မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 4 September 2009

နတ်သမီးရဲ့အိမ်


နက်ပြာရောင်ကောင်းကင်ထက်
လင်းလက်နေတဲ့
ကြယ်မှုန်တွေအောက်
ငါရောက်ရှိလို့...လေပြေညှင်းတွေ
ငါ့၏မျက်နှာပေါ် သာယာဖြေညင်းစွာ

တိုးဝှေ့တိုက်ခတ်နေပါစေ..။
မြကတ္တီပါမြက်ခင်းစိမ်းထက်
လွတ်လပ်စွာနဲ့ ငါအိပ်စက်လို့

အေးမြတဲ့ ၀ိုးတ၀ါးလရောင်အောက်

ပိုးစုန်းကြူးလေးတွေ ငါ့ရဲနံဘေးမှာ

မှိန်တစ်လှည့် လင်းတစ်လှည့်နဲ့
ကြယ်ပျံလေးတွေလား
ထင်မှတ်မှားရအောင်
ပျော်မြူးနေကြပုံများ..
ငါမဖန်ဆင်းနို်င်သော
ပန်ချီကားတချပ်ရေးဆွဲထားသည့်နှ
ယ်..
နောက်ဆုံးတော့
ငါချစ်သောတောင်ကုန်းလေးပေါ်

ငါတစ်ယောက်ထဲပဲ

ည...ပန်းချီတစ်ချပ်ခံစားလို့
ကောင်းကင်ကြီးနဲ့ မျက်နှာချင်းဆု
ိင်
အလှပဆုံးတေးကဗျာတပုဒ်ကို

ငါ့နုတ်ခမ်းဖျားထက်မှာ

တိုးတိုးလေးပဲငြီးဆိုခဲ့တယ်....
.
ကောင်းကင်ကြီးရေ
မင်းရှိရာအနား
အနီးဆုံးအရပ်ကို
ငါအရောက်လာဖို့

ည..ပန်းချီတစ်ချပ်
ငါ့နှလုံးသားထဲ တစ်ပါတည်းထည့်လို

တောင်ပံဖြန့်ကျက်

ငါနားခိုရာအရပ်
လခြမ်းထက်သို့
ငါပျံသန်းခဲ့တော့မယ်.....။



ခုလို နတ်သမီးနေတဲ့အိမ် တစ်လုံးဖြစ်မြောက်လာဖို့ ...ကျမက အိမ်ပုံစံဆွဲပေးတဲ့သူ... အဲဒီအိမ်ပုံစံလေးကို အကောင်အထည်ဖော်တည်ဆောက်ပေးတဲ့သူကတော့ ညီမလေးမြတ်မွန်ပါ....။ ကျမတို့ နှစ်ယောက်အတူ အိုင်ဒီယာထုတ်ပြီး ဆောက်ထားတဲ့ နတ်သမီးရဲ့ အိမ်ပေါ့ဗျာ...။

ကျမကို ညီမ ဆုမြတ်မွန်က အမရယ်...ကဗျာတစ်ပုဒ် လောက်ရေးပေးပါလား အမက စာရေးကောင်းတာ ကဗျာ မရေးတတ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူးတဲ့...။ ရော်....တော်တော်ခက်တာပဲ ။ ကျမတကယ်ကြီးကို မရေးတတ်တာပါ ဆိုတာကို မယုံဘူးဖြစ်နေတယ်...။

ဒါနဲ့ပဲ သူနဲ့ ကျမစကားပြောရင်း ပိုးစုန်းကြူးလေးတွေ အကြောင်းဆီရောက်သွားပြီး ကျမကို စပြီး မေးပါတော့တယ်(ကုန်ကြမ်းယူတာပေါ့လေ) အမပိုးစုန်းကြူးလေးတွေကိုတွေ့ရင် ဘယ်လိုခံစားရလဲတဲ့...။ ကြယ်ပျံလေးတွေကို မြင်ရသလိုပဲမှတ်တယ် လို့ဖြေတော့ သူကပြုံးပါတယ်...။ အဲဒီချိန်မှာ ဘယ်နေရာမှာ ထိုင်ချင်သလဲလို့မေးပြန်ပါတယ်ဗျ...။ အင်း...မြက်ခင်းစိမ်းတွေရှိတဲ့ တောင်ကုန်းလေး ပြီးတော့ ကြယ်တွေ အပြည့်နဲ့ နက်ပြာရောင်ကောင်းကင် နောက်ခံညကလေးမှာပေါ့..။ လေပြေနဲ့အတူ ထိုင်ချင်လား နှင်းမှုန်နဲ့ အတူထိုင်ချင်လားတဲ့...။ ဟင့်အင်း........ကျမနှင်းတွေကိုကြောက်တယ် အေးတဲ့ ဒဏ်မခံနိုင်လို့ လေပြေနဲ့ အတူပဲရှိချင်တယ်..။ အဲဒီလို ကျမတို့အပြန်အလှန် မေးဖြေရင်းနဲ့ ကဗျာစပ်သိပ်တော်တဲ့ ညီမလေး မြတ်မွန်က ချက်ချင်းပဲ လက်တန်းရေးပေးနိုင်ပါတယ်...။ ဒါနဲ့ ဒီ နတ်သမီးရဲ့အိမ် ဖြစ်လာခဲ့တာပါ...။

ဒီလိုဆိုတော့ ဒီကဗျာပိုင်ရှင်ကဘယ်သူဖြစ်မလဲ ... ကျမက စကားလုံးတွေစိုက်ထုတ်တဲ့သူ မြတ်မွန်က အဲဒီစကားလုံးလေးတွေကို...လှပသွားအောင် စီခြယ်သီကုံးပေးတဲ့သူ...။ ကျမတို့ တစ်ယောက်တစ်ဝက်ပိုင်တဲ့ ကဗျာလေးလို့ပြောလို့ရပါတယ်....။

ဝမ်းသာပါတယ် ခုလို ကျမဘလောက်ကို အမြဲလာဖတ်ပြီး အားပေးနေတဲ့ ညီမလေးက ကျမကို ကူညီ ပေးသွားခဲ့တာ ...ကျေးဇူး အထူးပဲတင်ပါတယ် ညီမလေးမြတ်မွန်...။

4 comments:

myat said...

အခုလို အနူးညံ့ဆုံးစာသားလေးတွေကို အလှပဆုံး
ထုတ်ဖော်ပေးခဲ့တဲ့ မမိုးငွေ့ ကိုလဲ ကျေးဇူးများကြီးတင်ပါတယ်...။

angel said...

နတ်သမီးရဲ့ အိမ်လေးကို ခံစားသွားတယ်
စာသားလေးတွေ အရမ်းနူးညံ့တယ်



ခင်မင်စွာဖြင့်

ပန်းခင်းလေး

coralnyo said...

နတ်သမီးရဲ့အိမ်ကို နတ်သမီးလေး လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်

myat said...

နတ်သမီးအိမ်ကိုလွမ်းလာလို့...
ခေတ္တခဏ ပြန်လာလည်ပါတယ်။ :)