရီးကို ငါ တစ်ယောက်ကပဲ
ပို့ဆောင်ပါရစေ ကွာ။

Laithang

ကျမသူငယ်ချင်းတစ်ယောက်ပို့ပေးလိုက်တဲ့ ကဗျာလေးပါ...။


1 comment:

ညရဲ့ကောင်းကင် said...

ကောင်းလိုက်တဲ့ ကဗျာ...

ငရဲမင်းနဲ့တောင် chatting ထိုင်ရဲတဲ့ သတ္တိက မသေးဘူး...