မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 25 January 2010

နိုင်းနိုင်းစနေကိုကြွားဖို့...

လောလောလတ်လတ် အထိုးထိုးနေတဲ့ နိုင်းနိုင်းစနေအတွက် တင်ပေးလိုက်တာပါ...။ စနေ... စိတ်ဝင်စားမယ် ထင်တယ် ...ပုံလေးတွေကချစ်စရာလေးတွေ....။



ဒီကောင်လေးနဲ့ ကောင်မလေး စန္ဒယားတီးနေတဲ့ပုံလေးက စန္ဒယားခလုတ်ရယ် note book ရယ်က ထိုးရတာ ခက်တယ်...။ သံစဉ်လေးကိုနားထောင်ပြီး မြူးထူးနေတဲ့ ကြောင်ကလေးရဲ့ပုံ ပီပီပြင်ပြင်ပေါ်လာဖို့လဲ လက်ဝင်တယ်ဗျ...။ အဲ.........အကုန်လုံးလဲ လက်စသတ်လိုက်ရော...ပုံကလေးက တော်တော်ကြည့်ကောင်း ပြီးအသက်ဝင်နေတာ...။ ကျမတို့ ထမင်းစားခန်းမှာ ချိတ်ထားတဲ့ပုံလေးပေါ့...။

ဒီပုံလေးက ခွေးချစ်တတ်တဲ့ ကျမချစ်သူအတွက်ထိုးပေးထားတာ

သူငယ်ချင်း နန်းဖေါင်းထိုးပေးခဲ့တဲ့ပုံပါ...။ ဒီပုံကို မယ်ဆိုင်က ဆိုင်တစ်ခုမှာ ထိုးပြီးသား ဘောင်သွင်းပြီးသား အရုပ်ကို တစ်ခု ဘတ်ငွေသုံးထောင်ငါးရာရှိပါတယ်...။ မထိုးရသေးတာက ဘတ်နှစ်ရာ့ငါးဆယ်ထဲရယ်...။ ဒါကတော့ သူ့လက်ခကို တန်ဖိုးမြှင့်လိုက်တာဖြစ်ပါမယ်...။

ကျမ.....ပထမဦးဆုံးထိုးထားတဲ့ပုံလေး...။ ဒီပုံက ခေါင်းမှာဝေနေတဲ့ ပန်းတွေလိုက်ထိုးရတာ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်...။ ကျမအကြိုက်ဆုံးက ၀ဲနေတဲ့ ဆံနွယ်လေးတွေရယ် သက်ဝင်တောက်ပနေတဲ့ ညို့မျက်ဝန်းတစ်စုံရယ်ပဲ...။ ကျမအနှစ်သက်ဆုံးပုံလေးလဲဖြစ်တယ်...။

ဒီပုံလေးကျတော့ ပန်းကောက်တဲ့ ကလေးလေးရဲ့ ခြေထောက်နားက ပန်းပွင့်တွေကိုလိုက်ပုံဖော်ရတာ သိပ်ကိုအနုစိပ်တယ်...။ ပုံလေးကတော့ ကလေးကြိုက်ပုံလေးပေါ့..။

နိုင်းနိုင်စနေကပြောထားတယ် သူ့အထိုးထိုးတဲ့ပို့စလေးမှာလေ...။ တရုတ်မင်္ဂဆောင်တဲ့ မောင်နှံတစ်စုံပုံကို ထိုးတော့ သူ့မင်္ဂလာပွဲလေးအတွက် နိမိတ်ပုံလေးပဲလို့ သူ့အမကပြောခဲ့တယ်တဲ့...။ ကျမအတွက် ဒီမင်္ဂလာဆောင်တဲ့ စုံတွဲကတော့ ဘာနိမိတ်မှမဖတ်ခဲ့ပါဘူး...ဟီးး...။


Twin Hut for Chithu လို့ထိုးမှာကို ချည်ကုန်သွားလို့ Chit ပဲဖြစ်သွားတယ်...။ ချစ်သူအတွက် အမှတ်တရထိုးပေးခဲ့ဖူးတဲ့ ပုံကလေးပါ...။ ပုံတွေအားလုံးက လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက ကျမထိုးခဲ့တာပါ (နန်းဖေါင်းပုံကလွဲလို့)...။

ဒီအထိုးထိုးတဲ့ လက်မှုပညာလေးက ကိုးရီးယားကလာတာပါ...။ ကွန်ပျူတာဂရပ်ဖစ်ဒီဇိုင်းနဲ့ ချည်တွေကို ကဒ်မှာ နံပါတ်အစဉ်လိုက်လေးနဲ့ ပေးထားတာ...။ အ၀တ်စ တစ်ထည်ရယ် ချည်ရောင်စုံတွေရယ် အပ်တစ်ချောင်းရယ်ပါတယ်...။ ရိုးရိုးပုံကလေးတွေဆိုရင်တော့ ဘတ်တစ်ရာကျော်ကျော်ပဲပေးရတယ်...။ လူရုပ်ပုံဆိုရင်တော့ ဈေးနည်းနည်းကြီးတယ်...။ တရုတ်ကလာတဲ့ ပစ္စည်းကတော့ ပုံလေးတွေ သိပ်မလှဘူး...။ ကိုးရီးယား ဒီဇိုင်းလောက်မသပ်ရပ်ဘူး...။ ဘန်ကောက်မှာ ကိုယ့်ဓါတ်ပုံကိုပေးရင် ကွန်ပျူတာနဲ့ဒီဇိုင်းတစ်ခါတည်း ထုတ်ပေးတာရှိတယ်လို့ကြားဖူးတယ်...။ အဲဒါမျိုးဆိုရင်တော့ ပိုဈေးင်္ကြီးမယ်...။

ကဲ...မမစနေရေ...ထိုးလက်စလေးပြီးရင်လဲ တင်ပေးဦးနော်...ခုထိုးနေတာ ဗုဒ္ဓမြတ်စွာဘုရားပုံတော် မဟုတ်လား..။

မိုးငွေ့

8 comments:

နိုင်းနိုင်းစနေ said...

ချစ်စရာလေးတွေပါ မိုးငွေ့
ကျွန်မအစ်မလဲ ထိုးတာ ဆယ်နှစ်ကျော်နေပြီ
ကျွန်မထိုးတာ လပိုင်းပဲရှိသေးတယ်.. :P
ဒါပေမယ့် တစ်ခါထဲစွဲသွားတယ်လေ
ပုံလေးတွေ ပီပြင်လာရင် ထိုးရတာပိုအားရှိရော..
အခု ဘုရားပုံထိုးမပြီးသေးဘူး.. ကျွန်မနောက်ထပ် သုံးပုံထပ်ဝယ်ထားပြီ .. :D

ရိုမန်တစ်ဆန်ဆန် ပုံလေးတွေက အရမ်းအသက်ဝင်တယ်နော်.. မိုးငွေ့ဆက်ထိုးချင်ရင် ပြောနော်.. ကျွန်မရဲ့အစ်မက ဒီမှာဆိုင်ဖွင့်ထားတယ်လေ.. ကြုံတုန်းကြော်ငြာလိုက်တယ်.. :P

ခင်တဲ့
စနေ

ဧပရယ်လ်ပူး@ပူးတေ said...

ကြိုက်တယ် မိုးငွေ့ရေ... ထိုးကြည့်ချင်တယ်။ အင်္ဂလိပ်လို ဘယ်လိုခေါ်လဲဟင်။ အင်တာနက်မှာ ရှာကြည့်ချင်လို့။ နမူနာ မထိုးရသေးတဲ့ ဝယ်ခါစပုံစံလေး မြင်ဖူးချင်တယ်။ မနိုင်းနိုင်းနဲ့ မမိုးငွေ့ရေ အဆင်ပြေရင် ပူးတေဝယ်ချင်ပါတယ်။ မနိုင်းအစ်မ ဆိုင်ကဖြစ်ဖြစ်။ တခြားဘယ်မှာ ဝယ်လို့ရသေးလဲမသိဘူး။ ပြောပေးပါဦး။

မိုးငွေ့...... said...

ညီမလေးပူးတေကလဲ ရှာနေသေးတယ် အပေါ်မှာ ကြော်ငြာထားတယ်လေ...ရနိုင်မယ့်နေရာလေးကို..။
မထိုးခင်ပုံကတော့ အဖြူဝတ်စလေးထောင့်စလေးတစ်ခုရယ်..ပုံကြမ်းဒီဇိုင်းရယ်.. ရောင်စုံချည်လေးတွေရယ်ပါတယ်လေ...။ အစ်မအိမ်မှာပြန်ကြည့်လိုက်ဦးမယ် အဲဒီပုံထုတ်တဲ့ ကုမ္ပဏီလိပ်စာမှာ အီးမေးပါရင်ပေးမယ်နော်...။ ကျေးဇူးပါ လာလည်တဲ့အတွက်...။

ခင်မင်စွာဖြင့်
မိုးငွေ့

ညရဲ့ကောင်းကင် said...

ပုံလေးတွေက မိုက်တယ်နော်..
လက်ရာလည်းမြောက်တယ်...

MANORHARY said...

လက်ရာလေးတွေလာကြည့်သွားတယ်
အားကျစရာပါ။ အရင်ကတော့ တစ်ချောင်းထိုးတွေကို
pattern စုံနေအောင်ထိုးခဲ့ဖူးတယ်။ အဲဒါတော့ မထိုးဖူးဘူး။
စိတ်ဝင်စားပါတယ်။ အလှမ်းတော့ဝေးနေလိမ့်ဦးမယ်း))

mama said...

လို ချင်လိုက်တာ
အရမ်းဘဲ
မမ

mama said...

ဘယ်လိုဆက်သွယ်ရမလည်းဟင်
အရမ်းစိတ်ဝင်စားတယ်
အထိုးနဲ. ပတ်သက်တဲ.
ဆိုင် သို.မဟုတ် website သို.မဟုတ်
မှာလို.ရမယ်. တစ်ခုခုပေါ.နော်..
ရင်ထဲမှာ ထိုးချင်တဲ.ပုံလေးတစ်ပုံ
ရှိနေလို..ဟိဟိ
မမ

khin oo may said...

တော်လိုက်ကြတာ.