မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 7 March 2009

သုညတစ်လုံးရဲ့ ငတ်မွတ်မှု


အလွမ်းတွေ စိမ်းလန်း

သောကတွေ ရင့်မှည့်ချိန်မှာ
ဒိုင်ယာရီထဲက
ဝေါဟာရရုပ်ကြွင်းတွေ
တူးဖော်ခဲ့သူ

စကြာဝဠာရဲ့တစ်နေရာမှာ
ပဲ့တင်ထပ်နေတဲ့
မင်းရဲ့ရယ်သံလွင်လွင်တွေအတွက်
ငါ့နှလုံးသားက
ထရန်စမစ်တာ တစ်လုံးဖြစ်ခဲ့

အနမ်းဆိုတာ
ပါးပြင်ပေါ်မှာပဲ
စိုက်ပျိုးလို့ ရသတဲ့
ငါ့ရဲ့ အနမ်းတွေကတော့
အပေါစား အရက်တွေထဲမှာပဲ
စိုက်ပျိုးခွင့်ရခဲ့တယ်......။ ။ သာဂဒိုး(တောင်ကြီး)

2 comments:

ညရဲ့ကောင်းကင် said...

ကဗျာလေးက မော်ဒန်ကျတယ်ဗျာ...
ရေးတဲ့သူ ခံစားချက်ကောင်းတယ်...
စကားလုံးတွေ ထပ်ဖြည့်နိုင်ရင် ပိုကောင်းသွားလိမ့်မယ်လို့ ထင်တယ်...

မိုးငွေ့ said...

ဟုတ်တယ် မောင်လေး ကဗျာမရေးတတ်ပေမယ့် အမလဲအဲဒီလိုခံစားမိတယ်
ကဗျာပိုင်ရှင်ကအဝေးရောက်နေတာ
သူ့ကဗျာတွေရှိသေးတယ် ထပ်တင်ပါဦးမယ်
ကျေးဇူးနော်