- သမိုင်းသွင်အောင်ကျော်ကြားတဲ့"ပန်းသီး"အမည်နာမများ....,
ပန်းသီးရဲ့အစ - အာဒမ်နဲ့ ဧ၀ရဲ့စိတ် ခံစားမှုကို ပြောင်းလဲကုန်စေလို့ တားမြစ်ထားတဲ့ သစ်သီးအဖြစ် ပန်းသီးဟာ သမိုင်းမှာ နာမည်ကျော်ခဲ့ပါတယ်။
1967-68 - Beatles တေးဂီတအဖွဲ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ထုတ်လုပ်တဲ့ တေးထုတ်လုပ်ရေးအမည်က Apple Records ပါတဲ့..။
1977 - ရော့ဂီတသမားတွေနဲ့ ထင်ရှားကျော်ကြားသူတွေ နေ့ရောညပါ လာရောက်လေ့ရှိကြတဲ့ 1970 နှစ်များရဲ့ အကျော်ကြားဆုံး စတူဒီယိုကြီး Big Apple အမည်နဲ့
နယူးယောက်မှာ ပြန်လည်ဖွင့်လှစ်..။
1984 - ကွန်ပြူတာလောကကို တစ်ခေတ်ဆန်းစေတဲ့ နေ့တစ်နေ့ အဖြစ်1984 ဇန်န၀ါရီ 24ရက်နေ့ကို သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီနေ့မှာ Apple-Macintosh ကွန်ပြူတာ စတင်ထွက်ပေါ်လာခဲ့လို့ပါပဲ။
2004 - 2004 မေ 15 ရက်နေ့က အော်စကာဆုရ မင်းသမီး ဂွင်းနက်ပါထရိုဟာ သမီးဦးကလေးမွေးဖွားခဲ့ပြီး Apple လို့ပဲအမည်ပေးခဲ့ပါတယ်..။ နာမည်အပြည့်အစုံက Apple Blythe Alison Martin တဲ့..။
ပနုးသီးအကြောင်းပြောရမယ်ဆိုရင် ထူးဆန်းအံ့သြစရာတွေချည်းလို့ ပြောရမှာပါ။ ဥရောပမှာ ဥာဏ်သစ်လောင်းချိန် ( Renaissance ) ပန်းချီဆရာတွေက ပန်းသီးကို တားမြစ်ထားတဲ့ သစ်သီးအနေနဲ့ သရုပ်ဖော်ရေးဆွဲခဲ့ကြပါသတဲ့..။ အာဒမ်က ဒီပန်းသီးကို ကိုက်စားပြီး တားမြစ်ထားတဲ့စည်းကိုကျော်လိုက်တာကိုး..။ အဲဒီ အမှတ်အသားကိုယူလိုက်တာဖြစ်တယ်။
ပန်းသီးကို ဟိုးရှေးရှေး ဘိုးဘွားဘီဘင် လက်ထက်ကတည်းက တိတိကျကျဆိုရရင် ဆိုရရင် ဘီစီ 2000 ကတည်းက အာရှမိုင်းနားဒေသ ကော့ကေးဆပ်တောင်တန်းတွေမှာ စပြီးတွေ့ နေ စားနေကြပြီးလို့သိရပါတယ်..။ အဲဒီဒေသဆိုတာ နာမည်ကျော် ရာဇ၀င်ပါ ဧဒင်ဥယျာဉ်နဲ့ အင်မတန်နီးကပ်တဲ့ ဒေသပါ.။ ကိုက်စားလိုက်ရင် ကျွတ်ကျွတ်မြည်ပြီး အရသာထူးခြားလှတဲ့ ဒီပန်းသီးဟာ မူရင်းဒေသကနေ မြေထဲပင်လယ်တ၀ိုက်ကို ပြန့်နှံ့သွားခဲ့ပါတယ်။ ပန်းသီးရဲ့ ထူးကဲတဲ့ အဆင်းနဲ့ ထူးခြားတဲ့ အရသာကြောင့် သူဌေးသူကြွယ်တွေရဲ့ စားဖွယ်ရာ အဖြစ်လည်း နေရာပေးခဲ့ကြတယ်လို့ ဆိုပါတယ်..။
ဒီကနေ့ကာလမှာတော့ ပန်းသီးဆိုတာ အထက်တန်းစားတွေရဲ့ စားဖွယ်ရာလည်း မဟုတ်တော့ပါ..။ တားမြစ်သစ်သီးလို့လဲ မဆိုနိုင်တော့ပါ.။ အများသူငါ စားသုံးနေကြတဲ့ သစ်သီးတစ်မျိုးဖြစ်လို့နေပါပြီ..။ ပန်းသီးရဲ့ ထူးကဲတဲ့ အဟာရဓါတ်ကြွယ်ဝမှုက အအေးမိ၊ ဖျားနာရေဂါကာကွယ်တယ်၊ ပုံမှန်စားသုံးပေးရင် နာတာရှည်ရောဂါမျိုးတွေ၊ ကင်ဆာလိုရောဂါမျိုးတွေကိုတောင် တားဆီးနိုင်ပါသတဲ့..။
ပန်းသီးကို အမျိုးမျိုးစီမံပြီး စားသောက်ဖွယ်ရာတွေ အဖြစ်လည်း ထုတ်လုပ်နေကြပါပြီ။ ပန်းသီးပါတဲ့ကိတ်၊ ပန်းသီးမုန့်ကြွပ်ကြွပ်ရွရွ၊ ပန်းသီးဖျော်ရည်၊ အရေပြားအလှအပကို အားပေးတဲ့ အလှကုန်ပစ္စည်း၊ သွားရဲ့ကြွေသွားကို ဖြူဖွေးတောက်ပနေအောင် အားပေးတဲ့အရာ စသဖြင့် တစ်ပုံတပင် မြင်တွေ့နေရပြီး ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
နာမည်ကျော်ပန်းသီးရွေးမယ်ဆိုရင်
ကမ္ဘာပေါ်မှာ ပန်းသီးအမျိုးပေါင်း 2500 ကျော်တောင်ရှိပါသတဲ့..။ အခုအလွယ်တကူ ၀ယ်လို့ရနိုင်တဲ့ ပန်းသီး 4မျိုးကို ဖော်ပြပေးလိုက်ပါတယ်..။
ရွှေရသာ ( Golden Delicious )
ဒီပန်းသီးမျိုးဟာ အရသာသိပ်ချိုတယ်။ မုန့်တွေမှာ ပန်းသီးအရသာကို ထည့်ရင် ဒီပန်းသီးမျိုးကို သုံးကြတယ်..။ ဒါ့အပြင် ပန်းသီးထည့်ချက်တဲ့ ဟင်းအမယ်တိုင်းမှာလည်း ဒီပန်းသီးကိုပဲ သုံးကြပါတယ်..။
ဖူဂျီ ( Fuji )
ဖူဂျီသီးကတော့ ခပ်ဆန်းဆန်းပါပဲ။ သူ့ အရသာကချိုပေမယ့် စပ်တဲ့အရသာလည်း ပါဝင်နေတယ်..။ သူ့ကိုတော့ လတ်လတ်ဆတ်ဆတ် ခူးပြီး စားလေ့ရှိကြတယ်..။
ပြီးတော့ သူက ပန်းသီးချဉ် ( Apple sauce ) လုပ်လို့ အကောင်းဆုံးအမျိုးအစားပါတဲ့..။
ပွဲဝင်တဲ့ ပန်းသီး ( Gala )
ဒီပန်းသီး ပုံစံက အသည်းနှလုံးပုံစံလို ထိပ်ကချိုင့်နေပြီး အောက်ခြေမှာနည်းနည်း ရှူးသွားပါတယ်..။ အရောင်က လိမ္မောပေါ်မှာ အနီစင်း အနီစက်ကလေးတွေ ပါတတ်ပါတယ်..။ သူကလည်း Salad လုပ်ရာမှာရော၊ မုန့်ဖုတ်ရာမှာရော apple sauce လုပ်ရာမှာ အကောင်းဆုံးအမျိုးအစားပါ..။
ဂရမ်းနီစမစ်ပန်းသီးစိမ်း ( Granny Smith )
အစိမ်းရောင်ရှိတဲ့ ပန်းသီးပါ..။ ရေငတ်ပြေစေတဲ့ ဓါတ်ရှိပါတယ်..။ ဒါကြောင့်စားသုံးသူများ နှစ်သက်တဲ့ စားဖွယ်တစ်ခု ဖြစ်နေပါတယ်..။ ပန်းသီး Pie လုပ်စားရာမှာပဲဖြစ်ဖြစ် salad လုပ်ရာမှာပဲဖြစ်ဖြစ် သူ့ကိုလည်း လူကြိုက်များပါတယ်။
Nutritional facts
Calories 72
Total Fat 0g
Protein 0g
Cholesterol 0mg
Sodium 1mg
Carbohydrate 1g