မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Sunday, 27 December 2009

နှလုံးသားတံတိုင်း


အဆုံးမရှိပေမယ့်
ခြေထောက်တွေ
စွမ်းအားရှိသလောက်

နေချင်ပေမယ့်
အကြောင်းအရာတွေ
ထောက်ပံ့သလောက်

ငြင်းဆန်နိုင်ပေမယ့်
ယုတ္တိဗေဒတွေ
လက်ခံသလောက်

လွတ်လပ်စွာနဲ့
အကျဉ်းချ
ရပ်လို့မရ
ဆိုင်းလို့မရ
ဆုံးအောင်ကရမယ်

GD(TG)

3 comments:

~ဏီလင်းညို~ said...

မမိုးရေ....
ဆက်ရန်ရှိသေးတဲ့ အကြောင်းလေးတွေနဲ့ဖွဲ့ထားတဲ့ကဗျာလေးကိုခံစားသွားတယ်ဗျာ...။
ခင်မင်တဲ့
ဏီလင်းညို

အနှိုင်းမဲ့ said...

ဟုတ်တယ်..အဆုံးထိ'က'ရမယ်

ညရဲ့ကောင်းကင် said...

ကဗျာလေးက တိုပြီး အဓိပ္ပါယ်ထိရောက်တယ် အစ်မမိုးငွေ့...
ဟုတ်တယ်..အဆုံးအထိတော့ ကကြရဦးမယ်လေ..