မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 7 March 2009

ဆည်းဆာရစ်သမ်


ခရမ်းရောင်လွင်ပြင်

ကြည်ရှရှ လေပြေထဲ
ကောင်မလေးရေ
မင်းရဲ့ ကိုယ်သင်းရနံ့ တွေတွဲခို....

ဆည်းဆာရောင်နဲ့ 
လိမ်းခြယ်ထားတဲ့
မင်းရဲ့ပါးပြင်တစ်စုံ
ပန်းရောင်စုံတွေ ဆွံအသွားတဲ့အထိ
"........"လှတယ်....

ကြည်ပြာရောင်နောက်ခံနဲ့ 
ဆည်းဆာကြယ်တွေ
မင်းမျက်ဝန်းထဲ
တစစီ..တစစီ လွှင့်ကွဲ

ကောင်မလေးရေ...
ဆည်းဆာလွန်တဲ့အခါ
မင်းရဲ့ ဆံနွယ်လေးတွေက
ငါ့အိမ်မက်ရဲ့
ရေသောက်မြစ်တွေဖြစ်လိမ့်မယ်....။ ။ သာဂဒိုး( တောင်ကြီး )

No comments: