မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 12 May 2009

ကျမရဲ့အနာဂတ်လေးများ.....

အနန္တမေတ္တာရိပ်မွန်မှ ချင်းလူမျိုးဆရာမ ဒေါ်ငိုက်ဇာကျင်းနှင့် မိဘမဲ့ကလေးများ



ကျမဒီမိဘမဲ့ဂေဟာလေးနဲ့ စသိခဲ့တာ လွန်ခဲ့တဲ့နှစ် မေလလောက်ကပါ...။ အပေါ်ပုံကတော့ ကျမ ပထမဦးဆုံး အကြိမ် ပစ္စည်းသွားလှူတုန်းက မှတ်တမ်းတင် ရိုက်ခဲ့တဲ့ ပုံပါ...။ အဲဒီတုန်းက ကလေးတွေ အယောက် ၂၀ ကျော်လောက်ပဲရှိဦးမယ်...။ ကျမကငယ်စဉ်ကတည်းက အဖေဆုံးခဲ့တာကြောင့် မိဆုံဖဆုံမရှိတဲ့ သူဆို သိပ်ပြီး သနားတယ်..။ ကိုယ်ချင်းလည်းစာတယ်...။ အဲဒီနေ့က ကျမတို့ ဆန်၊ ဆီ၊ အာလူး၊ ကုလားပဲ၊ စာအုပ်၊ ခဲတံနဲ့ တခြားစားစရာမုန့်တွေအပြင် နီးစပ်ရာသူငယ်ချင်းတွေဆီက အလှူခံလို့ရလာတဲ့ အ၀တ်အစားဟောင်းတွေကို ဆရာမဒေါ်ငိုက်ဇာကျင်းဆီအပ်တော့ ဆရာမနဲ့ ကလေးတွေက ချင်းလိုဆုတောင်းပေးကြပါတယ်...။ သူတို့ရဲ့ ဆုတောင်းသံကိုကြားတော့ အလိုလိုနေရင် မျက်ရည်ကကျလာတယ်..။ လိုအပ်နေတဲ့ ကလေးလေးတွေ အတွက်ပေးဝေရတဲ့ ပီတိနဲ့ သနားခြင်းတို့ကြောင့် ကျရတဲ့မျက်ရည်တွေပါ...။

ဆရာမဒေါ်ငိုက်ဇာကျင်းက မုဆိုးမတစ်ယောက်ပါ ...။သူ့အမျိုးသားက ဆုံးသွားတာ သိပ်တောင်မကြာသေး ပါဘူး...။ ဒီမိဘမဲ့ဂေဟာ စဖြစ်လာပုံကတော့ ဆရာမချင်းပြည်နယ်က ပြောင်းလာတော့ ဒီမြောက်ဒဂုံက ခြံဝိုင်းတစ်ခုကိုငှားနေပါတယ်...။ သူမှာသားတစ်ယောက်ရှိပါတယ်...။ ပထမဦးဆုံးကလေးလေးနှစ်ယောက် စရောက်လာတာပါ...။ ဆရာမဆီမှာလဲ စားစရာ ဆန်ကနှစ်ဗူးပဲ ရှိတာတဲ့....။ ချင်းပြည်ကပါပဲ...။ အပေါ်ပုံက ဆရာမပိုက်ထားတဲ့ အကျီင်္ပန်းရောင်နဲ့ကလေးမရယ်၊ အရှေ့ဘက်တန်းက တီရှပ်အဖြူရောင် သနားခါး ပါးကွက်ကျားနဲ့ ကောင်လေးပါ..။သူတို့နှစ်ယောက်က မောင်နှမအရင်းတွေ...။ အမေကအငယ်မလေးကို မွေးပြီးပြီးချင်းဆုံးသွားတာ...။ အဖေနဲ့ပဲကြီးပြင်းခဲ့ရတာ...။ အဖေက တောထဲ ထင်းခုတ်သွားရင် သူတို့မောင်နှမနှစ်ယောက်ကို တောစပ်က သစ်ပင်အောက်မှာထားခဲ့တယ်...။ တစ်နေကုန် အစာငတ်ခံပြီး အဖေပြန်လာမှ ထမင်းစားကြရတယ်...။ အဲဒီလောက်ထိ ဆင်းရဲဒုက္ခရောက်ခဲ့ကြရတာ...။ အဲဒါနဲ့ဆရာမဆီရောက်လာတော့ အငယ်မလေးက နှစ်နှစ်သာသာ ရှိသေးတာ...။ ရောက်စက အကျင့်ပါနေလို့ထင်တယ်... အိမ်ထဲမှာမနေပဲ သစ်ပင်အောက်ပဲ သွားသွားထိုင်နေတယ်လို့ ဆရာမကပြောပြပါတယ်...။ အဲဒီနှစ်ယောက်ကနေ တခြားကလေးလေးတွေ ရောက်ရောက်လာကြရင်းက အနန္တရိပ်မွန်ဂေဟာလေးဟာ ခုဆိုရင် ကလေးတွေ အယောက်သုံးဆယ်ကျော်နဲ့ စည်ကားနေပါပြီ...။

ကျမတို့ကို ဒီဂေဟာလေးနဲ့ စပြီးမိတ်ဆက်ပေးခဲ့တာ MHR business သင်တန်းကျောင်းက ဆရာဦးအေးကျော်ပါ..။ ဆုံးသွားတဲ့ဆရာမရဲ့အမျိုးသားကလဲ ဆရာဆီမှာ သင်တန်းတက်ခဲ့ဖူးတဲ့သူပါ....။ ကျမလဲ ဆရာဆီမှာ short term သင်တန်းတက်ခဲ့ဖူးတော့ ဆရာက မြောက်ဒဂုံဘက်မှာ အရမ်းဆင်းရဲတဲ့ ချင်းမိဘမဲ့ကလေးတွေ ရှိတယ်တဲ့ သွားလှူချင်ရင် လှူကြပါဆိုပြီး လိပ်စာ ပေးလိုက်ပါတယ်။
အဲဒါနဲ့ ကျမတို့ရောက်သွားခဲ့တာပါ..။ အဲဒီနောက် နှစ်လတစ်ခါ သွားသွားလှူဖြစ်ပါတယ်...။ ကျမကဟိုးအရင် ကတည်းက တတ်နိုင်ရင် မိဘမဲ့ကလေးဂေဟာကိုဖွင့်ချင်ခဲ့တာပါ...။ စိတ်ကူးထားတာပေါ့ လူအိုရုံလဲဖွင့်ချင်တယ်..။ တစ်နေ့နေ့ပေါ့ ...။ ခုလောလောဆယ်တော့ တတ်နိုင်တလောက်လှူမယ် ..။ တခြားကိုလဲ လက်ဆင့်ကမ်းပေးမယ် ...။ အလှူခံပေးမယ်...။



ကျမနှင့်အနာဂတ်လေးများ


ဒီအပေါ်ပုံကတော့ အဝေးရောက်နေတဲ့ ကျမရဲ့သူငယ်ချင်းလေးတစ်ယောက်ရဲ့ ( ဒီဘလောက်ရဲ့ဖန်ဆင်းရှင်ပေါ့)
၂၃ နှစ်မြောက်မွေးနေ့အတွက်သွားလှူတုန်းက ပုံဖြစ်ပါတယ်...။ ၁၀လပိုင်း ၂၀၀၈ ကပါ...။ ကလေးဦးရေတောင် ထပ်တိုးလာပြီ..။ အယောက်၃၀ကျော်နေပြီ...။ မွေးနေ့ကိတ်နှစ်လုံးလုပ်ပေးလိုက်သေးတယ်...။ သူတို့လေးတွေက ကျမတို့လို အလှူရှင်ရှိမှ စားရမှာလေ...။ ဒါကြောင့်သူတို့တွေ မစားဖူးမယ် မုန့်မျိုးတွေကိုရွေးပြီးဝယ်လိုက်တာ..။


ဟန်နီလေးနှင့်သူငယ်ချင်းနန်းဟွမ် ကလေးတွေကိုမုန့်ဝေပေးနေပုံ

ကျမညီမ ဟန်နီလေး နိုင်ငံခြားမထွက်ခင် သူငယ်ချင်းတွေစုပြီး ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ မုန့် သွား လုပ်ကျွေး ချင်တယ် အဲဒါ မကြီးစီစဉ်ပေးပါဆိုလို့...။ ကျမကသူတို့ကို လွယ်ကူပြီး အလုပ်သိပ်မရှုပ်မယ့် ဟာမျိုးလဲဖြစ်တာကို စဥ်းစားပေးလိုက်တယ်...။ ခေါက်ဆွဲကြော်ကျွေးမယ်ပေါ့..။
ဒါနဲ့ သူတို့သူငယ်ချင်းတွေ ပိုက်ဆံကောက်ပြီးစုလိုက်တယ်...။ အချိုရည်ဗူးလှူချင်တဲ့သူကလဲ သူဘာသာသူဝယ်လာပေါ့...။ ကျမတို့ သွားလှူမယ့်မနက်စောစောမှာပဲ ကျမတို့ အိမ်နားက ကျွန်းတောဈေးမှာပဲ ခေါက်ဆွဲ နဲ့ တခြားလိုအပ်တာကိုဝယ်ကြပြီး လူကနည်းနည်းများတော့ ကားနှစ်စီးငှားပြီး သွားကြပါတယ်...။ ဟိုရောက်တော့ ကလေးတွေပျော်လိုက်ကြတာ...။ ဆရာမတို့လာကြတယ်လို့အော်ပြီးတော့လေ...။ ကျမတို့ကို သူတို့က ဆရာမလို့ခေါ်ကြတယ်လေ....။ ကျမတို့တွေ ခေါက်ဆွဲကြော်ဖို့ ဂေါ်ဖီလှီးသူကလှီး မီးမွေးသူကမွေးနဲ့ အလုပ်ရှုပ်တဲ့ အချိန်မှာ ကျမမောင်လေးက သူ့ဂီတာနဲ့ အရှေ့ခန်းမှာ ကလေးတွေကို သီချင်းနဲ့ဖျော်ဖြေပါတယ်....။ ခေါက်ဆွဲံ အချိန် တစ်ဆယ်ကို ၅အိုးလောက်ကြော်ခဲ့ရပါတယ်...။ ပျော်စရာလဲကောင်းပါတယ်...။ ဆရာမကတော့ သူဂေဟာမှာ ဒါမျိုးအလှူဘယ်သူမှ လာမလုပ်သေးဘူး တဲ့အကြောင်း၊ ကလေးတွေလည်း တော်တော်ပျော်ကြတယ် ဆိုတဲ့အကြောင်းပြောရှာပါတယ်...။

အဲဒီလိုကိုယ်တိုင်ကို်ယ်ကျ လာချက်ပြုတ်တော့မှ သူတို့တွေရဲ့ မီးဖိုချောင်လိုအပ်ချက်ကိုတွေ့လာတယ်...။ ဒါကြောင့် မီးဖိုချောင်အသုံးပစ္စည်းတွေထပ်လှူဖို့ ကျမစိတ်ကူးရလာတယ်...။ အဲဒီနေ့က ကျမတို့ရဲ့ ခေါက်ဆွဲကြော်ကို ကလေးတွေအားပေးလိုက်တာများ...နောက်ဆုံးအသားတွေမလောက်တော့လို့ ကြက်ဥပြေးဝယ်ပြီး ကျန်တဲ့နောက်ဆုံးခေါက်ဆွဲကို ကြက်ဥနဲ့ပဲ ကြော်ပေးလိုက်ရတယ်...။ အဲဒါလည်းကုန်တာပဲ..။
တကယ်အားရစရာပါ...။

အားလုံးစားပြီးကြတော့ အချိုတည်းဖို့မုန့်တွေဝေကြတယ်...။ ပြီးတော့ ကလေးတွေက ကျေှးဇူးတင်ကြောင်း သီချင်း၃ပုဒ်လောက်ဆိုပြတယ်...။ ဆေးကျောင်းကမောင်လေးတစ်ယောက်ပါ ပါလာတော့ ကလေးတွေရဲ့ ကျန်းမာရေးတွေပါမေးဖြစ်ကြတယ်...။ နားပြည်ယိုတဲ့ကလေးကို ဘယ်သူနဲ့ပြ ဘာဆေးစား စသဖြင့်ပေါ့...သူတို့တွေလဲ အရမ်းကိုကုသိုလ်ရပါတယ်...။ ဖြစ်ချင်တော့ ကလေးမွေးထားခါစအမျိုးသမီးကို သူ့ကလေးငယ်လေးပိုက်ထားတာတွေ့တော့ ဆရာမကိုမေးကြည့်တာ...။ ယောကျာင်္းက ထားပစ်သွားလို့ စားစရာ နေစရာမရှိတာနဲ့ သနားလို့ခေါ်ထားတာတဲ့..။ အဲဒီအမျိုးသမီးရဲ့အမေ အဒေါ်ကြီးတစ်ယောက်ပါပါသေးတယ်...။
ဒါနဲ့ ကလေးလေးကိုကြည့်တော့ မြတ်စွာဘုရား ကလေးတစ်ကိုယ်လုံးရ အဖုပိန့်တွေထွက်တာများ မြင်လို့တောင် မကောင်းပါဘူး...။ တကယ်အသည်းယားစရာပါ...။ သူတို့ကို ကလေးဘာဖြစ်တာလဲမေးကြည့်တော့ ယားနာပေါက်တာတဲ့...။ အဲဒါနဲ့ ဆရာဝန်မောင်လေးကို ကြည့်ခိုင်းတော့မှ ၀က်သက်ပေါက်တာတဲ့ဗျာ...။ ကဲ...ဒါဖြင့် ဆေးခန်းရောပြကြလားဆိုတော့...။ ပြစရာပိုက်ဆံမရှိဘူးတဲ့...။ ကျမတို့ ပိုက်ဆံစုပြီး တစ်သောင်းခွဲကို ကလေး ဆေးခန်းပြဖို့လှူလိုက်တော့ သူတို့အရမ်းဝမ်းသာသွားကြတယ်...။ သူတို့ကိုလဲ သေချာမှာခဲ့တယ် ဒီကလေးနဲ့ ပတ်သက်ပြီး တစ်ခုခုလိုအပ်လာတာရှိရင် ဆက်သွယ်ပါ ဆေးဖိုးဝါးခကို ကျမသူငယ်ချင်း တစ်ယောက်က သူတာဝန်ယူ ပါ့မယ်လို့ပြောပါတယ်...။ ၀မ်းသာစရာပေါ့...။

ဒီဘက်နှစ်စကစပြီး ကျမတိှု့ တစ်လကို ငါးသောင်းပုံမှန်လှူဖို့ ဆုံးဖြတ်လိုက်ပါတယ်...။ အလှူခံလို့ရတာနဲ့ လိုတာကိုဖြည့်ပြီး ငါးသောင်းကို တစ်လတစ်ခါ လာကောက်ခိုင်းထားပါတယ်...။ ကျမ သူငယ်ချင်း နှစ်ယောက် ကတော့ ပုံမှန် တစ်ယောက်တစ်သောင်းဆီ အလှူထည့်ပါတယ်....ကျန်တာတော့ ကျမစိုက်လှူပါတယ်...။ ဒီဘလောက်ကိုလာလည်တဲ့သူငယ်ချင်းတို့လည်း တတ်အားသမျှ လှူချင်ခဲ့ရင် အောက်မှာ လိပ်စာနဲ့ ဖုန်းနံပါတ်ကိုရေးပေးထားပါမယ်....။ တလောက အလှူငွေလာကောက်ရင်း အိမ်အသစ်ပြောင်းသွားပြီတဲ့..။ အိမ်ပိုင်ရသွားပြီတဲ့...။ ချင်းလူမျိုးအလှူရှင်တစ်ယောက်က အိမ်ဝယ်ပြီးလှူလိုက်တာ... အဲဒီအိမ်ကတော့ ခုအောက်မှာကျမရေးပေးထားတဲ့လိပ်စာနဲ့အိမ်ပဲဖြစ်ပါတယ်....။

အနန္တမေတ္တာရိပ်မွန်
အမှတ်(၁၉၄)၊ နဂါးနိုင်လမ်း၊ ၉ရပ်ကွက်၊
၇/၈ လမ်းဆုံ၊ မြောက်ဒဂုံ။
ဖုန်းနံပါတ် ၅၈၄၀၂၆


မိုးငွေ့ရေးသားအလှူခံပါသည်။

1 comment:

classical said...

ကျေးဇူးတင်ပါတယ် မမိုးငွေ့ ရေ.. အလှူအတွက်တစ်ကယ်ပဲ ပီတိ ဖြစ်ရပါတယ်ဗျာ။ ကျွန်တော်တို့ မြန်မာပြည်ကို ပြန်ရောက်တာနဲ့ သွားလှူပစ်မှာပါ။ အခုလိုပိုစ့်မျိုးလေးတွေ ရေးတင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ပျော်ရွင်ပါစေ..